မန္တလေးတိုင်းက အကျဥ်းသား/သူ (၁၂၃၈)ယောက် လွတ်ငြိမ်းသက်သာခွင့်ရ

ဇန်နဝါရီ ၄-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးတိုင်းက အကျဥ်းကျနေသူ (၁၂၃၈)ယောက်ဟာ ဒီကနေ့ ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့မှာ လွတ်ငြိမ်းသက်သာခွင့် ရခဲ့ပြီး အိုးဘိုအကျဥ်းထောင်က အမျိုးသား ၅၉၂ယောက်၊ အမျိုးသမီး၈၄ ယောက် စုစုပေါင်း ၆၅၆ ယောက်၊ တခြားအကျဥ်းထောင်တွေက အမျိုးသား ၁၀၆၉ ယောက်၊ အမျိုးသမီး ၁၆၉ ယောက်၊ အလုပ်ကြမ်းစခန်းတွေက အမျိုးသား ၁၂၃ ယောက်၊ အမျိုးသမီး၂၄ယောက်တို့ လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့ သိရပါတယ်။

ဒီကနေ့ အိုးဘိုထောင်ကလွတ်မြောက်လာတဲ့အထဲမှာ နိုင်ငံရေးအကျဥ်းသား ကိုအောင်မှိုင်ဆန်း၊ ကိုညီကျော် နဲ့ ဒေါက်တာအောင်နိုင်စိုးတို့အပါအဝင် အခြားသူတွေလည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အိုးဘိုအကျဥ်းထောင် #လွတ်ငြိမ်းသက်သာ

Related posts

✕
VOM News

FREE
VIEW