အိုးဘိုအကျဥ်းထောင်ကနေ အကျဥ်းသား/သူ (၆၇၆)ယောက် လွတ်ငြိမ်းသက်သာခွင့်ရ

ဇန်နဝါရီ ၄-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့ အိုးဘိုအကျဥ်းထောင်ကနေ အကျဥ်းသား/သူ (၆၇၆)ယောက် ဒီကနေ့မှာ လွတ်ငြိမ်းသက်သာခွင့်နဲ့ လွတ်မြောက်ခဲ့ပြီး အဲ့ဒီအထဲမှာ နိုင်ငံရေးအကျဥ်းသား ကိုအောင်မှိုင်ဆန်း၊ ကိုညီကျော် နဲ့ ဒေါက်တာအောင်နိုင်စိုးတို့အပါအဝင် အခြားသူတွေလည်း လွတ်မြောက်လာတယ်လို့ သိရပါတယ်။

တနိုင်ငံလုံးအတိုင်းအတာနဲ့ အကျဥ်းသား/သူ (၇၀၁၂)ယောက် လွတ်ငြိမ်းသက်သာရခဲ့ပြီး မန္တလေးတိုင်းအနေနဲ့ အကျဥ်းကျနေသူ (၁၂၃၈)ယောက် လွတ်ငြိမ်းသက်သာရခဲ့ကာ အိုးဘိုအကျဥ်းထောင်က အမျိုးသား ၅၉၂ယောက်၊ အမျိုးသမီး၈၄ ယောက် စုစုပေါင်း ၆၇၆ ယောက်၊ တခြားအကျဥ်းထောင်တွေက အမျိုးသား ၁၀၆၉ ယောက်၊ အမျိုးသမီး ၁၆၉ ယောက်၊ အလုပ်ကြမ်းစခန်းတွေက အမျိုးသား ၁၂၃ ယောက်၊ အမျိုးသမီး၂၄ယောက်တို့ လွတ်ငြိမ်းသက်သာခွင့်ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မန္တလေး #အိုးဘိုအကျဥ်းထောင် #လွတ်ငြိမ်းသက်သာ

Related posts

Leave a Comment

VOM News

FREE
VIEW