ဒီပဲယင်းကွဲရွာမှာ လူနေအိမ် တစ်ရာနီးပါး မီးရှို့ခံရပြီး ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ဦး ပစ်သတ်ခံရ

ဇန္နဝါရီ ၊ ၆ ၊ ၂၀၂၃
SP (VOM)

စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဒီပဲယင်းကွဲကျေးရွာမှာ ၊ ဒီကနေ့ မနက် ၅ နာရီ ဝန်းကျင်က ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ယောက် ပစ်သတ်ခံရပြီး ရွာထဲက လူနေအိမ် တစ်ရာ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။

.” ဒီပဲယင်းကွဲကျေးရွာက ရွှေဂူကျောင်းတိုက်မှာ ခေတ္တသီးတင်းသုံးနေတဲ့ စာချကိုယ်တော် အရှင်ဂန္ဓသာရ(သီတဂူ နာယကစာရင်းဝင်) ပစ်သတ်ခံရတယ် ၊ အဲ့ဒီအပြင် မခင်စုမွန်၊ ကိုဖိုးတုတ်နဲ့ ကိုမျိုးထွဋ်တို့ ၃ ဦးလည်း ပစ်သတ်ရိုက်နှက်ထားတယ် ၊ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အဲ့ဒီ ဒီပဲယင်းကွဲရွာဘက်ကို မနက်အစောပိုင်းက နယ်မြေရှင်းလင်းရေး စစ်ကြောင်းအဖွဲ့တွေနဲ့ ထိတွေ့ တိုက်ခိုက်တာတော့ ဖြစ်တယ်”လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီဖြစ်စဥ်နဲ့ပတ်သက်ပြီး စစ်ကိုင်းတိုင်း လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က” ဒီပဲယင်းကွဲကျေးရွာ ၊ ရွှေဂူကျောင်းတိုက်မှာ ပစ်သတ်ခံရတဲ့ ဘုန်းကြီးက မန္တလေးမြို့ ၊ မဟာမင်းဒင် ကျောင်းတိုက်က စာချဆရာတော် အရှင်ဂန္ဓသာရ ၊ သက်တော် ၄၀ ၊ ဝါတော် ၂၀ BAဗုဒ္ဓ ဖြစ်တယ် ၊ အဲ့ဒီအပြင် လူပုဂ္ဂိုလ် ၃ ယောက်လည်း ရိုက်နှက် ပစ်သတ်သွားတယ် ၊ ရွာထဲက အိမ်တွေ မီးရှို့ဖျက်ဆီးလို့ အိမ်ခြေ ၉၁ လုံး မီးလောင်ပျက်စီးတယ် “လို့ ပြောပါတယ်။

စစ်ကိုင်းတိုင်းထဲမှာ ပြီးခဲ့တဲ့ ၂၀၂၂ က ဘုန်းကြီး ၃၀ ကျော် သတ်ဖြတ်ခံရပြီး ကျေးရွာပေါင်း နှစ်ရာကျော် ၊ အိမ်ခြေ သုံးသောင်းနီးပါး မီးရှို့ဖျက်ဆီးခံရတယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #စစ်ကိုင်း #ဒီပဲယင်းကွဲကျေးရွာ #ဘုန်းကြီးတပါးနဲ့လူသုံးဦးပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW