ရုရှားသမ္မတပူတင်ရဲ့ အပစ်အခတ်ရပ်စဲရေးကမ်းလှမ်းချက် ယူကရိန်းပယ်ချ

မော်စကို၊ ဇန်နဝါရီ-၆-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ ဇန်နဝါရီ ၆ ရက်ကစပြီး ယူကရိန်းရှေ့တန်းစစ်မြေပြင်မှာ ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲဖို့ ကာကွယ်ရေး၀န်ကြီးကို အမိန့်ပေးလိုက်ပါတယ်။ ရုရှားစံတော်ချိန် ၁၂ နာရီမှာစတင်သက်၀င်မယ့် အဲဒီအပစ်အခတ်ရပ်စဲံရေးဟာ ရုရှားသြသိုဒေါ့ခရစ်စမတ်နဲ့ တိုက်ဆိုင်နေပါတယ်။ ပူတင်က သူ့ရဲ့အပစ်အခတ်ရပ်စဲရေးကို လက်ခံဖို့ယူကရိန်းကို တိုက်တွန်းခဲ့ပေမယ့် ယူကရိန်းဘက်ကတော့ ချက်ချင်းပယ်ချခဲ့ပါတယ်။ ဒီအပစ်အခတ်ရပ်စဲရေးဟာ ယူကရိန်းစစ်ဘက်ရဲ့အသာစီးရနေမှုကို ရပ်တန့်ဖို့ကြိုးစားမှုအဖြစ် ရြှု့မင်ကြောင်း ယူကရိန်းသမ္မတဇီလန်စကီးကပြောပါတယ်။ ရုရှားဟာ ဒီအပစ်အခတ်ရပ်စဲရေးကို ကာဗာလုပ်ပြီး အရှေ့ပိုင်းဒွန်ဘတ်စ်ဒေသမှာ ယူကရိန်းရဲ့ထိုးစစ်ကို ရပ်တန့်စေကာ ရုရှားတပ်တွေနဲ့ လက်နက်ကိရိယာတွေ ပိုမိုရွှေ့ပြောင်းဖို့ ဆန္ဒရှိနေတယ်လို့ သူကပြောပါတယ်။ ရုရှားဘက်ကတော့ ဒီအပစ်အခတ်ရပ်စဲရေးဟာ သြသိုဒေါ့ဘုရားကျောင်းအကြီးအကဲရဲ့ ပန်ကြားချက်အတိုင်း သမ္မတက အမိန့်ပေးခဲ့တာလို့ ဆိုပါတယ်။ ရုရှားသြသိုဒေါ့ ဘုရားကျောင်းအကြီးအကဲ Patriarch Kirill ဟာ ခရစ်စမတ်ကာလအတွက် အပစ်အခတ်ရပ်စဲရေးကို ယခင်ကတည်းက တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဂျူလီယန်ပြက္ခဒိန်အရ ရုရှားသြသိုဒေါ့ဘုရားကျောင်းဟာ ဇန်နဝါရီ…

Read More

ပခုက္ကူမြို့မှာ ဓားပြတိုက်နေတဲ့အချိန် အပြန်အလှန် ပစ်ကြလို့ ဓားပြ ၁ ဦး အသေဖမ်းမိ

ဇန်နဝါရီ ၆ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့ ၊ အမှတ် ၁၅ ရပ်ကွက် ၊ သပြေ ၄ လမ်းမှာ ဒီကနေ့ မနက် ၂ နာရီဝန်းကျင်က လုံခြုံရေးအဖွဲ့နဲ့ ဓားပြတိုက်နေသူတွေ အပြန်အလှန် ပစ်ခတ်ကြပြီး ဓားပြတယောက် အသေဖမ်းမိတယ်လို့ ပခုက္ကူမြို့ခံတွေဆီက သိရပါတယ်။ ” ၁၅ ရပ်ကွက် ၊ သပြေ ၄ လမ်းထဲက ဒေါ်မြင့်မြင့်ဌေး ရဲ့နေအိမ်ကို လူငယ် ၄ ယောက်က သေနတ် အတို ၁ လက် ဓားပြဝင်တိုက်တယ် ၊ အဲ့ဒီ အချိန်မှာ လုံခြုံရေးအဖွဲ့ရောက်လာပြီး ပစ်ခတ်တယ် ၊ ဓားပြ ၃ ယောက်က ထွက်ပြေးသွားပြီး ဓားပြ တယောက်က အသေဖမ်းမိတာ”လို့ ဒေသခံ တယောက်က…

Read More

မြောက်ကိုရီးယား နိုင်ငံခြားရေး၀န်ကြီးဟောင်း ရီယောင်ဟို သုတ်သင်ရှင်းလင်းခံခဲ့ရကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးပြော

ဆိုးလ်၊ ဇန်နဝါရီ-၆-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားနိုင်ငံခြားရေး၀န်ကြီးဟောင်း ရီယောင်ဟိုကို မြောက်ကိုရီးယားက သုတ်သင်ရှင်းလင်း လိုက်ပြီဖြစ်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးအဖွဲ့က ပြောပါတယ်။ ဇန်နဝါရီ ၅ ရက်ကပြုလုပ်တဲ့ ပါလီမန်ကော်မတီတံခါးပိတ်အစည်းအဝေးမှာ တောင်ကိုရီးယား အမျိုးသားထောက်လှမ်းရေးဌာနက အစီရင်ခံဆွေးနွေးမှုများပြုလုပ်ပြီးနောက် ဒီကိစ္စနဲ့ပတ်သက်ပြီး လွှတ်တော်အမတ်တွေက ထုတ်ဖော်ပြောတာဖြစ်ပါတယ်။ နိုင်ငံခြားရေး၀န်ကြီးဟောင်း ရီယောင်ဟိုဟာ မြောက်ကိုရီးယားရဲ့့ နျူကလီးယားအစီအစဉ်ဆိုင်ရာ ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲမှာ မြောက်ကိုရီးယားရဲ့ စေ့စပ်ညှိနှိုင်းရေးအကြီးအကဲအဖြစ် တာ၀န်ယူခဲ့ပါတယ်။ သူဟာ ၂၀၁၆ ခုနှစ်မှာ နိုင်ငံခြားရေး၀န်ကြီးဖြစ်လာခဲ့ပြီး မြောက်ကိုရီးယားနျူကလီးယားအရေးနဲ့ပတ်သက်ပြီး သမ္မတဒေါ်နယ်ထရန့်ရဲ့ အမေရိကန်အစိုးရနဲ့ စေ့စပ်ညှိနှိုင်းမှုတွေမှာလည်း ပါ၀င်ခဲ့ပါတယ်။ ရီယောင်ဟိုရဲ့နေရာမှာ နိုင်ငံခြားရေး၀န်ကြီးတဦးကို အစားထိုးခန့်အပ်လိုက်ကြောင်း ၂၀၂၀ ပြည့်နှစ်မှာ သတင်းထွက်ပေါ်ပြီးနောက်ပိုင်း သူဟာ လူမြင်ကွင်းကို ထွက်ပေါ်လာခြင်းမရှိဘဲ ပျောက်ကွယ်နေခဲ့ပါတယ်။ Ref: NHK #voiceofmyanmar #VOM #ဆိုးလ်

Read More

ဒီပဲယင်းကွဲရွာမှာ လူနေအိမ် တစ်ရာနီးပါး မီးရှို့ခံရပြီး ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ဦး ပစ်သတ်ခံရ

ဇန္နဝါရီ ၊ ၆ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ် ၊ ဒီပဲယင်းကွဲကျေးရွာမှာ ၊ ဒီကနေ့ မနက် ၅ နာရီ ဝန်းကျင်က ဘုန်းကြီး ၁ ပါး နဲ့ လူ ၃ ယောက် ပစ်သတ်ခံရပြီး ရွာထဲက လူနေအိမ် တစ်ရာ နီးပါး မီးရှို့ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ .” ဒီပဲယင်းကွဲကျေးရွာက ရွှေဂူကျောင်းတိုက်မှာ ခေတ္တသီးတင်းသုံးနေတဲ့ စာချကိုယ်တော် အရှင်ဂန္ဓသာရ(သီတဂူ နာယကစာရင်းဝင်) ပစ်သတ်ခံရတယ် ၊ အဲ့ဒီအပြင် မခင်စုမွန်၊ ကိုဖိုးတုတ်နဲ့ ကိုမျိုးထွဋ်တို့ ၃ ဦးလည်း ပစ်သတ်ရိုက်နှက်ထားတယ် ၊ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာ အခုထိ မသိရသေးဘူး ၊ အဲ့ဒီ ဒီပဲယင်းကွဲရွာဘက်ကို မနက်အစောပိုင်းက နယ်မြေရှင်းလင်းရေး…

Read More

၂၀၂၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဘီလာရုစ်မှာ ထောင် ၁၂ နှစ်ကျမယ့်အရေး ရင်ဆိုင်နေရ

မင့်ခ်၊ ဇန်နဝါရီ-၆-၂၀၂၃ မျိုးဆက်(VOM) နိုဘယ်ငြိမ်းရေးဆုရှင်နဲ့ လူ့အခွင့်အရေးလှုပ်ရှားသူ အယ်လက်စ်ဘယ်လီယတ်စကီးကို ဘီလာရုစ်မှာ ရုံးထုတ်စစ်ဆေးမှုကို ဇန်နဝါရီ ၅ ရက်မှာ စတင်လိုက်ပါတယ်။ အသက် ၆၀ နှစ်အရွယ် ဘယ်လီယတ်စကီးဟာ ၂၀၂၁ ခုနှစ်အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး အလက်ဇန်းဒါး လူကာရှန်ကိုရဲ့ အာဏာရှင်အစိုးရသည် သူ့ကိုနှုတ်ပိတ်ဖို့ ကြိုးစားနေတယ်လို့ ထောက်ခံသူတွေကပြောပါတယ်။ သူဟာ အတိုက်အခံလှုပ်ရှားမှုတွေအတွက် ငွေကြေးထောက်ပံ့မှုတွေပြုလုပ်ခဲ့တယ်လို့ စွပ်စွဲခံထားရကြောင်း သူတည်ထောင်ခဲ့တဲ့ ဗီဇနာလူ့အခွင့်အရေးစင်တာက ထုတ်ပြန်ထားပြီး ပြစ်မှုထင်ရှားပါက ထောင် ၁၂ နှစ်ကျခံရနိုင်ပါတယ်။ ၂၀၂၂ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် သုံးဦးအနက်မှ တဦးဖြစ်သူ ဘယ်လီယတ်စကီးကို ၂၀၂၁ ခုနှစ်မှာ ဖမ်းဆီးပြီးနောက်ပိုင်း အာဏာပိုင်များက ရုံးတင်စစ်ဆေးခြင်းမပြုဘဲ ထိန်းသိမ်းထားခဲ့ပါတယ်။ ဘီလာရုစ်မှာ၂၀၂၀ ခုနှစ်ကစတင်ဖြစ်ပွားခဲ့တဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးထောင်ချခြင်းတွေပြုလုပ်ခဲ့တဲ့ အပေါ် နိုင်ငံတကာက ဝေဖန်မှုတွေ ပြုခဲ့ပါတယ်။ Ref:…

Read More

ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းလာတဲ့ ‘သီဟမင်း’မှန်လုံယာဉ် မိုင်းဆွဲခံရ

ဇန်နဝါရီ ၆ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာအုပ်စု၊ ကမာစိုင်ကျေးရွာအနီးမှာ မနေ့ ဇန်နဝါရီ ၅ ရက် ည ၁၀ နာရီခွဲဝန်းကျင်က ရန်ကုန်ကနေ မော်လမြိုင်ကို မောင်းလာတဲ့ ‘သီဟမင်း’မှန်လုံယာဉ်ဟာ မိုင်းဆွဲခံခဲ့ရပြီး သေနတ်တွေနဲ့လည်း ပစ်ခတ်ခံရတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်ကြောင့် ကားမောင်းသူရဲ့ ညာဘက်မျက်လုံး မိုင်းစထိမှန်ဒဏ်ရာ၊ ယာဥ်နောက်လိုက်မှာ ညာဘက်ပါး ပေါက်ပြဲနဲ့ သွားကျိုးဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။ “ဒီဖြစ်စဉ်ကတော့ဟုတ်ပါတယ်။ အခင်းဖြစ်တဲ့အချိန် ကားပေါ်မှာ ခရီးသည်တွေတော့ ပါမသွားဘူးလို့‌တော့သိရတယ်။ အသေးစိတ်ကိုတော့ ပြောလို့မရသေးပါဘူး”လို့ သီဟမင်း ခရီးသည်နှင့်ကုန်စည်ပို့ဆောင်ရေးမှ တာဝန်ရှိသူတဦးက ပြောပါတယ်။ လက်ရှိမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ ယာဉ်မောင်းနဲ့ ယာဥ်နောက်လိုက်တို့ကို လုံခြုံရေးအဖွဲ့ဝင်တွေက သထုံမြို့ ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဥ်နဲ့ပတ်သက်ပြီး ဘယ်အဖွဲ့အစည်းကပြုလုပ်တာလဲဆိုတာကိုတော့ VOMအနေနဲ့ အတည်မပြုနိုင်သေးပါဘူး။ ဇန်နဝါရီ…

Read More

ရန်ကုန်က ထုံဟုန်သတ္ထုအရည်ကြိုစက်ရုံထဲ ပေါက်ကွဲမှုဖြစ်ပြီး အလုပ်သမားတယောက်သေဆုံး၊ တယောက်ဒဏ်ရာရ

ဇန်နဝါရီ ၆- ၂၀၂၃ GG(VOM) ရန်ကုန်မြို့၊ ဒဂုံမြို့သစ်အရှေ့ပိုင်း၊ (၁၁၁) ရပ်ကွက်၊ ဒဂုံအရှေ့ စက်မှုဇုန်ထဲက ဖန်ချက်ဝန်ဦးညွန့်လမ်းမှာ ရှိတဲ့ ထုံဟုန် သတ္ထု အရည်ကြိုစက်ရုံမှာ ဒီနေ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အလုပ်သမား ၁ ယောက်သေဆုံးကာ ၁ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အရည်ကြိုစက်ရုံထဲမှာ သတ္ထုဘလောက်တုံးကို ဖြတ်တောက်ချိန် ဘလောက်တုံးအတွင်းထဲမှာ ဂက်စ်ဘူးပါလာပြီး ပေါက်ကွဲမှုဖြစ်တာဖြစ်ကြောင်း၊ အဲ့ဒီပေါက်ကွဲမှုကြောင့် စက်ရုံအလုပ်သမား ၂ ယောက်အနက်တယောက်သေဆုံးကာ တယောက်ဒဏ်ရာရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနက် ၉ နာရီလောက်ကဖြစ်တာ။ ပေါက်ကွဲသံကတော့ တော်တော်ကျယ်တယ်။ သေတဲ့သူက မျက်နှာ၊ ရင်ဝ၊ ညာဘက်ယက် ၊ညာဘက်ခြေထောက်မှာ ဒဏ်ရာရတယ်။ ဒဏ်ရာရသူကတော့ လက်နှစ်ဖက်လုံး ကျိုးကြေသွားတယ် ခန္ဓာကိုယ်မှာလည်း ဒဏ်ရာတွေရတယ် သူလည်းစိုးရိမ်ရတယ်တဲ့၊ မီးသတ်ကလည်း လာကြတယ်။ ဘလောက်တုံးကိုဖြတ်ရင်းကနေ ထပေါက်တာလို့…

Read More

မက္ကဆီကို မူးယစ်ရာဇာအယ်လ်ချာပိုရဲ့သား ဖမ်းဆီးခံရ၊ မူးယစ်ဂိုဏ်းသားတွေ လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်နေ

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ-၆-၂၀၂၃ မျိုးဆက်(VOM) နာမည်ဆိုးဖြင့်ကျော်ကြားသော မူးယစ်ရာဇာ အယ်လ်ချာပိုရဲ့ သားဖြစ်သူကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းပြီးနောက် မက္ကဆီကိုနိုင်ငံ ဆီနာလိုအာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေအတွင်း လုံခြုံရေးတပ်ဖွဲ့၀င် သုံးဦးသေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၅ ရက်မှာ ပြောပါတယ်။ အိုဗီဒီအိုဂုဇ်မန်းလိုပက်ဇ်ဟာ ဖခင်ဖြစ်သူရဲ့ မူးယစ်ဂိုဏ်းမှာ ခေါင်းဆောင်တစ်ဦးအဖြစ် စွပ်စွဲခံထားရပြီး သူ့ကို ကူလီယာကန်မှာ ဖမ်းဆီးခဲ့ပြီး မက္ကဆီကိုစီးတီးကို ပြောင်းရွှေ့ခဲ့ပါတယ်။ သူ့ကိုဖမ်းဆီးထိန်းသိမ်းလိုက်ခြင်းကြောင့် အမျက်ဒေါသထွက်နေတဲ့ မူးယစ်ဂိုဏ်းသားတွေဟာ လမ်းတွေကိုပိတ်ဆို့ပြီး မော်တော်ယာဉ်တွေကို မီးရှို့ဖျက်ဆီးကာ ဒေသတွင်းရှိ လေဆိပ်ကိုလည်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ပျံသန်းဖို့ပြင်ဆင်နေတဲ့ လေယာဉ်နှစ်စင်းကိုလည်း ပစ်ခတ်ခဲ့ကြပြီး ဆီနာလိုရှိ လေဆိပ်သုံးခုမှာ လေယာဉ်ခရီးစဉ် ၁၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပါတယ်။ မငြိမ်မသက်မှုဖြစ်စဉ်တွေအတွင်း လူ ၁၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သူတို့ကိုဆေးရုံတင်ထားကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးကပြောပါတယ်။ မစ္စတာဂုဇ်မန်းရဲ့ ဖခင်ဖြစ်သူ မူးယစ်ရာဇာ အယ်လ်ချာပိုဟာ မူးယစ်ဆေးဝါးရောင်း၀ယ်မှု၊…

Read More

Taxi နဲ့ Delivery လိုက်ပို့တဲ့ တောင်ဒဂုံက အမျိုးသားတဦး အသတ်ခံရပြီး အလောင်းကို တွံတေးလမ်းဘေး စွန့်ပစ်ခံရ

ဇန်နဝါရီ ၆ – ၂၀၂၃ GG(VOM) ရန်ကုန်မှာ Taxi အငှားယာဥ်နဲ့ Delivery လိုက်ပို့တဲ့ အမျိုးသားတဦးကို လက်တွေ၊ခြေတွေကြိုးတုပ်ပြီး သတ်ကာ တွံတေးမြို့အပိုင်ထဲက လက်တိုခတ္ထယဖြတ်လမ်းဘေး တောထဲမှာ အလောင်းစွန့်ပစ်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ အမျိုးသားဟာ ဇန်နဝါရီလ ၄ ရက်နေ့မှာ ကားနဲ့ Delivery လိုက်ပို့ဖို့ထွက်သွားပြီး ညဘက်အိမ်ပြန်လာချိန်မှာ မိသားစုနဲ့အဆက်အသွယ်ပြတ်တောက်ခဲ့တာဖြစ်ကြောင်း၊ အဲ့ဒီနောက် မနေ့ ဇန်နဝါရီ ၅ရက်နေ့ ညမှာ အသတ်ခံရပြီး အလောင်းစွန့်ပစ်ထားခံရကြောင်းကို သိရှိခဲ့ရတာဖြစ်ပါတယ်။ ” တွံတေးအပိုင်မှာပေါ့။ ကိုယ်တီးလုံးချွတ်အနေအထားနဲ့ လမ်းဘေးမြောင်း ချုံပုတ်တောထဲတွေ့တာ။ လက်ပြန်ကြိုးတုပ်ထားတယ်။ခြေထောက်ကြိုးတုပ်ထားတယ်။ခန္ဓာကိုယ်ပြင်ပ ထိုးသွင်း ဒဏ်ရာမတွေ့ရဘူး၊မျက်နှာဖူးယောင်ဒဏ်ရာတော့ရှိတယ်။ သူ့မိသားစုကတော့ လည်ပင်းညစ်သတ်တာမျိုးလို့ပြောနေကြတာပဲ။မိသားစုဝင်ပြောတာ နားကပ်တဖက် ၊နာရီမတွေ့ရဘူးတဲ့”လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ကရုဏတွဲလက်လူမှုကူညီရေးအသင်း အဖွဲ့ဝင်တဦးကပြောပါတယ်။ သေဆုံးနေတဲ့ရုပ်အလောင်းနဲ့အတူ ကားကိုပါပြန်လည်တွေ့ရှိရပြီး အလောင်းကိုတော့ ညအချိန်ကတည်းက လှိုင်သာယာဆေးရုံကိုပို့ဆောင်ထားတယ်လို့ သိရပါတယ်။ အသတ်ခံရသူကတော့ တောင်ဒဂုံမြို့နယ်၊…

Read More

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်ပေါင်း တစ်ရာကျော် ဖြစ်ပွား

ဇန်နဝါရီ ၊ ၆ ၊ ၂၀၂၃ SP(VOM) စစ်ကိုင်းတိုင်းထဲက မြို့နယ်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ဇန်နဝါရီကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ဓားပြတိုက်ခံရတဲ့ ဖြစ်စဥ်ပေါင်း တစ်ရာကျော် ဖြစ်ပွားခဲ့တယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ ” ဓားပြတိုက် လုယက်ခံရတာက မြို့ပေါ်မှာ ရွှေဆိုင်တွေပါဝင်သလို ၊ လမ်းဘေး စက်သုံးဆီအရောင်းဆိုင် ၊ တိုလ်းဂိတ် ၊ လူနေအိမ်တွေ ၊ ဖုန်းအရောင်းဆိုင်တွေနဲ့ သွားလာနေတဲ့ ကားတွေဖြစ်တယ်”လို့ မှုခင်းဆိုင်ရာ စောင့်ကြည့်လေ့လာသူတယောက်က ပြောပါတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၂၂ စက်တင်ဘာ ၁၁ ရက် မနက်ပိုင်းက စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ ဘုရားကြီးရပ်ကွက် ၊ ဗိုလ်ချုပ်လမ်း ၊ မြို့လယ် မီးပွိုင့်နားက သိန်းတစ်ရာ ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ ၁၀…

Read More
VOM News

FREE
VIEW