နေပြည်တော်မှာ အလုပ်သမားတွေပါလာတဲ့ ကားမှောက်လို့ လူ ၅ ယောက်သေဆုံး ၂၉ ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၈ – ၂၀၂၃
GG(VOM)

နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်မန္တလေးလမ်းဟောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှေ့မှာ မနေ့ ဇန်နဝါရီ ၇ရက် ညပိုင်းက အလုပ်သမားတွေတင်လာတဲ့ ဖောကား မှောက်လို့ ၅ ယောက်သေဆုံးပြီး ၂၉ ယောက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။

သေဆုံးသူတွေကတော့ အမျိုးသမီး ၅ ယောက်ဖြစ်ပြီး ၊ ဒဏ်ရာရသူတွေထဲမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေရောပါဝင်ပြီး ကားပေါ်မှာ လူပေါင်း ၄၀ ကျော်လိုက်ပါလာတာဖြစ်လို့ ကားရဲ့ခံနိုင်ရည်ထက် ဝိတ်ကျော်လွန်ပြီး တိမ်းမှောက်တာမျိုးဖြစ်နိုင်တယ်လို့ သိရပါတယ်။

” ညက ၆ နာရီလောက်မှာ သတင်းဝင်လာလို့ ကယ်ဆယ်ရေးသွားတယ်။ သေတဲ့အထဲ ၂ ယောက်က ညပ်နေလို့ ဆွဲထုတ်ရတယ်။ကျန်တဲ့၃ယောက်က အလွတ်သေတယ်၊ အကုန်လုံးသေဆုံးက ၅ ယောက်၊ ဒဏ်ရာရ ၂၉ ယောက်ပါ။ Safety အရမ်းအားနည်းတယ်။ ကားက လမ်းကအဖြောင့်ပဲ ကားကဝိတ်တွေ တအားများတယ်၊အိုဗာဝိတ်ဖြစ်နေတာ။အလုပ်သိမ်းပြီးအိမ်ပြန်လာကြတာ”လို့ သဗ္ဗသုခနာရေးကူညီမှုအသင်းဥက္ကဋ္ဌ ဦးသိန်းထိုက်ဦးကပြောပါတယ်။

ဒဏ်ရာရသူ ၂၉ ယောက်နဲ့ သေဆုံးသူတွေကို ညကတည်းက ကုတင်(၁၀၀၀)ဆေးရုံကို ပို့ဆောင်ခဲ့ကြောင်း၊ ဒဏ်ရာရသူတွေထဲမှာ ခြေထောက် ၊ လက်ကျိုးသူတွေ၊ ဦးခေါက်ပေါက်ပြဲသူတွေ ပါဝင်ပြီး စိုးရိမ်ရတဲ့သူမျိုးတော့မရှိဘူးလို့ သိရပါတယ်။

ကားမောင်တဲ့ ဒရိုင်ဘာကတော့ ညက ကားတိမ်းမှောက်ပြီးကတည်းက ထွက်ပြေးသွားတာကြောင့် ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။

ဒဏ်ရာရသူတွေနဲ့ သေဆုံးသူတွေကို ကရုဏာရှင်လူမှုကူညီရေးပရဟိတအသင်းမှ လူနာတင်ယာဉ် (၄) စီး ၊သဗ္ဗသုခအသင်းမှ လူနာတင်ယာဉ်(၂)စီး၊ပျဉ်းမနား ဗြဟ္မစိုရ်အသင်းမှလူနာတင်ယာဉ် (၁) စီး၊ပျဉ်းမနား မွန်မြတ်သူအသင်းမှလူနာတင်ယာဉ် (၁) စီးနဲ့ ဆေးရုံကို ပို့ဆောင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #နေပြည်တော် #ယာဥ်တိမ်းမှောက်မှု #ငါးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW