သိမ်ဇရပ်မှာ နေအိမ်ပေါ်လက်နက်ကြီးကျလို့ လူ ၂ယောက်သေဆုံး ကလေးအပါအဝင် ၅ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၈ – ၂၀၂၃ GG (VOM) မွန်ပြည်နယ်၊ သိမ်ဇရပ်မြို့ ၊ ကျေးရွာတရွာက နေအိမ်ပေါ်ကို လက်နက်ကြီးကျလို့ နေအိမ်ထဲက မိသားစုဝင် ၂ ယောက်သေဆုံးပြီး ၅ ယောက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ မနေ့ ဇန်နဝါရီ ၇ ရက်နေ့ ညပိုင်းမှာ သိမ်ဇရပ်မြို့နယ်၊ ဝင်းကံကျေးရွာထဲက နေအိမ်တအိမ်အပေါ် လက်နက်ကြီးကျရောက်ခဲ့တာဖြစ်ပြီး သေဆုံးသူတွေက အမျိုးသား ၂ ယောက်ဖြစ်တယ်လို့ သိရပါတယ်။ ” ညက ၈ နာရီလောက်မှာဖြစ်တာလို့သိရတယ်။မိသားစုတွေကအိပ်နေပြီ အဲ့ဒီအချိန်လက်နက်ကြီးကျပြီး ၂ယောက်သေသွားတာ။ ကျန်တဲ့သူတွေလည်း ဒဏ်ရာရကြတယ်။ဆေးကုသမှုပေးနေတယ်သိရတယ်”လို့ သိမ်ဇရပ် ဒေသခံတဦးကပြောပါတယ်။ လက်နက်ကြီး ကျရောက်မှုကြောင့် သေဆုံးသူတွေကတော့ အသက် ၄၄ နှစ်အရွယ်ရှိ ကိုစိုးမင်းအောင် ဆိုသူနဲ့ အသက် ၄၂ နှစ်အရွယ်ရှိ ကိုဇော်မိုးလွင် ဆိုသူတို့ဖြစ်ပြီး ဒဏ်ရာရသူတွေကတော့ ကလေး ၃ယောက်နဲ့ အဖွားအို…

Read More

မူဆယ်-ရွှေလီ နယ်စပ်ဂိတ်(၃)ခု မဖွင့်ဖြစ်သေး

ဇန်နဝါရီ ၈၊ ၂၀၂၃ Shy V (VOM) တရုတ်-မြန်မာ ၊ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၃ ခုဟာ ဒီနေ့ ဇန်နဝါရီ ၈ရက်မှာ ပြန်ဖွင့်မယ်လို့ ကြေညာထားပေမယ့် လက်ရှိမှာ မဖွင့်ဖြစ်သေးဘူးလို့ နယ်စပ်ဒေသခံတွေနဲ့ ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “အကြောင်းအမျိုးမျိုးကြောင့် နယ်စပ်ဂိတ် သုံးခု မဖွင့်ဖြစ်ဘူးလို့သိရတယ်၊ လက်ရှိ အခြေအနေမှာတော့ တရုတ်ဘက်ကဖွင့်လှစ်ပေမယ့် မြန်မာဘက်က မဖွင့်သေးတာကို တွေ့ရပါတယ်။ တရုတ်ဘက်က ဂိတ်ပေါက်ဝ အထိ လာရောက်သူတွေ အများအပြား ရှိနေပြီး မြန်မာဘက်ကလည်း ဂိတ်ပေါက်ဝအထိ လာရောက်ကာ ဂိတ်ဖွင့်၊မဖွင့်နဲ့ ပတ်သက်ပြီး သတင်း လာရောက် အတည်ပြုနေသူတွေ အများအပြားတွေ့ခဲ့ရသလို တဖက်နဲ့ တဖက် အသိတွေ လှမ်းစကားပြောနှုတ်ဆက်နေတာတွေကိုလည်း တွေ့ရပေမယ့် ဝင်၊ ထွက်သွားလာတာတွေ တယောက်မှ မရှိသေးဘူးလို့ သိရပါတယ်။ တရုတ်ဘက်က နယ်စပ်တာဝန်ရှိသူတွေက မြန်မာဘက်နယ်စပ်…

Read More

သုံးခွမြို့နယ်က ကတုံးပေါ်ရဲစခန်း ဝင်စီးခံရပြီး အသေအပျောက်ရှိတယ်လို့ သိရ

ဇန်နဝါရီ ၈ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ သုံးခွမြို့နယ်က ကတုံးပေါ်နယ်မြေရဲစခန်းကို ဒီနေ့ ဇန်နဝါရီ ၈ ရက်နေ့၊ မနက်ပိုင်းက ဝင်ရောက်စီးနင်းခံရတယ်လို့ သိရပါတယ်။ “ဒီနေ့မနက်အစောပိုင်းက လက်နက်ကြီးတွေ ပစ်ခတ်သံကြားရပြီး ဝင်ရောက်စီးနင်းကြတာပါ။ ရဲတွေ အသေအပျောက်ရှိပြီး လက်နက်တွေလည်း ပါသွားတယ်လို့ သိရတယ်။ အပြန်မှာ ရဲစခန်းကိုလည်း မီးရှို့သွားသေးတယ်”လို့ ဒေသခံတဦးက ပြောပါတယ်။ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကတော့ ရဲတပ်သားတဦး သေဆုံးခဲ့ပြီး ရဲတပ်သား (၂)ဦး ဒဏ်ရာတယ်လို့ သိရသလို ဒဏ်ရာရသူတွေကို သုံးခွပြည်သူ့ဆေးရုံ ပိ့ဆောင်ထားတယ်လို့ သိရပါတယ်။ ဒီဖြစ်စဉ်ကြောင့် လတ်တလောမှာ စစ်တပ်က နယ်မြေရဲစခန်း ပတ်ဝန်းကျင်တခုလုံးကို ပိတ်ဆို့ထားပြီး ကျေးရွာတွေက အုပ်ချုပ်ရေးအဖွဲ့တွေကို ခေါ်ယူကာ သံသယရှိသူတွေကို စစ်ဆေးမေးမြန်းနေတဲ့အပြင် ရွာချင်းဆက် လမ်းဆုံလမ်းခွတွေကိုလည်း ပိတ်ဆို့ထားတယ်လို့ သိရပါတယ်။ အဲ့ဒီဖြစ်စဥ်ကို ရန်ကုန် (ပကဖ)…

Read More

လက်ပံတောင်းဒေသဘက်က ရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရ ၊ လူနေအိမ် တစ်ရာကျော် ပျက်စီးဆုံးရှုံး

ဇန်နဝါရီ ၊ ၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ် ၊ လက်ပံတောင်း ဒေသဘက်က ကျေးရွာ ၃ ရွာကို ဇန်နဝါရီ ၆ ရက်နဲ့ ၇ ရက်တွေက ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးခံရတာကြောင့် လူနေအိမ် တစ်ရာကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ဖောင်းကတာရွာမှာက လူနေအိမ် တစ်ရာကျော် ၊ ကျောက်ဖြူတိုင်ရွာမှာက ၅ လုံး နဲ့ မိုးကြိုပြင် (တောင်)ရွာမှာက ၆၀ ကျော် မီးလောင်ပျက်စီးတယ် ၊ စစ်ကြောင်းဝင်လာတာနဲ့ ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေတာဆိုတော့ ဘယ်အဖွဲ့အစည်းက မီးရှို့တယ်ဆိုတာ မသိရဘူး”လို့ ဖောင်းကတာဒေသခံ တယောက်က ပြောပါတယ်။ ကျေးရွာ ၃ ရွာ မီးရှို့ဖျက်ဆီးခံရတာနဲ့…

Read More

ကောလင်းမြို့မှာ ဆိုင်ကယ် ၁ စီး ပေါက်ကွဲမှုဖြစ်ပြီး လူ ၂ ဦး သေဆုံး

ဇန်နဝါရီ ၈ ၊၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကောလင်းခရိုင် ၊ ကောလင်းမြို့၊ မင်းတဲကြီးကုန်းရပ်ကွက်ထဲမှာ မနေ့ ဇန်နဝါရီ ၇ ရက် မနက်ပိုင်းက ဆိုင်ကယ် ၁ စီး ပေါက်ကွဲမှုဖြစ်ပြီး အဲ့ဒီဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ လူ ၂ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ “မနက် ၉ နာရီဝန်းကျင်က ဖြစ်တာပါ ၊ ပေါက်ကွဲမှုဖြစ်ပြီး အမည်မသိ အမျိုးသား ၂ ဦးသေတယ် ၊ အဲ့ဒီရုပ်အလောင်းတွေကို ပြည်သူ့ဆေးရုံ ပို့ဆောင်ပေးထားတယ်”လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ပေါက်ကွဲမှုနဲ့ ပတ်သက်လို့ ကောလင်းခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ တယောက်က “မင်းတဲကြီးရပ်ကွက်ထဲကို မိုင်းလာထောင်နေတယ်လို့ သတင်းရတော့ လုံခြုံရေးအဖွဲ့က အချိန်မီ အရောက်သွားတယ် ၊…

Read More

နေပြည်တော်မှာ အလုပ်သမားတွေပါလာတဲ့ ကားမှောက်လို့ လူ ၅ ယောက်သေဆုံး ၂၉ ယောက်ဒဏ်ရာရ

ဇန်နဝါရီ ၈ – ၂၀၂၃ GG(VOM) နေပြည်တော် ၊ ဇေယျာသီရိမြို့နယ်၊ ရန်ကုန်မန္တလေးလမ်းဟောင်း၊ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်ရှေ့မှာ မနေ့ ဇန်နဝါရီ ၇ရက် ညပိုင်းက အလုပ်သမားတွေတင်လာတဲ့ ဖောကား မှောက်လို့ ၅ ယောက်သေဆုံးပြီး ၂၉ ယောက်ဒဏ်ရာရခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။ သေဆုံးသူတွေကတော့ အမျိုးသမီး ၅ ယောက်ဖြစ်ပြီး ၊ ဒဏ်ရာရသူတွေထဲမှာတော့ အမျိုးသားနဲ့ အမျိုးသမီးတွေရောပါဝင်ပြီး ကားပေါ်မှာ လူပေါင်း ၄၀ ကျော်လိုက်ပါလာတာဖြစ်လို့ ကားရဲ့ခံနိုင်ရည်ထက် ဝိတ်ကျော်လွန်ပြီး တိမ်းမှောက်တာမျိုးဖြစ်နိုင်တယ်လို့ သိရပါတယ်။ ” ညက ၆ နာရီလောက်မှာ သတင်းဝင်လာလို့ ကယ်ဆယ်ရေးသွားတယ်။ သေတဲ့အထဲ ၂ ယောက်က ညပ်နေလို့ ဆွဲထုတ်ရတယ်။ကျန်တဲ့၃ယောက်က အလွတ်သေတယ်၊ အကုန်လုံးသေဆုံးက ၅ ယောက်၊ ဒဏ်ရာရ ၂၉ ယောက်ပါ။ Safety အရမ်းအားနည်းတယ်။ ကားက…

Read More

၂၀၂၂ခုနှစ် အတွင်း နိုင်ငံတဝန်း မီးလောင်မှု (၁၆၀၀)နီးပါးဖြစ်ပွါးခဲ့ပြီး လူ ၉၆ ဦးသေဆုံးခဲ့ရ

ဇန်နဝါရီ ၈ -၂၀၂၃ MM(VOM) ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၃၁ ရက် အထိ(၁)နှစ်တာကာလအတွင်း တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ စုစုပေါင်း မီးလောင်မှု (၁၅၇၀)ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၉၆ ယောက် သေဆုံးကာ ၁၃၉ ယောက်မှာ ထိခိုက် ဒဏ်ရာတွေရရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့စရင်းတွေအရ သိရပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ မီးလောင်မှု ၁၅၇၀ အကြိမ် ဖြစ်ပွားခဲ့တဲ့အထဲမှာ ရန်ကုန်တိုင်းက (၂၄၄)ကြိမ်၊ မန္တလေးတိုင်းက (၁၉၄)ကြိမ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းက (၁၆၅)ကြိမ်စီ၊ မီးလောင်မှုအနည်းဆုံးအနေနဲ့ နေပြည်တော်က (၃၂)ကြိမ်၊ ချင်းပြည်နယ်က (၁၈)ကြိမ်၊ ကယားပြည်နယ်က (၆)ကြိမ်ဖြစ်ပြီး ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်းမှာ မီးလောင်မှု တွေအများဆုံးဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ”ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်အတွင်း တနိုင်ငံလုံးအနေနဲ့ မီးလောင်မှု ၁၅၇၀ အကြိမ်ဖြစ်ခဲ့တယ် ၊…

Read More

ရွှေစျေး တကျပ်သား သိန်း၂၀အောက် ပြန်ကျမယ့်အခြေအနေမရှိဘူးလို့ ရွှေလုပ်ငန်းရှင်တချို့ သုံးသပ်

ဇန်နဝါရီ ၈ – ၂၀၂၃ VOM (GG) လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေအရ ပြည်တွင်း ရွှေစျေးနူန်းဟာ တကျပ်သားကို သိန်း ၂၀ အောက် ပြန်လည်ကျဆင်းနိုင်မယ့်အ​အခြေအနေ မရှိ​ဘူးလို့ ရွှေလုပ်ငန်းရှင်အချို့ကသုံးသပ်ပြောဆိုထားပါတယ်။ ဗဟိုဘဏ် ဒေါ်လာငွေလဲလှယ်သတ်မှတ်စျေး တဒေါ်လာ ၂၁၀၀ ကျပ်ဖြစ်နေတာက တကြောင်း၊လက်ရှိမှာ ကမ္ဘာ့ရွှေစျေးကလည်း တက်နေသလို ပြင်ပဒေါ်လာပေါက်စျေးကလည်း ၃၀၀၀ နီးပါး အထိရှိနေတာတွေကြောင့် ပြည်တွင်းရွှေစျေးက အရင်လို စျေးတန်းတခုကို ပြန်ကျနိုင်ဖွယ်မရှိဘူးလို့ ပြောဆိုပါတယ်။ ” အရင် တကျပ်သား ၁၈ သိန်း၊၁၉ သိန်း စျေးကတော့ ပြန်မဖြစ်နိုင်သေးဘူး။ဘာလို့ဆို အရင်က တဒေါ်လာ ၁၃၀၀ ၊၁၄၀၀ ရှိတာလေ၊ အခုက ဗဟိုဘဏ် ဒေါ်လာငွေလဲလှယ်သတ်မှတ်စျေးကိုက ၂၁၀၀ ဖြစ်နေတာ”လို့ ရွှေလုပ်ငန်းရှင်တဦးကပြောပါတယ်။ န.စ.က ဘက်ကလည်း ပြည်တွင်းရွှေစျေးကျဆင်းအောင်နဲ့ စျေးကွက်တည်ငြိမ်အောင်ဆိုပြီး ရွှေဒင်္ဂါး ပြားတွေကို ပြင်ပပေါက်စျေးထက်…

Read More
VOM News

FREE
VIEW