နောက်ဆုံးပေါ် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး

ဂျီနီဗာ၊ ဇန်နဝါရီ-၁၁-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်မှာ နောက်ဆုံးပေါ်အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် အလျင်အမြန်ကူးစက်မှုတွေကြောင့် ခရီးဝေးသွားမယ့် လေယာဉ်စီးခရီးသည်တွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၁၀ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။

ဥရောပမှာ XBB.1.5 အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှုဟာ လက်ရှိမှာနည်းပါးသေးပေမယ့် တိုးပွားလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ဥရောပတာ၀န်ရှိသူတွေက ပြောပါတယ်။

ခရီးဝေးသွားမယ့်လေယာဉ်တွေလိုမျိုး ဗိုင်းရပ်စ်ကူးစက်နိုင်ခြေများတဲ့နေရာတွေမှာ နှာခေါင်းစည်းတွေတပ်ဖို့ တာ၀န်ရှိသူတွေအနေနဲ့ အကြံပြုသင့်ပြီး ဒါဟာ ကိုဗစ်ကျယ်ကျယ်ပြန့်ပြန့်ကူးစက်မှုဖြစ်တဲ့နိုင်ငံတိုင်းက လာသူတွေကို ဦးစားပေးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။

ကူးစက်မြန်တဲ့ နောက်ဆုံးပေါ်အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် XBB.1.5 ဟာ ဇန်နဝါရီ ၇ ရက်နေ့ သီတင်းပတ်အတွက် အမေရိကန်မှာဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကူးစက်မှုရဲ့ ၂၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။

အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ကူးစက်မှုလှိုင်း ဖြစ်မဖြစ်ကိုတော့ ရှင်းလင်းစွာမသိရပါဘူး။

လက်ရှိကာကွယ်ဆေးတွေဟာ ပြင်းထန်ရောဂါလက္ခဏာတွေ၊ ဆေးရုံတက်ရတောတွေနဲ့ သေဆုံးမှုတွေကို ဆက်လက်ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျီနီဗာ

Related posts

Leave a Comment

VOM News

FREE
VIEW