ယူကရိန်းစစ်မြေပြင်မှာဦးစီးမယ့် တပ်မှူးနောက်တဦးကို သမ္မတပူတင်အစားထိုးခန့်အပ်

မော်စကို၊ ဇန်နဝါရီ-၁၂-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲကိုဦးဆောင်နေတဲ့ ရုရှားတပ်မှူးကို ရာထူးခန့်အပ်ပြီးနောက် သုံးလအကြာမှာ ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ သူ့နေရာမှာ စစ်ဦးစီးချုပ် ဗယ်လာရီဂီရာဆီမော့ဗ်က ယူကရိန်းစစ်ပွဲကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဂီရာဆီမော့ဗ်ဟာ ယူကရိန်းရဲ့စွမ်းအင်အခြေခံ အဆောက်အအုံတွေအပေါ် မကြာသေးမီက အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့ ဆာဂေးဆူရိုဗီကင်နေရာမှာ အစားထိုးတာ၀န်ယူမှာဖြစ်ပါတယ်။ မကြာသေးမီလတွေအတွင်း ရုရှားတပ်တွေဟာ ယူကရိန်းစစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံခဲ့ပြီးနောက် အခုလို အစားထိုးခန့်အပ်မှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက ရာထူးတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာဆီမော့ဗ်ဟာ ဆိုဗီယက်ခေတ်နောက်ပိုင်း သက်တမ်းအရှည်ဆုံး ရုရှားစစ်ဗိုလ်ချုပ်တဦးလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာဆီမော့ဗ်ကို ခန့်အပ်လိုက်တာဟာ ကွဲပြားခြားနားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံဖို့နဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက…

Read More

တရုတ်မှာ လူအုပ်ထဲကို ကားနဲ့၀င်တိုက်ပြီး ပိုက်ဆံကြဲတဲ့အမျိုးသား အဖမ်းခံရ ၊ ငါးဦးသေပြီး ၁၃ ဦးဒဏ်ရာရ

ပေကျင်း၊ ဇန်နဝါရီ-၁၂-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ လူအုပ်ထဲသို့ ကားတစီး၀င်တိုက်မိမှုကြောင့် လူငါးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေအကြား ကျယ်ကျယ်ပြန့်ပြန့် အမျက်ဒေါသထွက်နေကြပြီး ကားမောင်းလာတဲ့အမျိုးသားဟာ လူအုပ်ထဲကိုတမင်တကာ ကားနဲ့၀င်တိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုတွေရှိနေပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အဲဒီအမျိုးသားဟာ ကားပေါ်ကနေဆင်းပြီးငွေစက္ကူတွေကို လေထဲကြဲချနေတာကို အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ယာဉ်တိုက်မှုဟာ လူဦးရေ ၁၉ သန်းနေထိုင်တဲ့ ကွမ်ကျိုးမြို့မှာ ဇန်နဝါရီ ၁၁ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂၂ နှစ်အရွယ် အဲဒီအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်း ဖူကျန်ပြည်နယ်မှာ လူအုပ်ထဲကို ထရပ်ကားတစ်စီး၀င်တိုက်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ပေကျင်း

Read More

အောင်လံမြို့နယ် ညောင်ပင်ဆိပ်လမ်းမှာ ကား ၁ စီး တိမ်းမှောက်ပြီး လူ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၂ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ သရက်ခရိုင် ၊ အောင်လံမြို့နယ် ၊ ညောင်ပင်ဆိပ်ကျေးရွာအနီး ညောင်ပင်ဆိပ်ကားလမ်းမှာ ဒီကနေ့မနက် ၇ နာရီခွဲ အချိန်က ကား ၁ စီးတိမ်းမှောက်ပြီး ၊ ကားပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” ညောင်ပင်ဆိပ်ရွာ အဝင်ကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာဖြစ်တယ် ၊ ကားပေါ်ပါ ခရီးသည် အမျိုးသား ၆ ဦးအနက် ၂ ဦးသေဆုံးပြီး၊ ကျန် ၄ ဦး ဒဏ်ရာရတယ်”လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရ လူနာတွေကို အောင်လံမြို့ခံ ပုညကုသလနာရေးကူညီမှုအသင်း နဲ့ မြတ်မေတ္တာလူမှုကူညီရေးအသင်းတို့က ပြလို့တိုက်နယ်…

Read More

ကြွေးမြီတွေလျှော့ပေးဖို့ တရုတ်နဲ့ အိန္ဒိယကို သီရိလင်္ကာတိုက်တွန်း

ကိုလံဘို၊ ဇန်နဝါရီ-၁၂-၂၀၂၃ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံရဲ့ ကြွေးမြီတွေကို လျှော့ချပေးရေးနဲ့ပတ်သက်ပြီး တတ်နိုင်သမျှအမြန်ဆုံး သဘောတူဖို့ တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ကို သီရိလင်္ကာဗဟိုဘဏ်က ဇန်နဝါရီ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ စီးပွားရေးကျဆင်းမှုနဲ့ဆိုးရွာစွာရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ပြည်ပကြွေးမြီတွေကို ပြန်ဆပ်ဖို့ပျက်ကွက်ခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံထောက်ပံ့ပေးဖို့ ညှိနှိုင်းမှုများ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သီရီလင်္ကာရဲ့ ဒေါ်လာဘီလီယံများစွာရှိသော ကြွေးမြီတွေကို လျှော့ချဖို့ တရုတ်၊ အိန္ဒိယတနဲ့ ဦးစွာသဘောတူညီချက်မရမချင်း အဆိုပါထောက်ပံ့ငွေတွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပေးအပ်မှာမဟုတ်ပါဘူး။ ကြွေးမြီလျှော့ချရေးနဲ့ပတ်သက်ပြီး တရုတ်၊ အိန္ဒိယနိုင်ငံတို့အနေနဲ့ အမြန်ဆုံးဆောင်ရွက်ကြရန်ဖို့၊ ဒါဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း သီရိလင်္ကာဗဟိုဘဏ်အကြီးအကဲက ပြောပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ခန့်မှန်းချက်အရ သီရိလင်္ကာလူဦးရေရဲ့ သုံးပုံတပုံကျော်ဟာ အစာရေစာမလုံလောက်ခြင်းနဲ့ရင်ဆိုင်နေရပြီး အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ငတ်မွတ်ခေါင်းပါးမှု များပြားနေကြောင်း သိရပါတယ်။ Ref:BBC #voiceofmyanmar #VOM #ကိုလံဘို

Read More

လောင်းလုံးမှာ နှစ်ရက်အတွင်း သက်ကြီးပိုင်း အမျိုးသမီး ၂ ဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၁၂ – ၂၀၂၃ SN (VOM) ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ၂ ရက်အတွင်း အသက်ကြီးပိုင်း အမျိုးသမီး ၂ ဦးပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ကျောက်ဆင်ရွာက အသက် ၆၃ အရွယ်အရွယ် ဒေါ်မာမာဇင်ဆိုတဲ့ အမျိုးသမီးတဦး နေအိမ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒေါ်မာမာဇင်ဟာ ပစ်ခတ်ခံရမှုကြောင့် လည်ပင်း၊ မျက်လုံး၊ နားထင်တို့မှာ ဒဏ်ရာတွေ ရရှိပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းကလည်း ဝေဒီကျေးရွာနေ အသက် ၆၅ နှစ်ဝန်းကျင်ရှိ ဒေါ်တင်သန်းဆိုသူဟာ နေအိမ်စျေးဆိုင်မှာ စျေးရောင်းနေတုန်း အမည်မသိ လူတစုရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။ “ဒီအမျိုးသမီးတွေ ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာနဲ့ ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့…

Read More

စစ်ကျန်ပစ္စည်း ဆော့ကစားရာကနေ ပေါက်ကွဲလို့ ကလေး ၁ ဦးသေဆုံး၊ ၂ ဦး ပြင်းထန် ဒဏ်ရာရ

ဇန်နဝါရီ ၁၂၊ ၂၀၂၃ Shy V (VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော် – ဝါရှောင်လမ်း၊ ဝူယာန်ရွာမှာ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်က ကလေးတွေဟာ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်း ဆော့ကစားမိရာက ပေါက်ကွဲလို့ ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဝိုင်းမော် – ဝါရှောင်လမ်း၊ ဝူယန်ရွာ၊ လီဆူ ရပ်ကွက်က ကလေးတွေ သွားဆော့တာ။ ပေါက်ကွဲလာတာ။ လက်နက်ကြီးကျည်။”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ ထိသွားတဲ့ ကလေးတွေက အသက် ၉ နှစ် အရွယ်ရှိ မောင်ခေါဆီး၊ အသက် ၈ နှစ် အရွယ် မောင်အားလူဒီး နဲ့ အသက်…

Read More

သန်လျင်မှာ ဖမ်းမိတဲ့ အထောက်အထားမဲ့ ၇၉ ဦး ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခံရ

ဇန်နဝါရီ၊ ၁၂-၂၀၂၃ MM(VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ ရပ်ကွက်က အိမ်တလုံးမှာ ဖမ်းဆီးခံရတဲ့ အထောက် အထားမဲ့တွေထဲက ၇၉ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီအမိန့်ချလိုက်တယ်လို့ သိရပါတယ်။ အထောက်အထားမဲ့သူ အသက် ၁၈ နှစ်အောက် ၃၃ ယောက် အပါအဝင် အားလုံးအယောက် ၈၀ ကိုသန်လျင်မြို့ ၊မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီပေ(၃၀) လမ်း၊ အမှတ် (၂၀)က အိမ်တလုံးမှာ အခုလ ဇန်နဝါရီ ၂ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ အယောက် ၈ဝ ထဲက တယောက်ဟာ ရောဂါနဲ့သေဆုံးခဲ့ရပြီး ကျန်တဲ့ ၇၉ ယောက်ကို သန်လျင်မြို့နယ် ၊တရားရုံးကနေ ဇန်နဝါရီ ၁ဝ ရက်က ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်တာလို့…

Read More

ငွေနှင်းစွေအန် ဟေမန်လေမို့

ဆူးငှက် ရှစ်မျက်နှာ ယှက်ကာခြုံသည် ထက်အကာယံ့ နယ်ဖြစ်အင်။ ပက်ပါရွာအံ့ ခယ်ရစ်ဆင်သည် တိမ်နယ့်ပိုင်ရှင် မာန်မူ၍ မင်ခဲမင်ညွန့် ကနုတ်ထောင်သည် အဟုတ်ပြိုဆောင် ဖန်အားတတ်နိုင်ပေ့၊ ခွင့်မကာရဒါလကြံံမှာ . . .ခွာမြဝတ်မှုန် လပြည်ဝေ့ . . . ငွေနှင်းစွေအန် ဟေမန်လေမို့ လေပြည်ဈာန် မွေ့ဖွေ့လှိုက်ခုန် ရေထည်ခြုံလွှာ ပြန်ပြန်ထပ်တယ် ဖန်ဖန်မြလက် ဘွင်သည်းစိမ့်ကာတုန် . . .။ မထင်မှတ်သော ဆောင်းလေအေးက လေးဖက်ရမ်းခဲ့သည်။ သူ့လက်ဖြည်မှ နှင်းက အပြေးအလွှား နေရာယူရလေတော့၏။ နှင်းရယ်လာမှ လာနိုင်ပါ့မလားရယ်လို့ စိုးရိမ်ပူပန်လိုက်ရတာကွယ်။ လာမည့် လာတော့လည်း ရက်လနှစ်ချီ အလီလီခွဲရလေသော သည်းသည်းလှုပ် ချစ်သူနှစ်ဦးဆုံတွေ့ရသလို နှင်းကလည်း ကဲလွန်းသည်းလွန်း လှချေ၏။ မိုးလေလား နှင်းလေလား ထင်မှတ်မှားရအောင် ဖြိုးဖြိုးဖြောက်ဖြောက် မိုးသီးမိုးပေါက်အလား ထင်မှတ်မှားရ၏။ သရက်ကုန်းကျောင်းတိုက်ဆီက ဆွမ်းခံတုံးမောင်းခေါက်တော့ အပျိုပေါက်နေခြည်က…

Read More
VOM News

FREE
VIEW