ကြွေးမြီတွေလျှော့ပေးဖို့ တရုတ်နဲ့ အိန္ဒိယကို သီရိလင်္ကာတိုက်တွန်း

ကိုလံဘို၊ ဇန်နဝါရီ-၁၂-၂၀၂၃
မျိုးဆက်(VOM)

သီရိလင်္ကာနိုင်ငံရဲ့ ကြွေးမြီတွေကို လျှော့ချပေးရေးနဲ့ပတ်သက်ပြီး တတ်နိုင်သမျှအမြန်ဆုံး သဘောတူဖို့ တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ကို သီရိလင်္ကာဗဟိုဘဏ်က ဇန်နဝါရီ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။

စီးပွားရေးကျဆင်းမှုနဲ့ဆိုးရွာစွာရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ပြည်ပကြွေးမြီတွေကို ပြန်ဆပ်ဖို့ပျက်ကွက်ခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံထောက်ပံ့ပေးဖို့ ညှိနှိုင်းမှုများ လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် သီရီလင်္ကာရဲ့ ဒေါ်လာဘီလီယံများစွာရှိသော ကြွေးမြီတွေကို လျှော့ချဖို့ တရုတ်၊ အိန္ဒိယတနဲ့ ဦးစွာသဘောတူညီချက်မရမချင်း အဆိုပါထောက်ပံ့ငွေတွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပေးအပ်မှာမဟုတ်ပါဘူး။

ကြွေးမြီလျှော့ချရေးနဲ့ပတ်သက်ပြီး တရုတ်၊ အိန္ဒိယနိုင်ငံတို့အနေနဲ့ အမြန်ဆုံးဆောင်ရွက်ကြရန်ဖို့၊ ဒါဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း သီရိလင်္ကာဗဟိုဘဏ်အကြီးအကဲက ပြောပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ခန့်မှန်းချက်အရ သီရိလင်္ကာလူဦးရေရဲ့ သုံးပုံတပုံကျော်ဟာ အစာရေစာမလုံလောက်ခြင်းနဲ့ရင်ဆိုင်နေရပြီး အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ငတ်မွတ်ခေါင်းပါးမှု များပြားနေကြောင်း သိရပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ကိုလံဘို

Related posts

Leave a Comment

VOM News

FREE
VIEW