တရုတ်မှာ လူအုပ်ထဲကို ကားနဲ့၀င်တိုက်ပြီး ပိုက်ဆံကြဲတဲ့အမျိုးသား အဖမ်းခံရ ၊ ငါးဦးသေပြီး ၁၃ ဦးဒဏ်ရာရ

ပေကျင်း၊ ဇန်နဝါရီ-၁၂-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ လူအုပ်ထဲသို့ ကားတစီး၀င်တိုက်မိမှုကြောင့် လူငါးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေအကြား ကျယ်ကျယ်ပြန့်ပြန့် အမျက်ဒေါသထွက်နေကြပြီး ကားမောင်းလာတဲ့အမျိုးသားဟာ လူအုပ်ထဲကိုတမင်တကာ ကားနဲ့၀င်တိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုတွေရှိနေပါတယ်။

ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အဲဒီအမျိုးသားဟာ ကားပေါ်ကနေဆင်းပြီးငွေစက္ကူတွေကို လေထဲကြဲချနေတာကို အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။

ယာဉ်တိုက်မှုဟာ လူဦးရေ ၁၉ သန်းနေထိုင်တဲ့ ကွမ်ကျိုးမြို့မှာ ဇန်နဝါရီ ၁၁ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂၂ နှစ်အရွယ် အဲဒီအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။

၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်း ဖူကျန်ပြည်နယ်မှာ လူအုပ်ထဲကို ထရပ်ကားတစ်စီး၀င်တိုက်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW