နီပေါမှာ လေယာဥ်တစင်းပျက်ကျလို့ လူ ၄၀ ထက်မနည်းသေဆုံး

ခတ္တမန္ဒူ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၃
မျိုးဆက်(VOM)

နီပေါနိုင်ငံအလယ်ပိုင်းရှိ လေဆိပ်တခုအနီးမှာ လူ ၇၂ ဦးလိုက်ပါလာတဲ့ လေယာဉ်တစစင်း ပျက်ကျခဲ့ပြီး အနည်းဆုံး ရုပ်အလောင်း ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ရဲတီ လေကြောင်းလိုင်းက လေယာဥ်ဟာ ခတ္တမန္ဒူမြို့က နေခရီးသွားမြို့ ပိုခါရာကို ပျံသန်းရာမှာ ပျက်ကျခဲ့ပြီး မီးလောင်ခဲ့တာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေမှာတော့ လေယာဉ်ဟာ လူနေထူထပ်တဲ့ နေရာတခုသို့ အရှိန်ပြင်းစွာ ပျက်မကျမီ အလွန်နိမ့်ဆင်းသွားတာကို တွေ့ရပါတယ်။

လေယာဉ်ပေါ်မှာ နိုင်ငံခြားသား ၁၅ ဦးနဲ့ လေယာဉ်အမှုထမ်း လေးဦး အပါအဝင် ခရီးသာ် ၆၈ ဦး လိုက်ပါခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

လေဆိပ်က နေ တကီလိုမီတာခွဲခန့်ဝေးတဲ့ ဆီတီမြစ်ကမ်းစပ်ရှိ ယောဥ်ပျက်ကျရာ နေရာမှာ နီပေါစစ်သား ရာနဲ့ချီပြီး ကယ်ဆယ်ရေလုပ်ဆောင်နေပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ခတ္တမန္ဒူ

Related posts

Leave a Comment

VOM News

FREE
VIEW