ပြင်ဦးလွင်က ဝက်ဝံ X-ray စစ်ဆေးရေးဂိတ်မှာ ယာဉ်အစီးရေ ရာနဲ့ချီ ပိတ်မိနေ

ဇန်နဝါရီ ၁၆ – ၂၀၂၃
SN (VOM)

ပြင်ဦးလွင်၊ ဝက်ဝံကျေးရွာက X-ray စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမှုတွေ တင်းကြပ်နေတာကြောင့် ယာဉ်အစီးရေ ရာနဲ့ချီ ပိတ်မိနေတယ်လို့ ကုန်တင်ယာဥ်မောင်းတွေဆီက သိရပါတယ်။

ကုန်ပစ္စည်းသယ်ယူမှုတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးနေတာဖြစ်ပြီး နောင်ချိုမြို့ဘက်က ဆင်းလာတဲ့ ကားအားလုံးကို စစ်ဆေးနေတာဖြစ်တယ်လို့ သိရပါတယ်။

“အိမ်စီးကားတွေရော၊ ကုန်တင်ယာဉ်တွေရော အစစ်ဆေးခံနေရတာပါ။ ကားတန်းသုံးထပ် အနေအထားနဲ့ ရာနဲ့ချီတန်းနေရပြီး ခြေမြစ်ပင်စာသင်ကျောင်းကျော်အထိ စောင့်ဆိုင်းနေကြရပါတယ်။ ဘာကြောင့်မှန်းတော့ မသိရသေးပါဘူး။ အတက်ကားတွေကတော့ ပုံမှန်သွားလာလို့ရနေပါတယ်”လို့ ယာဉ်မောင်းတဦးက ပြောပါတယ်။

ဝက်ဝံ X ray စစ်ဆေးရေးဂိတ်ဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစပြီး တင်းကြပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာကြောင့် မကြာခဏယာဉ်ကြောပိတ်ဆို့မှုတွေ ဖြစ်ပွားလေ့ရှိပြီး အနည်းဆုံး ၄ နာရီကနေ ၈ နာရီအထိ ကြာတယ်လို့ သိရပါတယ်။

လက်ရှိမှာ နစကအနေနဲ့ တိုင်းနဲ့ပြည်နယ်အကူး နယ်နိမိတ်နေရာတွေ၊ အဓိကကျတဲ့ လမ်းပိုင်းတွေမှာ ခရီးသွားတွေနဲ့ ကုန်တင်ယာဉ်တွေကို စစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကလည်း ပဲခူးတိုင်း၊ ဝေါမြို့နယ်က ရန်ကုန်-မော်လမြိုင်လမ်းပိုင်း ရန်ကုန်အဝင် ညောင်ခါးရှည် X-Ray စစ်ဆေးရေးဂိတ်မှာ အချိန်ကြန့်ကြာမှုတွေဖြစ်ခဲ့တဲ့အတွက် ကားတွေရာနဲ့ချီစောင့်ဆိုင်းရမှု ဖြစ်ပေါ်ခဲ့ပါသေးတယ်။

Photo Crd – Original Uploader
ပုံစာ – ဒီနေ့ ဇန်နဝါရီ ၁၆ရက်ကားတွေပိတ်မိနေတဲ့ မြင်ကွင်း
#voiceofmyanmar #VOM #ပြင်ဦးလွင် #ဝက်ဝံXrayဂိတ် #ကားတွေရာချီပိတ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW