ထန်းတပင်မှာ အသက် ၈ လအရွယ်ကလေးနဲ့အုပ်ချုပ်ရေးမှူး အပါ ၃ ယောက် ကျည်ထိမှန်သေဆုံး

ဇန်နဝါရီ ၁၈ -၂၀၂၃
VOM (GG)

ပဲခူးတိုင်း၊တောင်ငူခရိုင်၊ထန်းတပင်မြို့နယ်၊ ရွာသာယာကျေးရွာက ၈ လအရွယ်ကလေးအပါအဝင် ၃ ယောက် သေနတ်ကျည် ထိမှန်သေဆုံးခဲ့မှု မနေ့ ဇန်နဝါရီ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

သေဆုံးသူတွေကတော့ ရွာသာယာရွာက လက်ရှိ အုပ်ချုပ်ရေးမှူး နဲ့ အရင်အုပ်ချုပ်ရေးမှူးဟောင်းဆိုသူတို့ဖြစ်ပြီး ၊ အသက် ၈ လအရွယ် ကလေးကတော့ အခင်းဖြစ်ပွားတဲ့ ဥက္ကဋ္ဌတို့နေရာအနီးပတ်ဝန်းကျင်ကဖြစ်တယ်လို့ဘသိရပါတယ်။

” ပစ်ခတ်မှုတွေဖြစ်တာကို ကလေးအမေကထွက်ကြည့်ရင်း ကျည်ဆံက ကလေးကိုမှန်တာလို့သိရတယ်၊ ကလေးက ထန်းတပင်ဆေးရုံကနေ တောင်ငူ၊တောင်ငူကနေမှ နေပြည်တော်ဆေးရုံရောက်ပေမယ့် ဆုံးသွားပြီ။ အုပ်ချုပ်ရေးမှူးနှစ်ယောက်လည်း သေတယ်ပြောတယ် ။မနေ့က ၁၁ နာရီလောက်မှာဖြစ်တာ” လို့ ဒေသခံလူမှုကူညီရေးအသင်း တာဝန်ရှိသူကပြောပါတယ်။

ရွာသာယာရွာက အုပ်ချုပ်ရေးမှူး နဲ့ အရင်ဥက္ကဋ္ဌဟောင်းဆိုသူတို့ကို သေနတ်နဲ့လာရောက်ပစ်ခတ်ချိန် အခင်းဖြစ်ပွားရာ နေအိမ်အနီး မိခင်နဲ့အတူရှိနေတဲ့ အသက် ၈ လအရွယ်ကလေးငယ်ကိုပါ ကျည်ဆံထိမှန်ကာ ၃ ယောက်လုံးသေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။

အဲ့ဒီပစ်ခတ်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဘယ်အဖွဲ့အစာ်းကပြုလုပ်တယ်ဆိုတာကိုတော့ အတည်မပြုနိုင်သေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ကလည်း ထန်းတပင်မြို့နယ် ၊ကျီတော်ရွာအုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထန်းတပင် #ပစ်ခတ်မှု #ရှစ်လသားကလေးနဲ့လူသုံးဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW