နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖိလစ်ပိုင်သတင်းထောက်ကို တရားရုံးက တရားသေလွတ်ပေး

မနီလာ၊ ဇန်နဝါရီ-၁၈-၂၀၂၃
မျိုးဆက်(VOM)

အခွန်တိမ်းရှောင်မှုနဲ့ စွဲချက်တင်ခံထားရတဲ့ နိုဘယ်ဆုရရှင် ဖိလစ်ပိုင်သတင်းထောက် မာရီယာရက်စ်ဆာကို ဖိလစ်ပိုင်တရားရုံးက ဇန်နဝါရီ ၁၈ ရက်မှာ တရားသေလွတ်ပေးလိုက်ပါတယ်။

မာရီယာရက်စ်ဆာဟာ ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၃၄ နှစ်ထိ ကျခံရနိုင်ပြီး ဒီနေ့ဟာ အမှန်တရားနဲ့ တရားမျှတမှုက အနိုင်ရရှိခဲ့ကြောင်း တရားရုံးကအမိန့်ချပြီးနောက် သူကပြောပါတယ်။

သူ့ရဲ့အမှုဟာ ၂၀၁၈ ခုနှစ်မှာ စတင်ခဲ့ခြင်းဖြစ်ပြီး ရက်ပ်လာသတင်းဌာနကို တည်ထောင်သူ မစ္စရက်စ်ဆာကို ဖိလစ်ပိုင်အစိုးရက အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားရင်းနှီးမြုပ်နှံသူတွေနဲ့ ပူးပေါင်းကာ ရင်းနှီးမြုပ်နှံငွေတိုးလာတဲ့အခါ မစ္စရက်စ်ဆာနဲ့ ရက်ပ်လာသတင်းဌာနတို့ဟာ အခွန်ရှောင်တိမ်းရန် ကြိုးပမ်းခဲ့တယ်ဆိုပြီး သမ္မတဟောင်း ဒူတာတေးလက်ထက်မှာ တရားစွဲခဲ့ပါတယ်။

ဖိလစ်ပိုင်တာ၀န်ရှိသူတွေက၂၀၂၂ ခုနှစ်မှာ ရက်ပ်လာသတင်းဌာနကိုပါ ပိတ်ပစ်ဖို့ အမိန့်ထုတ်ခဲ့ပေမယ့် သတင်းဌာနကို ပိတ်မှာမဟုတ်ကြောင်း မစ္စရက်စ်ဆာက တုံ့ပြန်ခဲ့ပြီး ဥပဒေကြောင်းအရ ဆက်လက်ရင်ဆိုင်ခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မနီလာ

Related posts

VOM News

FREE
VIEW