စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ကားလုယူခံရတဲ့ ဖြစ်စဥ်ပေါင်း အကြိမ် တစ်ရာနီးပါးရှိခဲ့

ဇန်နဝါရီ ၂၀ -၂၀၂၃
SP(VOM)

ပြီးခဲ့တဲ့ ၂၀၂၂ ရဲ့ ၁နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက နေရာတွေမှာ ကားလုယူခံရတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။

” စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့နယ်၊ ရွှေဘို မြစ်ကြီးနားကားလမ်းမှာ ဆီသယ်ယာဥ် ဘောက်ဆာကား ၊ ဘိလပ်မြေအိတ်သယ်ယာဥ် နောက်တွဲကား ၊ ဌာနဆိုင်ရာ ရုံးကားတွေ အပါအဝင် ကားလုယူခံရတာ ၁၁ ကြိမ်ဖြစ်တယ် ၊ မုံရွာ မန္တလေး ကားလမ်းမှာက မုံရွာ ရန်ကုန် ​ပြေးဆွဲနေတဲ့ Elite Express ကား ၊ Denko ဆီဘောက်ဆာကား နဲ့ ဌာနဆိုင်ရာရုံးကားတွေ အပါအဝင် ကားလုယူခံရတဲ့ ဖြစ်စဥ်ပေါင်း ၁၇ ကြိမ်ရှိတယ် ၊ ဆားလင်းကြီးမြို့နယ်မှာ ဌာနဆိုင်ရာရုံးကား နဲ့ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်တွေ အပါအဝင် ကားလုယူခံရတဲ့ဖြစ်စဥ် ၆ ကြိမ် ၊ ယင်းမာပင်မြို့နယ်မှာ ၂ ကြိမ် ၊ မုံရွာမြို့နယ်မှာ အိမ်စီးကား နဲ့ ဘုန်းကြီးကျောင်းကား လုယူခံရတာ ၈ ကြိမ် ၊ ဘုတလင်မြို့နယ်မှာ စည်ပင် အမှိုက်ကား အပါအဝင် ကားလုယုခံရတာ ၄ ကြိမ် ၊မြင်းမူမြို့နယ်မှာ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်တွေ အပါအဝင် ကားလုယူခံရတာ ၆ ကြိမ် ၊ အရာတော်မြို့နယ်နဲ့ မြင်းမူမြို့နယ်အကြား အရာတော် ထီးစောင်းလမ်းမှာ အိမ်စီးကား လုယူခံရတာ ၃ ကြိမ် ၊ စစ်ကိုင်းမြို့နယ် ၊ဆားတောင်မြို့ အပါအဝင် ဘုန်းကြီးကျောင်းကား လုယုခံရတာ ၄ ကြိမ် ၊ ဝက်လက်မြို့နယ်မှာ ဘုန်းကြီးကားလုယုခံရတာ ၈ ကြိမ် ၊ မြောင်မြို့နယ်မှာ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်နဲ့ ဘုန်းကြီးကားလုယူခံရတာ ၄ ကြိမ် ၊ ပုလဲမြို့နယ် ၊ ပုံတောင်လမ်းမှာ လူနာတင်ယာဥ်နဲ့ ဘုန်းကြီးကား လုယူခံရတာ ၆ ကြိမ် ၊ ဌာနဆိုင်ရာရုံးကား ၂ ကြိမ် ၊ ကလေးမြို့နယ်မှာ စည်ပင်အမှိုက်ကား အပါအဝင် ကားလုယုခံရတာ ၅ ကြိမ် ၊ တမူးမြို့နယ်မှာ ၃ ကြိမ် ၊ မင်းကင်းမြို့နယ်မှာ ၂ ကြိမ် ၊ ပင်လည်ဘူး ၊ ဝန်းသို ၊ ကောလင်းနဲ့ ဗန်းမောက်မြို့နယ်တွေဘက်မှာလည်း ဖြစ်တာရှိတယ် ” လို့ စစ်ကိုင်းတိုင်း လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ပြောပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” ပြီးခဲ့တဲ့ နှစ် ၂၀၂၂ မေ၂၆ ရက်က မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ဆိပ်ဖြူမြို့နယ် ၊ အလယ်စုကျေးရွာမှာ ကုန်စုံဆိုင် ပိုင်ရှင်လင်မယား အသတ်ခံရပြီး အိမ်စီးကားနဲ့ ရွှေထည်ပစ္စည်းတွေ လုယူခံရတယ် ၊ သေဆုံးသူတွေကတော့ ဦးညိုမြင့် နဲ့ သူ့မိန်းမ ဒေါ်သီတာမိုးတို့ ၂ ဦးဖြစ်တယ် ၊ မေ ၂၇ ရက်မှာ ရေစကြိုမြို့နယ် ၊ ဇယမကျေးရွာက သာသနာ့ဇောတိကကျောင်းတိုက် ကျောင်းထိုင် ဆရာတော် အသတ်ခံရပြီး ဘုန်းကြီးကား လုယူခံရတယ် ၊ အဲ့ဒီနောက် မူဆယ် – ပေါက် ပြေးဆွဲနေတဲ့ ခရီးသည်တင်ကား လုယူခံရတယ် ၊ အိမ်စီးကား နဲ့ ဘုန်းကြီးကား လုယူခံရတဲ့ ဖြစ်စဥ်တွေနဲ့ ပတ်သက်ပြီး ဆိပ်ဖြူမြို့နယ်မှာ ၃ ကြိမ် ၊ ပေါက်မြို့နယ်မှာ ၉ ကြိမ် ၊ မြိုင်မြို့နယ်မှာ ၁၄ ကြိမ် ၊ နဲ့ ပခုက္ကူမြို့နယ်မှာ ၁၁ ကြိမ် ဖြစ်ပွားခဲ့တယ် ” လို့ ပြောပါတယ်။

အဲ့ဒီလို အိမ်စီးကားတွေနဲ့ ဘုန်းကြီးကျောင်းကားတွေ လုယူခံရတဲ့ဖြစ်စဥ်တွေထဲမှာ ပေါက်မြို့နယ်နဲ့ ပုလဲ ဂန့်ဂေါလမ်းက လုယူဖျက်ဆီးခံရတဲ့ (ကပစ) သယ်ယူပို့ဆောင်ရေး ကားတွေ ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။

အဲ့ဒီအပြင် ကားလုယူခံရတာကြောင့် အသက်သေဆုံးခဲ့ရသူ လူပုဂ္ဂိုလ် ၇၀ ကျော်နဲ့ ဘုန်းကြီးရဟန်း ၁၈ ပါးရှိတယ်လို့ မှတ်တမ်းတွေအရ သိရတာဖြစ်ပြီး အဲ့ဒီ လုယူခံရတဲ့ကားတွေနဲ့ ပတ်သက်ပြီး ဒီကနေ့အထိ ပိုင်ရှင်က ပြန်ရတယ်ဆိုတာ မကြားရသေးပါဘူး။

#voiceofmyanmar #VOM #စစ်ကိုင်းတိုင်း #မကွေးတိုင်း #ကားလုယူခံရတဲ့ဖြစ်စဥ် #အကြိမ်တစ်ရာနီးပါရှိခဲ့

Related posts

Leave a Comment

VOM News

FREE
VIEW