ယူကရိန်းစစ်ပွဲမှာ ရုရှားအရေးနိမ့်ရင် နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတဟောင်း သတိပေး

မော်စကို၊ ဇန်နဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲမှာ ရုရှားရှုံးခဲ့မယ်ဆိုရင် နျူကလီးယားစစ်ပွဲဖြစ်နိုင်ကြောင်း ရုရှားသမ္မတပူတင်ရဲ့ မဟာမိတ်တဦးက နေတိုးအဖွဲ့ကို သတိပေးပြောကြားလိုက်ပါတယ်။ ရုရှားကို ဖျက်ဆီးဖို့အနောက်အုပ်စုက ကြိုးပမ်းပါက ကမ္ဘာကြီးဟာ ဆုံးခန်းတိုင်သွားမှာဖြစ်ကြောင်း ရုရှား အော်သိုဒေါ့ဘုရားကျောင်းအကြီးအကဲလည်း ပြီးခဲ့တဲ့နေ့က ပြောကြားပြီးနောက် ပူတင်ရဲ့မဟာမိတ်ကလည်း အခုလိုက် သတိပေးလိုက်တာဖြစ်ပါတယ်။ သမရိုးကျစစ်ပွဲတခုမှာ နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံက စစ်ရှုံးတယ်ဆိုတာ နျူကလီးယာစစ်ပွဲ ဖြစ်စေနိုင်တယ်လို့ ပူတင်ရဲ့ သြဇာကြီးမားတဲ့ ရုရှားလုံခြုံရေးကောင်စီမှာ ဒုတိယဥက္ကဌအဖြစ် တာ၀န်ယူထားတဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်က သတိပေးပြောဆိုပါတယ်။ အခုလို သတိပေးစကားတွေ ထုတ်ဖော်ပြောဆိုလာတာဟာ ယူကရိန်းကို လက်နက်တွေပိုမိုထောက်ပံ့ဖို့ မဟာမိတ်တွေရဲ့အစည်းအဝေးမတိုင်ခင်မှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်တွေ စစ်ပွဲမှာ ထဲထဲ၀င်၀င် ပါမလာရေး တားဆီးဖို့ ရွယ်ပုံရပါတယ်။ နျူကလီးယားအင်အားကြီးနိုင်ငံတွေဟာ သူတို့ရဲ့ကံကြမ္မာအပေါ် အလောင်းအစားလုပ်နေရတဲ့ပဋိပက္ခတွေမှာ ဘယ်တော့မှ အရှုံးမခံဘူးလို့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ ရုရှားသမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ မက်ဒီဗက်က…

Read More

ဂျပန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှု နှစ် ၄၀ ကျော်အတွင်း စံချိန်တင်မြင့်တက်

တိုကျို၊ ဇန်နဝါရီ ၂၀-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံရဲ့ ငွေကြေးဖောင်းပွမှုဟာ ၄၁ နှစ်အတွင်း အမြင့်ဆုံးထိ စံချိန်တင်မြင့်တက်နေကြောင်း တာ၀န်ရှိသူတွေက ဇန်နဝေါရီ ၂၀ ရက်မှာ ပြောပါတယ်။ လွန်ခဲ့တဲ့လအတွင်း အဓိကစားသုံးသူစျေးနှုန်းဟာ ယမန်နှစ်ကထက် လေးရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ဒါဟာ ဂျပန်ဗဟိုဘဏ်က ခန့်မှန်းထားတာထက် နှစ်ဆတိုးနေပါတယ်။ လူနေမှုစရိတ် ကြီးမြင့်လာခြင်းကို သက်သာစေဖို့ အတွက် အတိုးနှုန်းကို မြှုင့်တင်ဖို့ ဗဟိုဘဏ်အနေနဲ့ နောက်ထပ်ဖိအားတွေနဲ့ ရင်ဆိုင်နေရပါတယ်။ ဇန်နဝါရီ ၂၀ ရက်မှာ တရား၀င်ထုတ်ပြန်တဲ့ အချက်အလက်တွေအရ ဂျပန်နိုင်ငံရဲ့ငွေကြေးဖောင်းပွမှုဟာ ၁၉၈၁ ခုနှစ်နောက်ပိုင်း အမြင့်ဆုံးဖြစ်ပြီး ဗဟိုဘဏ်ရဲ့ခန့်မှန်းချက် ၂ ရာခိုင်နှုန်းထက် ကိုးလဆက်တိုက်ပိုများနေပါတယ်။ ဂျပန်နိုင်ငံအပြင် အခြားနိုင်ငံတွေမှာလည်း ငွေကြေးဖောင်းပွမှုတွေ ဖြစ်ပေါ်နေပြီး အမေရိကန်မှာ ဒီဇင်ဘာလအတွင်း ၆ ဒသမ ၅ ရာခိုင်နှုန်း၊ ဥရောပဇုန်မှာ ၉ ဒသမ ၂ ရာခိုင်နှုန်းနဲ့…

Read More

ရန်ကုန်မှာ စာရင်းစစ်ဌာန လထ ညွန်ကြားရေးမှူးဟောင်း ဆိုသူ အသတ်ခံရ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနဲ ငြိမ်းချမ်းရေးဖော်ဆောင်မှုဗဟိုဌာနလည်း ဗုံးခွဲခံရ

ဇန်နဝါရီ ၂၀ – ၂၀၂၃ GG(VOM) ရန်ကုန်၊ မြောက်ဒဂုံမှာ ဒီနေ့ ဇန်နဝါရီ၂၀ ရက် မနက်ပိုင်းမှာ စာရင်းစစ်ဌာန လက်ထောက် ညွန်ကြားရေးမှူးဟောင်း ဆိုသူ သေနတ်နဲ့ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ သိရပါတယ်။ မြောက်ဒဂုံမြို့နယ် ၊ ၄၀ ရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ လမ်းဘေး ၄၀ စျေးထဲမှာ စျေးဝယ်နေစဥ် သေနတ်နဲ့ပစ်သတ်ခံလိုက်ရတာဖြစ်တယ်လို့သိရပါတယ်။ ” မနက် အစော ၇ နာရီကျော်လောက်မှာ ပစ်ခတ်မှုဖြစ်တာ။ သေနတ်မှန်ပြီးတော့ စစ်သားတွေရောက်လာတယ် စစ်ဆေးရုံခေါ်သွားကြတယ်။ အခု သေပြီလို့ ကြားတယ် ၊ နဖူးကို ပစ်သွားတာလို့သိရတယ် ၊ဟုတ်တယ် လက်ထောက် ညွန်ကြားရေးမှူးဟောင်းလို့ကြားတယ် ” လို့ မြောက်ဒဂုံနေထိုင်သူတဦးကပြောပါတယ်။ သေနတ်နဲ့ပစ်ခံရတဲ့ စာရင်းစစ်ဌာန လက်ထောက်ညွန်ကြားရေးမှူးဟောင်း ဆိုသူဟာ မြောက်ဒဂုံမြို့နယ်နေထိုင်သူ အသက် ၆၄ နှစ်အရွယ် ရှိ ဦးရွှေဝင်းဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့…

Read More

ပင်စင်ယူရမယ့် အသက်အရွယ်တိုးမြှင့်မယ့်အစီအစဉ်အပေါ် ပြင်သစ်မြို့ကြီး ၂၀၀ မှာ လူသန်းချီဆန္ဒပြ

ပါရီ၊ ဇန်နဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံမှာ ပင်စင်ယူရမယ့် အသက်အရွယ်ကို တိုးမြှင့်မယ့် အစီအစဉ်အပေါ် နိုင်ငံတစ်၀န်းမှာ ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီး ဇန်နဝါရီ ၁၉ ရက်ကပြုလုပ်တဲ့ ဆန္ဒပြပွဲမှာ လူတသန်းကျော်ထိ ပါ၀င်ခဲ့တယ်လို့ ပြင်သစ်ပြည်ထဲရေး၀န်ကြီးဌာနက ပြောပါတယ်။ ပါလီမန်မှာ တင်သွင်းမယ့် ဥပဒေကြမ်းမှာ ပင်စင်ယူရမယ့် အသက်အရွယ်ကို ၆၂ နှစ်ကနေ ၆၄ နှစ်အထိ တိုးမြှင့်သွားဖို့ စီစဉ်နေတဲ့ အပေါ် နိုင်ငံတ၀န်း အလုပ်သမားတွေက ဆန့်ကျင်ဆန္ဒပြနေကြတာဖြစ်ပါတယ်။ မြို့တော်ပါရီအပါအ၀င် မြိူ့ကြီး ၂၀၀ မှာ ဆန္ဒပြမှုများကြောင့် ကျောင်းများနှင့် အများပြည်သူဆိုင်ရာ ပို့ဆောင်ရေးလုပ်ငန်း အများအပြားကို ပိတ်သိမ်းခဲ့ရပြီး ပဲရစ်မြို့ရှိ အော်လီလေဆိပ်မှာ လေယာဉ်ခရီးစဉ်ငါးခုမှာ တခုဖျက်သိမ်းခဲ့ရပါတယ်။ အနာဂတ်မှာ ပင်စင်စနစ်ရဲ့ ကြီးမားတဲ့လိုငွေပြမှုကို တားဆီးဖို့အတွက် ပြုပြင်ပြောင်းလဲမှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်း ပြင်သစ်၀န်ကြီးချုပ် အဲလိဇဘတ်ဘော်နီက ပြောပါတယ်။ ပင်စင်ယူရမယ့် အသက်အရွယ် ပြောင်းလဲမှုဟာ…

Read More

မြင်းမူမြို့နယ် လဝကရုံး မီးလောင်

ဇန်နဝါရီ ၊ ၂၀-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ ၊ အောင်ဇေယျရပ်ကွက်မှာရှိတဲ့ မြို့နယ် လဝက ရုံး အဆောက်အဦဟာ မနေ့ ဇန်နဝါရီ ၁၉ ရက် ညပိုင်းက မီးလောင်ခဲ့တယ်လို့ မြင်းမူမြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ညဦးပိုင်းမှာ မြို့ထဲ ပစ်ခတ်မှုတွေဖြစ်တယ် ၊ည ၇ နာရီဝန်းကျင်မှာ လဝကရုံး မီးရှို့ခံရတယ် ၊ ၉ နာရီမှာ မီးငြိမ်းသတ်တာ ပြီးစီးတယ်”လို့ မြင်းမူမြို့နယ် မီးသတ်တပ်ဖွဲ့ဝင် တယောက်က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုကြောင့် ရုံး အဆောက်အဦ မီးစွဲလောင်ပြီး ရုံးတွင်းက ပရိဘောဂ ပစ္စည်းတချို့နဲ့ ရုံးသုံး မှတ်တမ်းမှတ်ရာတွေ ပျက်စီးဆုံးရှုံးသွားတယ်လို့ သိရပါတယ်။ မနေ့က မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ၊ တမူးမြို့…

Read More

ယူကရိန်းအတွက် လက်နက်ကြီးတွေ ထပ်မံထောက်ပံ့မယ်လို့ နိုင်ငံအများအပြား ကတိပြု

ကိဗ်ယက်၊ ဇန်နဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံကို နောက်ထပ်လက်နက်အကြီးစားတွေ ထောက်ပံ့ပေးဖို့ သမ္မတဇီလန်စကီးရဲ့တောင်းဆိုချက်ကို နိုင်ငံအများအပြားက လက်ခံသဘောတူလိုက်ကြပါတယ်။ အမေရိကန်ကတော့ သံချပ်ကာယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအပါအ၀င် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။ ဗြိတိန်ကလည်း ရာနဲ့ချီတဲ့ဒုံးကျည်တွေ ယူကရိန်းကို ထောက်ပံ့ပေးမှာဖြစ်ပြီး ဥရောပနိုင်ငံအများအပြားကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ဖို့ ကတိပြုထားကြပါတယ်။ ယူကရိန်း လက်နက်တွေထောက်ပံ့ရေး က ညှိနှိုင်းအစည်းအဝေးကို နိုင်ငံပေါင်း ၅၀ ဂျာမနီမှာ ဇန်နဝါရီ ၂၀ ရက်က မပြုလုပ်ခင်မှာ အခုလို ကတိက၀တ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပိုလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဒိန်းမတ်၊ ချက်၊ အက်စတိုးနီးယား၊ နယ်သာလန်နဲ့ စလိုဗက်ကီးယားနိုင်ငံတို့ကလည်း ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM…

Read More

တရုတ်ရဲ့တကြော့ပြန် ကိုဗစ်နဲ့ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေလာနိုင်မလား

ဇန်နဝါရီ ၂၀ – ၂၀၂၃ SN (VOM) တရုတ်နိုင်ငံ အစိုးရဘက်က ကိုဗစ်ရောဂါကြောင့် လိုအပ်သလို ထိန်းချုပ်ကန့်သတ်ခဲ့ရတဲ့ နယ်စပ်ဂိတ်တချို့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကစလို့ ကန့်သတ်မှုတွေ ဖြေလျော့ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့မီဒီယာတွေက တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇခွဲ Omicron BF.7 ကို လူတွေ အစုလိုက် ဖြစ်ပွားနေတာတွေ၊ ဆေးရုံမှာ လူနာတွေပုံနေတာတွေကို လူမှုကွန်ရက်က ဗီဒီယိုတွေနဲ့ ဖော်ပြနေချိန် တရုတ်အစိုးရကတော့ ကိုဗစ်စည်းကမ်းတွေကို ဖျက်သိမ်းပြီး နိုင်ငံတကာ ခရီးသွားလာမှုနဲ့ နယ်စပ်စည်းအားလုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်ကစလို့ ပြန်ဖွင့်ပေးဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးကြာပိတ်ထားရတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံဘက်က လူအဝင်အထွက်၊ ကုန်ပစ္စည်း အဝင်အထွက်တွေကို အခု ၂၀၂၃ ခုနှစ်၊…

Read More

စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ကားလုယူခံရတဲ့ ဖြစ်စဥ်ပေါင်း အကြိမ် တစ်ရာနီးပါးရှိခဲ့

ဇန်နဝါရီ ၂၀ -၂၀၂၃ SP(VOM) ပြီးခဲ့တဲ့ ၂၀၂၂ ရဲ့ ၁နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက နေရာတွေမှာ ကားလုယူခံရတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ” စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့နယ်၊ ရွှေဘို မြစ်ကြီးနားကားလမ်းမှာ ဆီသယ်ယာဥ် ဘောက်ဆာကား ၊ ဘိလပ်မြေအိတ်သယ်ယာဥ် နောက်တွဲကား ၊ ဌာနဆိုင်ရာ ရုံးကားတွေ အပါအဝင် ကားလုယူခံရတာ ၁၁ ကြိမ်ဖြစ်တယ် ၊ မုံရွာ မန္တလေး ကားလမ်းမှာက မုံရွာ ရန်ကုန် ​ပြေးဆွဲနေတဲ့ Elite Express ကား ၊ Denko ဆီဘောက်ဆာကား နဲ့ ဌာနဆိုင်ရာရုံးကားတွေ အပါအဝင် ကားလုယူခံရတဲ့ ဖြစ်စဥ်ပေါင်း ၁၇ ကြိမ်ရှိတယ် ၊ ဆားလင်းကြီးမြို့နယ်မှာ ဌာနဆိုင်ရာရုံးကား နဲ့ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်တွေ အပါအဝင်…

Read More

နစက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ(ANP) ဝင်ပြိုင်မယ်

ဇန်နဝါရီ ၁၉-၂၀၂၃ KT(VOM) ရခိုင်အမျိုးသားပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် နစက ကကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲကိုဝင်မှာဖြစ်တယ် ရခိုင်အမျိုးသားပါတီ (ANP)ပါတီမူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဦးဘရှိန်ကပြောပါတယ်။ ရခိုင်အမျိုးသားပါတီ မှ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှက်တော်သက်တမ်း နှစ်ဆက်ပါဝင်ခဲ့သူ ဦးဘရှိန်ကို Voice Of Myanmar(VOM)က ဆက်သွယ်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မှာလားဆိုတာတွေကို မေးမြန်းထားတာဖြစ်ပါတယ်။ VOM-မေး။ ။ရခိုင်အမျိုးသားပါတီအနေနဲ့(နစက )ကကျင်းပမယ့်ရွေးကောက်ပွဲမှာအရွေးခံမှာပါလား.. ဦးဘရှိန်က-ဖြေ။ ။ရခိုင်အမျိုးသားပါတီအနေနဲ့ရွေးကောက်ပွဲဝင်မှာပေါ့၊ရွေးကောက်ပွဲဝင်ဖို့ဖွဲ့စည်းထားတဲ့ပါတီပဲ၊ ရွေးကောက်ပွဲကိုပြည်သူတွေက စိတ်ဝင်စားတာ/စိတ်မဝင်စားတာကတော သူတို့ကဏ္ဍ/သူတို့အမြင်ရှိကြပါလိမ့်မယ်၊ စိတ်ဝင်စားသူတွေက ရွေးကောက်ပွဲကို အားပေးထောက်ခံကြလိမ့်မယ်၊စိတ်မဝင်စားသူက စိတ်မဝင်စားကြောင်းပြကြလိမ့်မယ်၊ဒါကတပိုင်း၊လက်ရှိအာဏာရယူထားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲ ရွေးကောက်ပွဲမလုပ်မချင်း အာဏာကိုဘယ်လိုပုံစံနဲ့မှ အပြောင်းအလဲလုပ်လို့မရဘူး၊ ရွေးကောက်ပွဲတွေလုပ်ပြီးရင် အာဏာတွေကိုဘယ်ပုံစံနဲ့အပြောင်းအလဲလုပ်မလဲဆိုတဲ့ပုံစံ ပေါ်လာမယ်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေတုန်းက သူယူထားတဲ့အာဏာကို ရွေးကောက်ပွဲအပြီးမှာ အာဏာကိုခွဲပေးလိုက်တယ်လေ၊ အခု အဲဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့လုပ်ပေးချင်နေတယ်ဆိုတာ​မျိုး ဦးလေးတို့နားလည်ထားတယ်၊ဦးသန်းရွှေက အုပ်ချုပ်မယ့်သူကိုသမ္မတ ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ပေးလိုက်တယ်၊ဥပဒေပြုမယ့် လွှတ်တော် ဖွဲ့ပေးတယ်၊တရားစီရင်ရေးအပိုင်း သပ်သပ်လုပ်ပေးခဲ့တယ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာအတွက် လက်ရှိကာကွယ်ရေးဦးစီးချုပ်ကို တာဝန်အသီးသီးခွဲဝေပေးခဲ့တယ်။…

Read More

တမူးခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ

ဇန်နဝါရီ ၊ ၁၉ -၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့ ၊ စော်ဘွား အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံး အဆောက်အဦဟာ ဒီကနေ့ မနက်ပိုင်းက မီးရှို့ခံရတယ်လို့ တမူးခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်က စလောင်တယ် ၊ ၁၁ နာရီ ၁၁ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ် ၊ ပျဥ်ကာ ၁ ထပ် အဆောက်ဦး ၁ လုံး ဆုံးရှုံးတယ်”လို့ ခရိုင် မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒီကနေ့ ၊ နေ့လယ်ပိုင်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရတာက တမူးခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးကို တမူး…

Read More
VOM News

FREE
VIEW