နစက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ(ANP) ဝင်ပြိုင်မယ်

ဇန်နဝါရီ ၁၉-၂၀၂၃
KT(VOM)

ရခိုင်အမျိုးသားပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် နစက ကကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲကိုဝင်မှာဖြစ်တယ် ရခိုင်အမျိုးသားပါတီ (ANP)ပါတီမူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဦးဘရှိန်ကပြောပါတယ်။

ရခိုင်အမျိုးသားပါတီ မှ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှက်တော်သက်တမ်း နှစ်ဆက်ပါဝင်ခဲ့သူ ဦးဘရှိန်ကို Voice Of Myanmar(VOM)က ဆက်သွယ်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မှာလားဆိုတာတွေကို မေးမြန်းထားတာဖြစ်ပါတယ်။

VOM-မေး။ ။ရခိုင်အမျိုးသားပါတီအနေနဲ့(နစက )ကကျင်းပမယ့်ရွေးကောက်ပွဲမှာအရွေးခံမှာပါလား..
ဦးဘရှိန်က-ဖြေ။ ။ရခိုင်အမျိုးသားပါတီအနေနဲ့ရွေးကောက်ပွဲဝင်မှာပေါ့၊ရွေးကောက်ပွဲဝင်ဖို့ဖွဲ့စည်းထားတဲ့ပါတီပဲ၊ ရွေးကောက်ပွဲကိုပြည်သူတွေက စိတ်ဝင်စားတာ/စိတ်မဝင်စားတာကတော သူတို့ကဏ္ဍ/သူတို့အမြင်ရှိကြပါလိမ့်မယ်၊ စိတ်ဝင်စားသူတွေက ရွေးကောက်ပွဲကို အားပေးထောက်ခံကြလိမ့်မယ်၊စိတ်မဝင်စားသူက စိတ်မဝင်စားကြောင်းပြကြလိမ့်မယ်၊ဒါကတပိုင်း၊လက်ရှိအာဏာရယူထားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲ ရွေးကောက်ပွဲမလုပ်မချင်း အာဏာကိုဘယ်လိုပုံစံနဲ့မှ အပြောင်းအလဲလုပ်လို့မရဘူး၊ ရွေးကောက်ပွဲတွေလုပ်ပြီးရင် အာဏာတွေကိုဘယ်ပုံစံနဲ့အပြောင်းအလဲလုပ်မလဲဆိုတဲ့ပုံစံ ပေါ်လာမယ်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေတုန်းက သူယူထားတဲ့အာဏာကို ရွေးကောက်ပွဲအပြီးမှာ အာဏာကိုခွဲပေးလိုက်တယ်လေ၊ အခု အဲဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့လုပ်ပေးချင်နေတယ်ဆိုတာ​မျိုး ဦးလေးတို့နားလည်ထားတယ်၊ဦးသန်းရွှေက အုပ်ချုပ်မယ့်သူကိုသမ္မတ ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ပေးလိုက်တယ်၊ဥပဒေပြုမယ့် လွှတ်တော် ဖွဲ့ပေးတယ်၊တရားစီရင်ရေးအပိုင်း သပ်သပ်လုပ်ပေးခဲ့တယ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာအတွက် လက်ရှိကာကွယ်ရေးဦးစီးချုပ်ကို တာဝန်အသီးသီးခွဲဝေပေးခဲ့တယ်။ ဒါကဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က အာဏာခွဲဝေပေးခဲ့မှုပုံစံ၊ အခု ကာကွယ်ရေးဦးစီးချုပ်က နိုင်ငံအာဏာကို ကျင့်သုံးနေတယ်၊အာဏာအရပ်ရပ်ကိုကျင့်သုံးပြီး ရွေးကောက်ပွဲလုပ်မယ်၊လုပ်ပြီးတဲ့အခါ အာဏာကို ဘယ်လိုပုံစံနဲ့အလွှဲအပြောင်းလုပ်မလဲဆိုတဲ့မြင်ကွင်းက ရွေးကောက်ပွဲပြီးမှပေါ်လာမှာ ဆိုတော့ ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးရဲ့အရွေ့ဖြစ်ပါတယ်။ရွေးကောက်ပွဲမရှိရင်နိုင်ငံရေးအရွေ့မရှိနိုင်ပါဘူး။

VOM – မေး။ ရခိုင်မှာနေထိုင်ကြတဲ့ပြည်သူတွေအနေနဲရွေးကောက်ပွဲကိုစိတ်ဝင်စားမှုရှိပါရဲ့လား…
ဦးဘရှိန် – ဖြေ။ ရခိုင်ပြည်သူတွေ ရွေးကောက်ပွဲကိုအာရုံစိုက်မှုရှိကြရမှာပါပဲ၊ ရှိတယ် မရှိဘူးဆိုတာတော့ လတ်တလောမှာ ရွေးချယ်ခံမယ့်ကိုယ်စားလှယ်တွေ ပြည်သူထဲကို ဆင်းလို့မရသေးဘူးလေ၊ ကွင်းဆင်းပြီးတော့ စည်းရုံးရေးလုပ်မှ စိတ်ဝင်စားတယ်၊စိတ်မဝင်စားဘူးသိရမယ့်ကိစ္စဖြစ်တော့ အဲဒီအခါမှပြောနိုင်ပါမယ်၊ဒါပေမယ့် ပါတီခေါင်းဆောင်ပိုင်းက တာဝန်ရှိသူတွေနဲ့ အမြဲလိုလို ထိတွေ့နေရတော့ ပါတီမူဝါဒသဘောအရတော့ ရွေးကောက်ပွဲဝင်မယ် မူကို မဖောက်မဖျက်ဘဲ ရွေးကောက်ပွဲကို ဖြတ်သန်းဖို့ ဆုံးဖြတ်ထားတယ်ဆိုတာတော့ သဘောပေါက်ကြပါတယ်။
တချို့ကရွေးကောက်ပွဲဝင်လိုက်ရင် စစ်အုပ်စုရဲ့အလိုကျလုပ်တယ်ဆိုတဲ့ဝေဖန်မှာကို ကြောက်တဲ့အတွေးကြောင့် ရွေးကောက်ပွဲဆိုတာကို မပြောချင်သူတွေလည်းရှိနေကြပါတယ်၊ရွေးကောက်ပွဲဝင်တာကစစ်ခေါင်းဆောင်တွေ အလိုကျတာ၊မကျတာနဲ့မဆိုင်ဘူး နိုင်ငံရေးအရွေ့တစ်ခုကိုသွားချင်ရင် သွားမယ်ဆိုရင် ရွေးကောက်ပွဲကိုလက်ခံရမှာပဲ ဒီလိုပဲ ဦးလေးတို့မြင်ပါတယ်၊ ပြည်သူတွေမှာ သူတို့ခံစားချက်ကိုပြောပေးနိုင်မယ် ကိုယ်စားလှယ်လိုနေတယ်လို့တွေ့သမျှလူတွေကပြောနေကြပြီ၊ဒါကြောင့်ရွေးကောက်ပွဲကို ပြည်သူတွေစိတ်ဝင်စားတယ်လို့ ဦးလေးတော့သုံးသတ်ပါတယ်။

VOM-မေး။ ရခိုင်ပြည်နယ်မှာပါတီဘယ်နှစ်ခုရှိပါသလဲ…
ဦးဘရှိန်-ဖြေ။ ရခိုင်ပြည်ကို စိတ်ဝင်စားတဲ့ပါတီကတော့ လက်ရှိ တရားဝင်ရှိနေတာကတော့ NLD ရှိမယ်၊တစည၊USDP၊ရခိုင်အမျိုးသားပါတီ၊ဦးအေးမောင်ရဲ့ရခိုင်ဦးဆောင်ပါတီ၊ALD ပါတီ၊အမျိုးသားအင်အားစုဆိုတာရှိတယ်၊ပါတီတွေများပါတယ်၊ဒါပေမယ့်ပြည်သူတွေခေါင်းထဲရှိတာတော့ နည်းတာပေါ့နော်၊ဦးအေးမောင်ပါတီကတော့ တစ်ချိန်က ထင်ပေါ်ခဲ့တာပေါ့နော်( ANP )ရခိုင်အမျိုးသားပါတီကတော့ ပုံမှန်အတိုင်းရှိနေမှာပေါ့နော်၊ ပါတီတွေအနေနဲ့ကတော့ နိုင်ငံရေးအရွေ့တစ်ခုဖြစ်လာမယ့် ရွေးကောက်ပွဲကို မျှော်ကြတာပေါ့နော်၊ နိုင်ငံရေးဆိုတာ ငြိမ်သက်နေလို့မရပါဘူး၊ အရွေ့ရှိမှ အပြောင်းအလဲရှိမှာလေ၊ ရခိုင်အမျိုးသားပါတီအနေနဲ့ ရွေးကောက်ပွဲဝင်ဖို့ ပါတီထောင်ထားတာဖြစ်လို့ ရွေးကောက်ပွဲဝင်မယ်၊မဝင်ရင် ပါတီဖျက်ပြီလေ၊ ရွေးကောက်ပွဲဝင်ဖို့ကြေညာချက်တွေမထုတ်ဖူးလားလိုမေးကြတယ်၊ကြေညာချက်ထုတ်စရာမလိုဘူးလေ၊ လိုအပ်မှကြေညာချက်ထုတ်ရတာ။

VOM-မေး။ ရွေးကောက်ပွဲကော်မရှင်ကအကြောင်းကြားတာတွေရှိပါသလား
ဦးဘရှိန်-ဖြေ။ ။ကော်မရှင်ကအကြောင်းကြားတာတွေမရှိသေးပါဘူး၊PR စနစ်ကျင့်သုံးမယ်ဆိုတော PR စနစ်နဲ့ဆိုင်တဲ့ရွေးကောက်ပွဲဥပဒေ တရားဝင်ထွက်တာမတွေ့သေးဘူး၊ ဥပဒေထွက်လာပြီးတဲ့အခါဘယ်နေ့၊ဘယ်ရက်မှာ ရွေးကောက်ပွဲလုပ်မယ်ဆိုတာကြေညာမှာပေါ့၊ လက်ရှိမှာတော့ ပြည်ခိုင်ဖြိုးပါတီ၊ဦးကိုကိုကြီးပါတီတို့ပဲ လှုပ်ရှားတာတွေ့နေရပါတယ်၊နိုင်ငံရေးလှုပ်ရှားမှုအနည်းအကျဉ်းသာတွေ့ရကြောင်းပြောလိုပါတယ်။ ကျေးဇူးတင်ပါတယ်ခင်ဗျာ

#voiceofmyanmar #VOM #ရခိုင်အမျိုးသားပါတီ(ANP) #voiceofmyanmar #ရွေးကောက်ပွဲ #နစက #ဆက်သွယ်မေးမြန်းချက်

Related posts

Leave a Comment

VOM News

FREE
VIEW