ယူကရိန်းစစ်ပွဲမှာ ရုရှားအရေးနိမ့်ရင် နျူကလီးယားစစ်ပွဲဖြစ်လာနိုင်တယ်လို့ ရုရှားသမ္မတဟောင်း သတိပေး

မော်စကို၊ ဇန်နဝါရီ-၂၀-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲမှာ ရုရှားရှုံးခဲ့မယ်ဆိုရင် နျူကလီးယားစစ်ပွဲဖြစ်နိုင်ကြောင်း ရုရှားသမ္မတပူတင်ရဲ့ မဟာမိတ်တဦးက နေတိုးအဖွဲ့ကို သတိပေးပြောကြားလိုက်ပါတယ်။

ရုရှားကို ဖျက်ဆီးဖို့အနောက်အုပ်စုက ကြိုးပမ်းပါက ကမ္ဘာကြီးဟာ ဆုံးခန်းတိုင်သွားမှာဖြစ်ကြောင်း ရုရှား အော်သိုဒေါ့ဘုရားကျောင်းအကြီးအကဲလည်း ပြီးခဲ့တဲ့နေ့က ပြောကြားပြီးနောက် ပူတင်ရဲ့မဟာမိတ်ကလည်း အခုလိုက် သတိပေးလိုက်တာဖြစ်ပါတယ်။

သမရိုးကျစစ်ပွဲတခုမှာ နျူကလီးယားပိုင်ဆိုင်တဲ့နိုင်ငံက စစ်ရှုံးတယ်ဆိုတာ နျူကလီးယာစစ်ပွဲ ဖြစ်စေနိုင်တယ်လို့ ပူတင်ရဲ့ သြဇာကြီးမားတဲ့ ရုရှားလုံခြုံရေးကောင်စီမှာ ဒုတိယဥက္ကဌအဖြစ် တာ၀န်ယူထားတဲ့ ရုရှားသမ္မတဟောင်း ဒီမီထရီမက်ဗီဒက်က သတိပေးပြောဆိုပါတယ်။

အခုလို သတိပေးစကားတွေ ထုတ်ဖော်ပြောဆိုလာတာဟာ ယူကရိန်းကို လက်နက်တွေပိုမိုထောက်ပံ့ဖို့ မဟာမိတ်တွေရဲ့အစည်းအဝေးမတိုင်ခင်မှာ အမေရိကန်ဦးဆောင်တဲ့ နေတိုးမဟာမိတ်တွေ စစ်ပွဲမှာ ထဲထဲ၀င်၀င် ပါမလာရေး တားဆီးဖို့ ရွယ်ပုံရပါတယ်။

နျူကလီးယားအင်အားကြီးနိုင်ငံတွေဟာ သူတို့ရဲ့ကံကြမ္မာအပေါ် အလောင်းအစားလုပ်နေရတဲ့ပဋိပက္ခတွေမှာ ဘယ်တော့မှ အရှုံးမခံဘူးလို့ ၂၀၀၈ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ထိ ရုရှားသမ္မတအဖြစ် တာ၀န်ထမ်းဆောင်ခဲ့တဲ့ မက်ဒီဗက်က သတိပေးပြောဆိုပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW