ယူကရိန်းအတွက် အမေရိကန်နဲ့ဂျာမနီက တင့်ကားတွေပေးပို့ဖို့ စီစဉ်နေ၊ ပြောင်ပြောင်တင်းတင်း ရန်စမှုလို့ ရုရှား သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၂၅-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်နဲ့ ဂျာမနီတို့ဟာ လပေါင်းများစွာတွန့်ဆုတ်ခဲ့ပြီးနောက် ယူကရိန်းအတွက် တင့်ကားတွေပေးပို့ဖို့ စီစဉ်နေပြီး ဒါဟာ စစ်မြေပြင်မှာ အပြောင်းအလဲဖြစ်လာဖို့ ယူကရိန်းက မျှော်လင့်နေပါတယ်။

သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ အမ်-၁ အေဘရမ်တင့်ကား အစီးရေ ၃၀ ထက်မနည်းကို ယူကရိန်းအတွက်ပေးမယ့်အစီအစဉ်ကို မကြာခင်ကြေညာသွားဖို့ ရှိနေပါတယ်။

ဂျာမနီအဓိပတိ အိုလပ်ရှုဇ်ကလည်း ယူကရိန်းအတွက် လီယိုပက်-၂ တင့်ကား ၁၄ စီးထက်မနည်းပေးဖို့ ဆုံးဖြတ်ပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး သူဟာ ဇန်နဝါရီ ၂၅ ရက်မနက်မှာ လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ရှိနေပါတယ်။

အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ ဒီသတင်းဟာ ရုရှားကို နောက်ထပ်ပြောင်ပြောင်တင်းတင်း ရန်စမှုဖြစ်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

ဂျာမနီနဲ့ အမေရိကန်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ ကောင်းကျိုးတစ်ခုမှမရှိနိုင်ကြောင်းနဲ့ ရုရှားနဲ့ဆက်ဆံရေးမှာ အဖုအထစ်တခုအဖြစ် ရှိနေလိမ့်မယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW