ရန်ကုန်တိုင်းက City Taxi စတစ်ကာသင်္ကေတတွေ မြို့နယ်အလိုက် ပြောင်းလဲအုံးမယ်

ဇန်နဝါရီ ၂၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်းအတွင်းက City Taxi မှတ်ပုံတင်ထားတဲ့ ယာဉ်တွေကို မြို့နယ်အလိုက် စတစ်ကာသင်္ကေတတွေ ပြောင်းလဲသတ်မှတ်ဖို့ စီစဉ်နေတယ်လို့ တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)က သိရပါတယ်။ ကော်မတီအနေနဲ့ လက်ရှိမှာ ရန်ကုန်တိုင်းအတွင်း ခရိုင် ၄ ခုကိုအခြေခံပြီး City Taxi နံပါတ်တွေကို E, W, S, N စတဲ့ သင်္ကေတတွေ သတ်မှတ် တပ်ဆင်ထားတာ ဖြစ်ပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာတော့ လက်ရှိ ပြောင်းလဲပြင်ဆင် သတ်မှတ်ထားတဲ့ ခရိုင် ၁၄ ခု ကိုယ်စားပြု မြို့နယ် ၄၅ မြို့နယ် အစဉ်အလိုက် YGN-1/0001 မှစတင်ကာ YGN-2/0002, YGN-3/0003, YGN -4/0004 အစရှိတဲ့…

Read More

မြောက်ဒဂုံက နေအိမ်မီးလောင်မှု အိမ်ရှင်သားအမိအပါအဝင် ၄ယောက်သေဆုံး

ဇန်နဝါရီ ၂၅ – ၂၀၂၃ GG(VOM) ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ၃၃ ရပ်ကွက်၊ စိန်ပန်းမြိုင်လမ်းက နေအိမ်တအိမ်မှာ ဒီနေ့ဇန်နဝါရီ ၂၅ရက် မနက်အစောပိုင်းက မီးလောင်မှုဖြစ်ခဲ့ပြီး နေအိမ်ပိုင်ရှင်အပါအဝင် လူ ၄ ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ” တိုက်အိမ် ၂ထပ်အိမ်မီးလောင်တာ၊ သေတဲ့အထဲ အိမ်ပိုင်ရှင်နဲ့သူ့သားလည်း ပါတယ်။အိပ်ပျော်နေချိန်လောင်တဲ့ပုံပါ။ သေတာက ကျား၁ မ ၃ ယောက်ပါ ၂ နာရီ ထိုးပြီးလောက်မှာ လောင်တာ”လို့ ​ဒေသခံတဦးကပြောပါတယ်။ နေအိမ်မီးလောင်မှုကြောင့် သေဆုံးသူတွေဟာ အိမ်ရှင်ဖြစ်သူ အသက် ၉၀ နှစ်အရွယ် ဒေါ်ရိုစီ ဆိုသူနဲ့ ​ သားဖြစ်သူ ဦးသက်ကိုဝင်း အသက် ၅၀ နှစ်နဲ့ လူနာပြုစုဖို့ ငှားထားတဲ့ သူနာပြုတွေဖြစ်တဲ့ မသပြေ အသက် ၁၈ နှစ် နဲ့ မဇင်ငြိမ်းအေး အသက်…

Read More

သိိန္နီ-ကွမ်းလုံလမ်းမှာ ကား ၁ စီးမီးလောင်ပြီး အမျိုးသမီး တဦး သေဆုံးပြီး ၂ ဦးဒဏ်ရာရ

ဇန်နဝါရီ ၂၅-၂၀၂၃ MM(VOM) ရှမ်းပြည်နယ် ၊ သိိန္နီ-ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးမှာ ကား ၁ စီးမီးလောင်မှုဖြစ်ပွားပြီး အမျိုးသမီး ၁ ဦး သေဆုံးကာ ၂ ယောက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ အဲ့ဒီကားဟာ မနေ့ ဇန်နဝါရီ ၂၄ ရက် ညပိုင်းက ၊ ရှမ်းပြည်နယ်၊ လားရှိုးခရိုင်၊ သိန္နီမြို့နယ်၊ နမ့်စလပ်ကျေးရွာအုပ်စု၊ သိန္နီ- ကွမ်းလုံ ပြည်ထောင်စုလမ်းမကြီးရဲ့ မိုင်တိုင်အမှတ် ၁၆/၇ အနီးမှာ မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်ကပြောပါတယ်။ ”မနေ့ ညက ဖြစ်တာ သတင်းရရှိတာကြောင့် ကယ်ဆယ်ရေးလုပ်ငန်းတွေ သွားရောက်လုပ်ဆောင်ရာမှာ ည ၉ နာရီ ၁၀ မိနစ်မှာ ပြီးခဲ့တယ်၊ မီးလောင်တဲ့ ယာဉ်ပေါ်မှာ အမျိုးသား ၂ ယောက်၊ အမျိုးသမီး ၁ ယောက် ပါလာတာ၊အမျိုးသား…

Read More

အာဖဂန်မှာ အေးခဲ ရာသီဥတုကြောင့် လူ ၁၂၀ ကျော်သေဆုံး

ကဘူးလ်၊ ဇန်နဝါရီ ၂၅-၂၀၂၃ မျိုးဆက်(VOM) အာဖဂန်နစ္စတန်နိုင်ငံမှာ လွန်ခဲ့တဲ့သီတင်းနှစ်ပတ်အတွင်း အေးခဲတဲ့ ရာသီဥတုကြောင့် လူ ၁၂၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။ ဆယ်စုနှစ်အတွင်း အအေးဆုံးဆောင်းရာသီကြောင့် တိရိစ္ဆာန်ကောင်ရေ ခုနှစ်သောင်းကျော် သေဆုံးခဲ့ကြောင်း သဘာဘေးအန္တရာယ် စီမံခန့်ခွဲမှု၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူတဦးက ပြောပါတယ်။ အာဖဂန်နစ္စတန်ရဲ့ နေရာအနှံ့အပြားမှာ ဆီးနှင်းတွေထူထပ်စွာကျရောက်ပြီး လမ်းပန်းဆက်သွယ်ရေးတွေလည်း ပြတ်တောက်နေကာ စစ်ရဟတ်ယာဉ်တွေကို ကယ်ဆယ်ရေးလုပ်ငန်းတွေအတွက် စေလွှတ်ထားပေယ့် တောင်ထူထပ်တဲ့ ဒေသတွေ ဆင်းသက်နိုင်ခြင်းမရှိကြောင်း သူကဆိုပါတယ်။ ဒီအခြေအနေမှာ အာဖဂန်အမျိုးသမီးတွေကို အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အလုပ်လုပ်ကိုင်ခွင့်ကို တာလီဘန်တို့က တားမြစ်ထားတာကြောင့် မကြာသေးမီရက်သတ္တပတ်တွေကစပြီး အကူအညီပေးရေး အဖွဲ့အစည်းတွေက သူတို့ရဲ့ လုပ်ငန်းတွေကို ရပ်ဆိုင်းထားပါတယ်။ အခုလို သဘာဝဘေးကြောင့် လူအများအပြားသေဆုံးမှုတွေ ဖြစ်ပွားနေသော်လည်း အဲဒီအမိန့်ကို ပြောင်းလဲမည်မဟုတ်ကြောင်း တာလီဘန်ထိပ်တန်းတာ၀န်ရှိသူတဦးက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC…

Read More

စာအုပ်ခိုးသူ များလာတဲ့အတွက် Yangon Book Plaza နဲ့ WE Bookstoreက အခမဲ့ စာထိုင်ဖတ်တဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ရ

ဇန်နဝါရီ ၂၅ -၂၀၂၃ GG(VOM) ရန်ကုန်မြို့ရှိ Yangon Book Plaza နဲ့ WE Bookstore သုဝဏ္ဏဆိုင်တွေမှာ လုပ်ဆောင်ပေးထားတဲ့ အခမဲ့ စာထိုင်ဖတ်တဲ့ အစီအစဉ်ကို စာအုပ်ခိုးယူမှုတွေ များလာတာကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ စာအုပ်ခိုးယူသူတွေဟာ အမှန်တကယ်စာဖတ်သူတွေ နဲ့ ရောယောင်ပြီး စာအုပ်တွေ ခိုးယူခြင်းတွေကို အဆမတန် လုပ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။ ” CCTV တွေလည်းရှိပါတယ်။ မီးပြတ်တဲ့အချိန်တွေခိုးတာပိုများပါတယ်။ ခိုးချင်တဲ့သူကလည်း ဝန်ထမ်းတွေ အလစ်ကို ခိုးတာပါ။ဆိုင်ဝန်ထမ်းတွေကလည်း စာဖတ်သူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် အမြဲတော့ စောင့်မကြည့်ကြတာပါ ” လို့ Yangon book plaza ဝန်ထမ်းတဦးက ပြောပါတယ်။ အရင်ကတည်းက စာအုပ်ပျောက်ဆုံးမှုအချို့ရှိခဲ့ပေမယ့် စာဖတ်သူတွေအတွက် အစီအစဉ်ကို မရပ်ဆိုင်းဘဲ ဆက်ထားခဲ့ရာ လက်ရှိမှာတော့ အရမ်းများလာတာကြောင့် ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။ စာပေချစ်မြတ်နိုးသူတဦးက ” စာအုပ်ကိုခိုးတယ်ဆိုတာကြီးကတော့…

Read More

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ် လူဝင်လူထွက်ဂိတ် ဖြစ်တဲ့ မူဆယ် နန်းတော်ဂိတ် ပြန်ဖွင့်

ဇန်နဝါရီ ၂၅၊ ၂၀၂၃ Shy V(VOM) တရုတ်-မြန်မာ နှစ်နိုင်ငံ နယ်စပ် လူဝင်လူထွက်ဂိတ်ဖြစ်တဲ့ မူဆယ် နန်းတော်ဂိတ်ကို ဒီမနက် ဇန်နဝါရီ ၂၅ ရက်နေ့ မနက် အစောပိုင်းက ဖွင့်လှစ်လိုက်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “မနေ့ည အကြောင်းကြားလာတယ်။ ညတွင်းချင်း အီးမေးလ် ပို့လာတယ်။ မနက်ဖြန် ဖွင့်မယ်ပေါ့၊ နန်းတော် လူဝင် လူထွက်ဂိတ် ဖွင့်တာနဲ့ ပတ်သက်ပြီး လူအဝင်၊ အထွက် ဘယ်လိုလုပ်ရမယ်၊ စာအုပ်တွေကို ဘယ်လိုထုတ်ပေးမယ်ဆိုတဲ့ တိကျတဲ့ ထုတ်ပြန်ချက်တော့ ထုတ်ထားတာမရှိပေမယ့် ရုံးတက်၊ ရုံးဆင်းအချိန်တော့ ခါတိုင်းလို အချိန်ဇယားနဲ့ပဲ သွားမှာဖြစ်တယ်။”လို့ နှစ်နိုင်ငံ နယ်စပ် တာဝန်ရှိသူတွေနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ကျောက်ကုန်သည်တဦးကလည်း ” နန်းတော်ဂိတ်ပေါက်ဖွင့်ပြီနော်။ စာအုပ်တွေလည်း လုပ်ပေးနေပြီ။ နန်းတော်ပေါက်မှာ။ ဒီမနက်ပဲဖွင့်လိုက်တာ”လို့ ပြောပါတယ်။ လက်ရှိ နယ်စပ်ဖြတ်ကျော်ခွင့်…

Read More

ယူကရိန်းအတွက် အမေရိကန်နဲ့ဂျာမနီက တင့်ကားတွေပေးပို့ဖို့ စီစဉ်နေ၊ ပြောင်ပြောင်တင်းတင်း ရန်စမှုလို့ ရုရှား သတိပေး

ဝါရှင်တန်၊ ဇန်နဝါရီ-၂၅-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နဲ့ ဂျာမနီတို့ဟာ လပေါင်းများစွာတွန့်ဆုတ်ခဲ့ပြီးနောက် ယူကရိန်းအတွက် တင့်ကားတွေပေးပို့ဖို့ စီစဉ်နေပြီး ဒါဟာ စစ်မြေပြင်မှာ အပြောင်းအလဲဖြစ်လာဖို့ ယူကရိန်းက မျှော်လင့်နေပါတယ်။ သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရဟာ အမ်-၁ အေဘရမ်တင့်ကား အစီးရေ ၃၀ ထက်မနည်းကို ယူကရိန်းအတွက်ပေးမယ့်အစီအစဉ်ကို မကြာခင်ကြေညာသွားဖို့ ရှိနေပါတယ်။ ဂျာမနီအဓိပတိ အိုလပ်ရှုဇ်ကလည်း ယူကရိန်းအတွက် လီယိုပက်-၂ တင့်ကား ၁၄ စီးထက်မနည်းပေးဖို့ ဆုံးဖြတ်ပြီးပြီလို့ သတင်းတွေ ထွက်ပေါ်နေပြီး သူဟာ ဇန်နဝါရီ ၂၅ ရက်မနက်မှာ လွှတ်တော်မှာ မိန့်ခွန်းပြောဖို့ရှိနေပါတယ်။ အမေရိကန်ဆိုင်ရာ ရုရှားသံအမတ်ကြီးကတော့ ဒီသတင်းဟာ ရုရှားကို နောက်ထပ်ပြောင်ပြောင်တင်းတင်း ရန်စမှုဖြစ်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။ ဂျာမနီနဲ့ အမေရိကန်တို့ရဲ့ ဆုံးဖြတ်ချက်ဟာ ကောင်းကျိုးတစ်ခုမှမရှိနိုင်ကြောင်းနဲ့ ရုရှားနဲ့ဆက်ဆံရေးမှာ အဖုအထစ်တခုအဖြစ် ရှိနေလိမ့်မယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူတဦးကလည်း ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC Photo:Reuters…

Read More

MRTV-4နဲ့ မြဝတီ သတင်းထောက်ဆိုသူ အမျိုးသား တဦး ဘိလိယက်ခုံမှာ ပစ်သတ်ခံရ

ဇန်နဝါရီ၊ ၂၅-၂၀၂၃ MM(VOM) တနင်္သာရီတိုင်း ၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့နယ်မှာ MRTV-4 ရုပ်သံနဲ့ မြဝတီ သတင်းစာရဲ့သတင်းထောက် ဆိုသူ အမျိုးသားတယောက် သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသွားတယ်လို့ နီးစပ်သူတွေဆီကနေ သိရပါတယ်။ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက်မှာ နေထိုင်တဲ့ အရင်က MRTV-4 ရုပ်သံနဲ့ မြဝတီသတင်းစာက သတင်းထောက်ဆိုသူ လင်းလင်းထွန်းဟာ မနေ့ ဇန်နဝါရီ ၂၄ ရက် ညနေ ၃ နာရီလောက်က ဇင်းဘာလမ်း ဆောက်လုပ်ရေးရုံးအနီး ဘိလိယက်ခုံမှာ ရှိနေချိန် ဆိုင်ကယ် ၂ စီးနဲ့လာတဲ့လူတွေက သေနတ်နဲ့ ပစ်သတ်သွားတာလို့ နီးစပ်သူ သတင်းသမားတယောက်ကပြောပါတယ်။ ”အရင်က MRTV-4 မှာလုပ်တယ်တဲ့ အခုတော့ မြဝတီသတင်းစာမှာ ရေးနေတာလို့ သိရတာပဲ ၊ ဆိုင်ကယ်နဲ့ လာတဲ့ ၄ ယောက်အဖွဲ့က…

Read More

မြန်မာနဲ့ တရုတ်နိုင်ငံသားတွေပါ၀င်တဲ့ ထိုင်၀မ်ကုန်တင်သင်္ဘောနစ်မြုပ်မှု ၁၃ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ကိုးဦး ပျောက်ဆုံးနေ

တိုကျို၊ ဇန်နဝါရီ-၂၅-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံအနောက်တောင်ပိုင်းမှာ ဆိုးရွားတဲ့ရာသီဥတုကြောင့် နစ်မြုပ်သွားတဲ့ ကုန်တင်သင်္ဘောက အမှုထမ်း ၁၃ ဦးကို ရဟတ်ယာဉ်တွေ သင်္ဘောတွေနဲ့ ကယ်တင်နိုင်ခဲ့ပြီး ကျန် ကိုးဦးကို ရှာဖွေနေဆဲဖြစ်တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ တန်ချိန် ၆၆၅၁ အလေးချိန်ရှိတဲ့ ဟောင်ကောင်မှတ်ပုံတင်ထားတဲ့ Jintian အမည်ရကုန်တင်သင်္ဘောဟာ အင်္ဂါနေ့နှောင်းပိုင်းမှာ အရေးပေါ်ဆက်သွယ်မှုပြုခဲ့တယ်လို့ ဂျပန်ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ သစ်ခွဲသားတွေ တင်ဆောင်ထားတဲ့ အဲဒီသင်္ဘောနစ်မြုပ်ရတဲ့အကြောင်းရင်းကို ချက်ချင်းထုတ်ပြန်ခြင်း မရှိသေးပေမယ့် သင်္ဘောကနေ အကူအညီတောင်းခံတဲ့အချိန် ည ၁၁ နာရီ ၁၅ မိနစ်၀န်ကျင်းမှာ လေးပြင်းတွေ တိုက်ခတ်နေခဲ့တယ်လို့ တာ၀န်ရှိသူတွေက ပြောပါတယ်။ သင်္ဘောဟာ နောက်နေ့မနက် ၂ နာရီ ၄၆ မိနစ်မှာ နစ်မြုပ်သွားခဲ့တယ်လို့ အနီးအနားမှာရှိတဲ့ သင်္ဘောကအမှုထမ်းတွေကို ကိုးကားပြီး သတင်းဌာနတွေက ဖော်ပြထားပါတယ်။ နစ်မြုပ်သွားတဲ့ ဟောင်ကောင်သင်္ဘောပေါ်က အမှုထမ်းတွေအားလုံးဟာ မြန်မာနဲ့…

Read More

မရမ်းကုန်းမှာ လင်မယားနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်သတ်ခံရ

ဇန်နဝါရီ ၂၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်မှာ ဒီနေ့ ဇန်နဝါရီ ၂၅ ရက်နေ့၊ မနက် ၈ နာရီခွဲ ဝန်းကျင်က လင်မယားနှစ်ဦး လက်ဖက်ရည်ဆိုင်ထိုင်နေစဉ် ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ အဲ့ဒီ့ လင်မယားနှစ်ဦးဟာ မရမ်းကုန်းမြို့နယ်၊ ၁ ရပ်ကွက်၊ ၂ လမ်းသွယ်ထိပ်က လက်ဖက်ရည်ဆိုင်မှာ ထိုင်နေစဉ် အမည်မသိလူတချို့က လာရောက်ပစ်သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “နှစ်ယောက်လုံး အဲ့ဒီနားမှာပဲ ပွဲချင်းပြီး သေသွားတယ်။ ပစ်ခတ်မှုဖြစ်ပွားပြီး သိပ်မကြာဘူး၊ စစ်တပ် ရောက်လာတယ်။ အဲ့ဒီနားမှာ CCTV တွေလည်း တပ်ထားတော့ CCTV တွေကို စစ်ဆေးတာတွေလည်းလုပ်တယ်။ လမ်းသွားလမ်းလာတွေကိုလည်း စစ်ဆေးမေးမြန်းတာတွေ လုပ်ခဲ့ပါတယ်“လို့ ဒေသခံတဦးက ပြောပါတယ်။ ပစ်သတ်ခံရတဲ့သူတွေဟာ မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်မှာ နေထိုင်သူတွေလို့ သိရပြီး…

Read More
VOM News

FREE
VIEW