စာအုပ်ခိုးသူ များလာတဲ့အတွက် Yangon Book Plaza နဲ့ WE Bookstoreက အခမဲ့ စာထိုင်ဖတ်တဲ့ အစီအစဉ်ကို ဖျက်သိမ်းလိုက်ရ

ဇန်နဝါရီ ၂၅ -၂၀၂၃
GG(VOM)

ရန်ကုန်မြို့ရှိ Yangon Book Plaza နဲ့ WE Bookstore သုဝဏ္ဏဆိုင်တွေမှာ လုပ်ဆောင်ပေးထားတဲ့ အခမဲ့ စာထိုင်ဖတ်တဲ့ အစီအစဉ်ကို စာအုပ်ခိုးယူမှုတွေ များလာတာကြောင့် ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

စာအုပ်ခိုးယူသူတွေဟာ အမှန်တကယ်စာဖတ်သူတွေ နဲ့ ရောယောင်ပြီး စာအုပ်တွေ ခိုးယူခြင်းတွေကို အဆမတန် လုပ်ဆောင်လာတာဖြစ်တယ်လို့သိရပါတယ်။

” CCTV တွေလည်းရှိပါတယ်။ မီးပြတ်တဲ့အချိန်တွေခိုးတာပိုများပါတယ်။ ခိုးချင်တဲ့သူကလည်း ဝန်ထမ်းတွေ အလစ်ကို ခိုးတာပါ။ဆိုင်ဝန်ထမ်းတွေကလည်း စာဖတ်သူတွေ စိတ်အနှောင့်အယှက်ဖြစ်မှာစိုးတဲ့အတွက် အမြဲတော့ စောင့်မကြည့်ကြတာပါ ” လို့ Yangon book plaza ဝန်ထမ်းတဦးက ပြောပါတယ်။

အရင်ကတည်းက စာအုပ်ပျောက်ဆုံးမှုအချို့ရှိခဲ့ပေမယ့် စာဖတ်သူတွေအတွက် အစီအစဉ်ကို မရပ်ဆိုင်းဘဲ ဆက်ထားခဲ့ရာ လက်ရှိမှာတော့ အရမ်းများလာတာကြောင့် ရပ်ဆိုင်းလိုက်ရတာဖြစ်တယ်လို့ သိရပါတယ်။

စာပေချစ်မြတ်နိုးသူတဦးက ” စာအုပ်ကိုခိုးတယ်ဆိုတာကြီးကတော့ ရုပ်ပေါက်လွန်းပါတယ်။စာအုပ်စာပေချစ်တဲ့သူကတော့ မခိုးဘူး။မဝယ်နိုင်ရင် သူတို့စီစဥ်ပေးတဲ့နေရာမှာ အခမဲ့ထိုင်ဖတ်လို့ ရနေတာပဲဗျာ ခိုးတာတော့ မလုပ်သင့်တဲ့လုပ်ရပ်ပါ၊ “လို့ ပြောပါတယ်။

အခမဲ့ စာထိုင်ဖတ်တဲ့အစီအစဥ်ကို လုပ်ဆောင်လာတာဟာ အခုဆိုရင် ၂နှစ်ကျော်ကာလအထိ ရှိလာပြီဖြစ်တယ်လို့ သိရပါတယ်။

အခမဲ့စာထိုင်ဖတ်တဲ့အစီအစဥ်ကိုသာ ဖျက်သိမ်းလိုက်တာဖြစ်ပြီး စာအုပ်ဆိုင်ကိုတော့ ပုံမှန်အတိုင်း မနက်​ ၉ နာရီကနေ ညနေ ၅ နာရီထိ နေ့စဉ် ပိတ်ရက်မရှိ ဖွင့်လှစ်ထားသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #အခမဲ့စာဖတ်အစီအစဥ် #စာအုပ်ခိုးသူများလာ #ဖျက်သိမ်းလိုက်ရ

Related posts

Leave a Comment

VOM News

FREE
VIEW