စပိန်၀န်ကြီးချုပ်နဲ့ ထင်ရှားကျော်ကြားသူတွေထံ ပါဆယ်ဗုံးတွေ ပေးပို့ခဲ့တဲ့အမျိုးသား ဖမ်းဆီးခံရ

မက်ဒရစ်၊ ဇန်နဝါရီ-၂၆-၂၀၂၃
မျိုးဆက်(VOM)

စပိန်၀န်ကြီးချုပ်အပါအ၀င် ထင်ရှားကျော်ကြားသူတွေကို ပစ်မှတ်ထားပြီး ပါဆယ်ဗုံးပေးပို့ခဲ့တဲ့ အသက် ၇၄ နှစ်အရွယ် အမျိုးသားတဦးကို စပိန်ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အဲဒီအမျိုးသားကို စပိန်မြောက်ပိုင်းမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးနောက် ယခုသီတင်းပတ်နှောင်းပိုင်းမှာ ရုံးထုတ်စစ်ဆေးသွားမည်ဖြစ်ကြောင်း တာ၀န်ရှိသူတွေက ဇန်နဝါရီ ၂၅ ရက်မှာ ပြောပါတယ်။

သူဟာ စပိန်၀န်ကြီးချုပ် ပက်ထရိုဆန်းချက်ဇ်ရဲ့ အိမ်တော်၊ အမေရိကန်နဲ့ ယူကရိန်းသံရုံးတွေအပါအ၀င် စပိန်နိုင်ငံတ၀န်းရှိ ထင်ရှားသူတွေကို လိပ်မူကာ ပါဆယ်ဗုံးတွေပေးပို့ခဲ့တယ်လို့ စွပ်စွဲခံထားရပါတယ်။

အဲဒီပါဆယ်ဗုံးအများစုကို မပေါက်ကွဲအောင်ရှင်းလင်းနိုင်ခဲ့ပေမယ့် ယူကရိန်းသံရုံးမှ၀န်ထမ်းတဦး အနည်းငယ်ဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ဗုံးတွေကို စပိန်ကာကွယ်ရေး၀န်ကြီးဌာ၊ လေတပ်အခြေစိုက်စခန်းနှင့် လက်နက်ထုတ်လုပ်ရေးဌာနတွေ ပေးပို့ခဲ့ပြီး ဒီဖြစ်စဉ်နဲ့ ဆက်နွယ်မှုတွေကို စုံစမ်းစစ်ဆေးနေကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မက်ဒရစ်

Related posts

Leave a Comment

VOM News

FREE
VIEW