ညောင်တုန်းမှာ စက်လှေမှောက်ပြီး ကလေး ၁ ဦးသေဆုံး၊ ၁ ဦးပျောက်ဆုံးနေ

ဇန်နဝါရီ၊ ၂၆-၂၀၂၃
MM(VOM)

ဧရာဝတီတိုင်း၊ မအူပင်ခရိုင် ၊ ညောင်တုန်းမြို့မှာ ဒီကနေ့ ဇန်နဝါရီ ၂၆ ရက် နေ့လယ်ပိုင်းက စက်လှေတိမ်းမှောက်လို့ ကလေးတယောက် သေဆုံးကာ တယောက်ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတွေဆီကနေ သိရပါတယ်။

လူ ၉ ယောက် လိုက်လာတဲ့ စက်လှေ ၁ စီးဟာ
ဒီကနေ့ မနက် ၁၁ နာရီလောက်မှာ ညောင်တုန်းမြို့နယ်၊ ပုသိမ်-ရန်ကုန် အမြန်လမ်းမကြီးဘေးရှိ အမှတ် (၃) တူးမြောင်းမှာတိမ်းမှောက်သွားတာလို့ ရှာဖွေကယ်ဆယ် ရေးဆောင်ရွက်နေတဲ့ တာဝန်ရှိသူတယောက်ကပြောပါတယ်။

”မနက် ၁၁ နာရီဝန်းကျင်မှာ တိမ်းမှောက်တာ ၊ လှေပေါ်မှာ အမျိုးသား ၅ ဦးနဲ့ အမျိုးသမီး ၄ ဦးပါလာတာ၊ မောင်းလာရင်း မှောက်သွားတာလို့သိရတယ်၊ ၉ ဦးထဲက ကလေး ကျား ၁ ဦးနဲ့ မ ၁ ဦး ပျောက်နေခဲ့တာ၊ နေ့လယ် ၁၂ နာရီလောက်မှာ ကလေး အလောင်း ၁လောင်းတော့ ပြန်ရပါပြီ ၊ ၁ ယောက်ကတော့ပျောက်နေဆဲပဲ ၊ အခုချိန်ထိ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေပါတယ် ၊ ပျောက်နေတဲ့ ၁ ဦးအတွက်လည်း အချိန်ကြာလာတာနဲ့အမျှ စိုးရိမ်ရတယ်။”လို့ သူကဆက်ပြောပါတယ်။

ပြန်လည်ဆယ်ယူရရှိတဲ့ သေဆုံးအလောင်းဟာ
မိန်းကလေးငယ်ဖြစ်ပြီး ရုပ်အလောင်းကို မေတ္တာရှင် နာရေးကူညီမှုအသင်းကားနဲ့ ဆားမလောက်မြို့နယ် ပြည်သူ့ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စက်လှေတိမ်းမှောက်မှု ဖြစ်ပွားတဲ့နေရာကို ဆားမလောက်မီးသတ်စခန်းက မီးသတ်တွေက ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်ပေးခဲ့ပြီး ကျန်ပျောက်ဆုံးနေဆဲဖြစ်တဲ့ ကလေးငယ် (ကျား) ၁ ဦးကိုလည်း ဆက်လက်ရှာဖွေနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ညောင်တုန်း #စက်လှေမှောက် #ကလေးတဦးသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW