ထိုင်းသင်္ကြန်ပွဲတော်ကို ယူနက်စကိုကမ္ဘာ့အမွေအနှစ်အဖြစ်သတ်မှတ်ဖို့ ပဏာမစာရင်းထည့်သွင်းခံရ

ဘန်ကောက်၊ ဇန်နဝါရီ-၂၆-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းနိုင်ငံမှာ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ဆုန်ခရန် သင်္ကြန်ပွဲတော်ကို ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်း တင်သွင်းထားခဲ့ရာ ယခုနှစ်ကုန်မှာကြေညာမယ့် ယူနက်စကိုရဲ့ပဏာမစာရင်းမှာ ထည့်သွင်းခံထားရတယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံရဲ့ ခွန်ဆိုတဲ့ မျက်နှာဖုံးအက၊ ထိုင်းရိုးရာအနှိပ်ပညာ၊ နိုရာပြဇာတ်အကတို့ကိုလည်း ယူနက်စကိုမှာ စာရင်းသွင်းထားပြီဖြစ်တဲ့အတွက် ဆုန်ခရန်သင်္ကြန်ပွဲတွေဟာ ထိုင်းနိုင်ငံရဲ့ လေးခုမြောက်ယဉ်ကျေးမှု အမွေအနှစ် ဖြစ်လာဖို့ရှိနေပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံဟာ မွေထိုင်း၊ ဖိတခွန်နဲ့ သရက်ကောက်ညှင်းအစားအစာနဲ့ ဖိတခွန်အက စတာတွေကိုလည်း ယူနက်စကိုက ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်အဖြစ် သတ်မှတ်ခံရဖို့ စာရင်းတင်သွင်းသွားဖို့ စီစဉ်နေပါတယ်။

ဒါပေမယ့် ဒါတွေဟာ ဒေသတွင်းရှိအခြားနိုင်ငံတွေမှာလည်း အလားတူရှိနေပါတယ်။

အခုနှစ် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကို လက်ခံကျင်းပမယ့် ကမ္ဘောဒီးယားနိုင်ငံကတော့ ထိုင်းရိုးရာလက်ဝှေ့ မွေထိုင်းဆိုတဲ့ နာမည်အစား ကွမ်းခမာဆိုတဲ့ နာမည်ကို အသုံးပြုပြီး ပြိုင်ပွဲကျင်းပမှာဖြစ်ပါတယ်။

Ref: Laotimes
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW