ရေစကြိုမြို့နယ်မှာ ကျောင်းဆရာ ၊ ဆရာမ ၉ ဦးပျောက်ဆုံးနေ

 

ဇန်နဝါရီ ၊ ၂၆ ၊ ၂၀၂၃
SP (VOM)

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ မြေခဲတောင်ကျေးရွာ ၊ မြေခဲတောင် အခြေခံပညာ အလယ်တမ်းကျောင်းက ဆရာ ၊ ဆရာမ ၉ ဦးဟာ ဒီကနေ့ မနက်ပိုင်းကစလို့ ပျောက်ဆုံးနေတယ်လို့ ပညာရေးဝန်ထမ်း အသိုင်းအဝိုင်းဆီက သိရပါတယ်။

” ဒီမနက်ပိုင်း ကျောင်းစဖွင့်ချိန်မှာ ကျောင်းထဲကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက်လာပြီး ဆရာ ဦးဘိုတင့် ၊ ဆရာမ ဒေါ်မြမွန်ကျော် ၊ ဆရာမ ဒေါ်တင်တင်မော် ၊ ဆရာမ ဒေါ်ဖြိုးလဲ့ဝါ ၊ ဆရာမ ဒေါ်ဝေဝေနွယ် ၊ ဆရာမ နွေးနွေးသက် ၊ ဆရာမ ဒေါ်တင်နွယ်အေး ၊ ဆရာ ဦးကျော်ဟိန်း နဲ့ ဆရာ ဦးစိုးလှိုင်ထွန်း တို့ ၉ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားတာ “လို့ မြေခဲတောင်ရွာခံတယောက်က ပြောပါတယ်။

အဲ့ဒီ ကိစ္စနဲ့ ပတ်သက်ပြီး မြေခဲတောင်ရွာခံ တယောက်က ” အမည်မသိ လက်နက်ကိုင်အဖွဲ့က ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားတာဆိုတော့ ရွာက ဘယ်သူမှ လိုက်မရှာရဲကြဘူး ၊ ဒီညနေအထိတော့ ပြန်မလွတ်သေးဘူး ” လို့ ပြောပါတယ်။

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကူးကားကျေးရွာအုပ်စု ၊ ပေါက်ချောင်း ( အလယ်) ကျေးရွာ ၊ ပေါက်ချောင်း အခြေခံပညာ မူလတန်းလွန်ကျောင်းမှာ ၂၀၂၂ခုနှစ် ဒီဇင်ဘာ ၆ ရက် ညနေပိုင်းက ကျောင်းအုပ်ဆရာကြီးဖြစ်သူ ပစ်သတ်ခံရပြီး ၊ ဆရာမ ၆ ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ၁ ပတ်အကြာမှာ ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပွားခဲ့ပါသေးတယ်။

#voiceofmyanmar #VOM #ရေစကြို #ကျောင်းဆရာဆရာမကိုးဦး #ပျောက်ဆုံးနေ

Related posts

Leave a Comment

VOM News

FREE
VIEW