နီပေါမှာ လေယာဥ်တစင်းပျက်ကျလို့ လူ ၄၀ ထက်မနည်းသေဆုံး

ခတ္တမန္ဒူ၊ ဇန်နဝါရီ ၁၅၊ ၂၀၂၃ မျိုးဆက်(VOM) နီပေါနိုင်ငံအလယ်ပိုင်းရှိ လေဆိပ်တခုအနီးမှာ လူ ၇၂ ဦးလိုက်ပါလာတဲ့ လေယာဉ်တစစင်း ပျက်ကျခဲ့ပြီး အနည်းဆုံး ရုပ်အလောင်း ၄၀ ကို ရှာဖွေတွေ့ရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲတီ လေကြောင်းလိုင်းက လေယာဥ်ဟာ ခတ္တမန္ဒူမြို့က နေခရီးသွားမြို့ ပိုခါရာကို ပျံသန်းရာမှာ ပျက်ကျခဲ့ပြီး မီးလောင်ခဲ့တာဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ တင်ထားတဲ့ ဗီဒီယိုတွေမှာတော့ လေယာဉ်ဟာ လူနေထူထပ်တဲ့ နေရာတခုသို့ အရှိန်ပြင်းစွာ ပျက်မကျမီ အလွန်နိမ့်ဆင်းသွားတာကို တွေ့ရပါတယ်။ လေယာဉ်ပေါ်မှာ နိုင်ငံခြားသား ၁၅ ဦးနဲ့ လေယာဉ်အမှုထမ်း လေးဦး အပါအဝင် ခရီးသာ် ၆၈ ဦး လိုက်ပါခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ လေဆိပ်က နေ တကီလိုမီတာခွဲခန့်ဝေးတဲ့ ဆီတီမြစ်ကမ်းစပ်ရှိ ယောဥ်ပျက်ကျရာ နေရာမှာ နီပေါစစ်သား ရာနဲ့ချီပြီး ကယ်ဆယ်ရေလုပ်ဆောင်နေပါတယ်။…

Read More

ငရုတ်ကောင်းမှာ လက်နက်ခဲယမ်းတွေနဲ့ စခန်းတခု သိမ်းဆည်းခံရ

ဇန်နဝါရီ၊ ၁၅-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း ၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၊ သံပတ်ကွင်းကျေးရွာရဲ့ အရှေ့မြောက် (၂၅) မိုင်အကွာက တောအတွင်းတနေရာမှာ လက်နက်တွေနဲ့ စခန်းတခုသိမ်းဆည်းခံရတယ်လို့ သိရပါတယ်။ ”မနေ့က သိမ်းဆည်းရမိတာ ၊ သံပတ်ကွင်းကျေးရွာအနီးက တောထဲမှာတွေ့တာ ၊ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက နယ်မြေရှင်းရေးဆောင်ရွက်ရင်းသိမ်းဆည်းရမိခဲ့တာ။”လို့ လုံခြုံရေးတပ်ဖွဲ့နဲ့ နီးစပ်သူ တယောက်ကပြောပါတယ်။ သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေကတော့ လူ ၂ ဦးဆံ့ တဲ (၃)လုံး၊ လူ ၃ ဦးဆံ့ တဲ (၁)လုံး၊ လူ ၄ ဦးဆံ့တဲ (၁)လုံး၊ M 22 ပစ္စတို (၁)လက်၊ ကျည်အိမ် (၁)ခု ၊ ၉ မမ ကျည် (၂၂)တောင့် ၊ ၁၂ ဗို့လက်လုပ်သေနတ် (၁)လက်နဲ့ ကျည် (၁၀)တောင့်၊ တူမီး…

Read More

မြောင်မြို့နယ် အုပ်ချုပ်ရေးမှူးရဲ့မိန်းမ အပါအဝင် ရုံးဝန်ထမ်း ၄ ဦးပျောက်ဆုံးနေ

ဇန််နဝါရီ ၊ ၁၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြောင်မြို့နယ် ၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ မိန်းမဖြစ်သူ အပါအဝင် ရုံးဝန်ထမ်း ၄ ယောက်ဟာ မနေ့ ဇန်နဝါရီ ၁၄ ရက် နေ့လယ်ပိုင်းက စတင်ပြီး ဆက်သွယ်မရ ပျောက်ဆုံးနေတယ်လို့ ထွေ /အုပ် အသိုင်းအဝိုင်းဆီက သိရပါတယ်။ “မနေ့က ညနေပိုင်း ၂ နာရီဝန်းကျင်ကစလို့ အဆက်အသွယ် ပြတ်တောက်သွားတယ် ၊ ဒီမနက်ထိဖြစ်တယ် ၊ မြို့နယ်အုပ်ချုပ်ရေးမှူးကတော် အပါအဝင် ထွေ /အုပ် ဝန်ထမ်း အမျိုးသမီး ၁ ဦး ၊ အမျိုးသား ၂ ဦး ပေါင်း ၄ ဦးဟာ မနေ့က မြင်းမူမြို့ကနေ မြောင်မြို့ဘက်ကို ကားနဲ့…

Read More

ကယားပြည်နယ်နေ့ အခမ်းအနား လက်နက်ကြီးနဲ့ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံး ၊ ၁၀ ဦးဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၄ ၊ ၂၀၂၃ SP ( VOM) ကယားပြည်နယ် ၊ လွိုင်ကော်မြို့ ၊ ပြည်နယ်ခန်းမမှာ ဒီကနေ့မနက်ပိုင်းက ပြုလုပ်တဲ့ ၇၁ ကြိမ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် အခမ်းအနား တက်ရောက်သူ ပရိတ်သတ်ထဲက လူ ၁ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ လွိုင်ကော်မြို့ခံတွေဆီက သိရပါတယ်။ “ဒီမနက် ၇ နာရီခွဲဝန်းကျင်က ပြည်နယ်နေ့ အခမ်းအနားဖွင့်ပွဲ ကျင်းပနေတဲ့အချိန် ၆၀ မမ လက်နက်ကြီးနဲ့ ၆ ချက် ပစ်ခံရတယ် ၊ အဲ့ဒီ လက်နက်ကြီး ကျည်တွေက ပြည်နယ်ခန်းမနားက ဥတ္တရာရုံ ဘုန်းကြီးကျောင်းနားက လူနေအိမ်တွေပေါ်ကို ကျရောက်ပေါက်ကွဲတယ် ၊ အခမ်းအနား တက်ရောက်လာတဲ့ ပရိတ်သတ်ထဲက အရပ်သား ၂ ဦး…

Read More

ကျင်စန်းကျော့လမ်းပိုင်းမှာ ရှန်တိန် ၃ ဆင့် ဖျက်သိမ်း

ဇန်နဝါရီ ၁၅-၂ဝ၂၃ Shy V (VOM) တရုတ် – မြန်မာ နယ်စပ်လမ်းကြောင်းဖြစ်တဲ့ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ မူဆယ် ကျင်စန်းကျော့လမ်းပိုင်း ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) ၃ ဆင့် ဖျက်သိမ်းလိုက်ပြီဖြစ်တယ်လို့ နယ်စပ်ကုန်သည်လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “ဟုတ်တယ်။ ဖြုတ်လိုက်ပြီ။ နောက်ဆုံး တစ်ဆင့်ပဲ ကျန်တော့တယ်၊ ကိုဗစ် သတ်မှတ်ချက်နဲ့ ပုံမှန် ရှန်တိန် (ခေါက်တို အစားထိုးယာဉ်မောင်း) စနစ် အသုံးပြုနေတဲ့ ရွှေမိုင်းယု ကနေ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်၊ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကနေ နှင်းနှင်းခိုင် ဆေးဖျန်းကွင်း၊ နှင်းနှင်းခိုင် ဆေးဖျန်းကွင်း ကနေ ရွှေလီရေးဗားကွင်း စတဲ့နေရာတွေကို ရှန်တိန် စနစ် ဖျက်သိမ်းလိုက်တာ”လို့ နယ်စပ် ကုန်သည် တဦးက ပြောပါတယ်။ တရုတ်ဘက်နဲ့ ကပ်လျက်ဖြစ်တဲ့ ရွေလွယ်အင်မှာပဲ…

Read More

နတ်တလင်းက စစ်ဆေးရေးဂိတ်တစ်ခုမှာ ဆိုင်ကယ်ရပ်မပေးလို့ ပထမနှစ်ကျောင်းသား(၁)ဦး ပစ်သတ်ခံရ

ဇန်နဝါရီ၊၁၅-၂၀၂၃ MM(VOM) ပဲခူးတိုင်း ၊ နတ်တလင်းမြို့နယ်၊ တာပွန်ကျေးရွာထိပ်မှာ မနေ့ ဇန်နဝါရီ ၁၄ ရက်က တက္ကသိုလ် ပထမ နှစ်ကျောင်းသား တယောက် ဆိုင်ကယ်ရပ်မပေးလို့ ပစ်သတ်ခံလိုက်ရတယ်လို့ သိရပါတယ်။ ပစ်သတ်ခံရတဲ့သူမှာ မောင်ဝင်းဇော်ထွန်း ၊ ပထမနှစ် တက္ကသိုလ်ကျောင်းသား တယောက်ဖြစ်ပြီး ဆိုင်ကယ် မောင်းလာချိန် တာပွန်ကျေးရွာထိပ်က စစ်ဆေးရေးဂိတ်မှာ စစ်ဆေးမခံဘဲ ဆက်မောင်းသွားတာကြောင့် သေနတ်နဲ့ ပစ်သတ်ခံရပြီး ဖြစ်စဉ်ဖြစ်တဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။ ”တာပွန်ကျေးရွာထိပ်မှာ စစ်ဆေးရေးဂိတ်ရှိပါတယ် ၊ တပ်တွေနဲ့ ရဲတွေ စောင့်နေတာပါ ၊ ဆိုင်ကယ်မောင်းလာတာကို ရပ်မပေးဘဲ ဆက်မောင်းလို့ဆိုပြီး ပစ်သတ်လိုက်တာ၊ အဲ့ဒီနေရာမှာပဲသေဆုံးသွားတာ ၊ အသက် ၂၀ ကျော် လောက်ပဲရှိဦးမယ် ၊ ပစ်သတ်ခံရတဲ့ ကောင်လေးက ပထမနှစ်ကျောင်းသားတဲ့။”လို့ မျက်မြင်တွေ့ရှိတဲ့ ဒေသခံတယောက်ကပြောပါတယ်။ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်က”…

Read More

ရခိုင်ပြည်နယ်မှာ စပါးအထွက်နှုန်း အဆမတန်ကျဆင်းသွား

ဇန်နဝါရီ ၁၅- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်တောင်သူတွေမှာ စပါးအထွက်နှုန်း အဆမတန်ကျဆင်းသွားတယ်လို့ လယ်သမားတွေ ပြောပြချက်အရ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မိုးတွင်းကာလက စိုက်ပျိုးလိုက်တဲ့ စပါးတွေကို ဆောင်းရာသီအရောက်မှာ ရိတ်သိမ်းခဲ့ကြတာဖြစ်ပြီး အဲဒီလို ရိတ်သိမ်းခြွေလှည့်မှုတွေ လုပ်ပြီးတဲ့အခါ စပါးအထွက်နှုန်း အဆမတန်ကျဆင်းနေတာကို တွေ့ရကြောင်း လယ်သမားတွေက ပြောပါတယ်။ မြောက်ဦးမြို့နယ် ပီပင်ရင်းကျေးရွာက လယ်သမားတဦးက “စပါးအထွက်နှုန်းက ၅၀ ရာနှုန်းလောက်လျော့ဆင်းသွားပါတယ်။ အရင်က ဝါးတရာမှာ ငါတို့ရခိုင်တောင်းနဲ့ တောင်း (၁၅၀) ရခဲ့တာ အခုက (၇၅)တောင်းလောက်ပဲ ရတော့တယ်”လို့ ပြောပါတယ်။ အဲဒီလို စပါးအထွက်နှုန်းတွေ ကျဆင်းသွားတဲ့အထဲ ရခိုင်ပြည်နယ်အတွင်း မိုးစပါးစိုက်ပျိုးတဲ့ မြို့နယ်အများစုမှာတွေ့ရပြီး ယေဘုယျအနေနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲပြီး မိုးခေါင်မှု၊ နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပြည်နယ်တွင်း စစ်ရေးပဋိပက္ခကြောင့် ဓာတ်မြေဩဇာဈေးနှုန်းတွေ အဆမတန်မြင့်တက်သွားတာကြောင့်ဖြစ်တယ်လို့ တောင်သူလယ်သမားတွေက ပြောပါတယ်။…

Read More

ဇာတ်ရုံတော်၊ အပျိုတော်၊ ဇော် နှင့် ပိတောက်ရနံ့

ဆူးငှက် မန္တလေးတွင် မြန်မာရှင်ဘုရင် အုပ်စိုးစဉ်ကတည်းက“ဇာတ်ရုံတော်ကြီး” တခမ်းတနား ရှိခဲ့ဖူးပါသည်။ သီပေါဘုရင်လက်ထက် ဇာတ်ရုံတော်ကြီးအကြောင်းကို ကုန်းဘောင်ဆက် မဟာရာဇဝင်တော်ကြီးတွင် ဖော်ပြထားပုံမှာ စိတ်ဝင်စားဖွယ် ကောင်းလှပါသည်။ “ထိုနှစ် (၁၂၄၆) တပို့တွဲလ သမီးတော်မြတ်ရတနာ နားထွင်းမင်္ဂလာ ချီးမြှင့်တော်မူမည်ကို အစပြု၍ ပွဲသဘင်ခံတော်မူသည်မှာ အရှေ့ ဇာတ်ရုံတော်ကြီးတွင် ကောင်းကင်ခရီးပျံခြင်းသွားခြင်း၊ စက်ယန္တရားအလုပ်အဆောင် အဖွယ်အရာမြေမှပေါ်ခြင်း၊ ထွက်ခြင်း၊ ငုပ်ခြင်း၊ လျှိုးခြင်း၊ ဥမင်လမ်း အလုပ်အဆောင် အဖွယ်အရာ ဇာတ်ရုံတော်ကြီး အလယ် ဆန်းကြယ်သော ရေကန်ဝယ် ရိုးရွက်စိမ်းရှင်စွာ အဖူးချပ်ရုံ ပွင့်ငုံနှင့်တကွသော ရွှေပဒုမ္မာကြာပင်သည် ရေအောက်မှ တရွေ့ရွေ့ပေါ်ထွက်၍ ရေပြင်ထက်သို့ ရောက်ကာလ အထပ်တစ်ရာ ပွင့်ချပ်လွှာတို့သည် နေအရုဏ်သင့်၍ ပွင့်လတ်သောအခါ ယင်းသည် ကြာငုံအတွင်းမှပါသော လျှပ်စစ်နွယ်ကဲ့သို့ အဆင်တန်ဆာရောင် ကိုယ်ရောင်တို့ဖြင့် ယှက်သန်းသော ဒေဝစ္ဆရာ ကညာဥပတ်၊ သန္ဓေနတ်သည် လှည့်ပတ် ဟန်လှ၊ ဦးညွတ်ခပြီးလျှင်…

Read More

ပထမတန်းကျောင်းသူ ၂ယောက်ကို ကျောင်းကြို/ပို့လုပ်ပေးနေတဲ့ ဆိုင်ကယ်သမားက အဓမ္မကျင့်မှု မြဝတီမြို့မှာ ဖြစ်ပွားခဲ့

ဇန်နဝါရီ ၁၄ – ၂၀၂၃ GG(VOM) ကရင်ပြည်နယ်၊ မြဝတီမြို့မှာ အသက်မပြည့်သေးတဲ့ ကလေး ညီအစ်မနှစ်ယောက်ကို ကျောင်းကြို/ပို့ လုပ်ပေးနေတဲ့ ဆိုင်ကယ်တက္ကစီသမားက အဓမ္မ ပြုကျင့်မှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ အဲ့ဒီ ကလေးငယ်ညီအစ်မနှစ်ယောက်မှာ တယောက်က အသက် ၈ နှစ်နဲ့ နောက်တယောက်က အသက် ၁၀ နှစ် ဖြစ်ပြီး ပထမတန်းတက်ရောက်နေတဲ့ ကျောင်းသူတွေဖြစ်တယ်လို့ သိရပါတယ်။ ” မြဝတီမှာက သတင်းတခုဖြစ်ရင် တော်ရုံတန်းမသိရဘူး။လူသတ်မှုဖြစ်ရင်တောင် မပြောရဲကြဘူး။အခုက ကလေးသတင်းကလည်း အခုမှကြားရတာပါ ။ ကလေးတွေနေတဲ့ ရပ်ကွက်တွေကတော့ မပြောချင်ဘူး “လို့ ဒေသခံတဦးကပြောပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့တွေမှာ အဓမ္မမှုကိုကျူးလွန်ခဲ့တာဖြစ်ကြောင်း ၊ အဓမ္မပြုကျင့်ခဲ့သူက မြဝတီမြို့ ၊ အမှတ် (၃)ရက်ကွက်၊ ဇနကလမ်းမှာနေထိုင်တဲ့ တက္ကစီမောင်းသူ ကိုအောင်ဝင်းနိုင်ဆိုသူဖြစ်တယ်လို့ သိရပါတယ်။…

Read More

ယူကရိန်းစစ်ပွဲအဆုံးသတ်ဖို့ ကုလလုံခြုံရေးကောင်စီအဖွဲ့၀င်နိုင်ငံတွေရဲ့တိုက်တွန်းချက် ရုရှားပယ်ချ

ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁၄-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုကို အဆုံးသတ်ဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့၀င်တွေက ရုရှားကို တိုက်တွန်းလိုက်ပြီး ဒီကိစ္စကို ရုရှားက ပယ်ချလိုက်ပါတယ်။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး အမေရိကန်အပါအ၀င် အခြာနိုင်ငံတွေရဲ့ တောင်းဆိုမှုအရ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အရေးပေါ်အစည်းအဝေးကို ဇန်နဝါရီ ၁၃ ရက်က ကျင်းပရာမှာ အဖွဲ့၀င်နိုင်ငံတွေက အခုလိုက်တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ နှစ်သစ်ကူးကာလအတွင်းမှာ ယူကရိန်းရဲ့အရပ်ဘက်အခြေခံအဆောက်အအုံတွေကို ရုရှားကတိုက်ခိုက်ခဲ့တဲ့အပေါ် လုံခြုံရေးကောင်စီအဖွဲ့၀င်နိုင်ငံတွေက ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ယူကရိန်းစစ်မြေပြင်မှာတိုက်ခိုက်နေတဲ့ ရုရှားကြေးစားစစ်သားကုမ္ပဏီကို မြောက်ကိုရီးယားက လက်နက်တွေ ထောက်ပံ့နေတယ်လို့ အမေရိကန်သံအမတ်ကြီး လင်ဒါသောမက်စ်ဂရင်းဖီးက ပြောပါတယ်။ လက်ရှိအချိန်ဟာ ကမ္ဘာ့နိုင်ငံတွေအားလုံး အတူတကွရပ်တည်ပြီး အသိဥာဏ်မဲ့စွာဆင်နွှဲခဲ့တဲ့ စစ်ပွဲအဆုံးသတ်ဖို့ ရုရှားကို တောင်းဆိုရမယ့်အချိန်ဖြစ်တယ်လို့ သူကပြောပါတယ်။ ဒါပေမယ့် ယူကရိန်းက ရုရှားကိုခြိမ်းခြောက်တဲ့အခြေအနေမျိုးအဆုံးသတ်တာနဲ့ စစ်ပွဲပြီးဖို့အခွင့်အလမ်းက သူ့အလိုလိုပေါ်လာလိမ့်မယ်လို့ ရုရှားသံအမတ်ဖြစ်သူ ဗက်စ်ဆေလီနီဘန်ဇီယားကတော့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ Ref: NHK #voiceofmyanmar #VOM #ကုလသမဂ္ဂ

Read More
VOM News

FREE
VIEW