ယူကရိန်းစစ်သားတဦးရဲ့ ရင်ဘတ်ထဲကနေ မပေါက်ကွဲသေးတဲ့ဗုံးတလုံး တွေ့ရှိ

ကိဗ်ယက်၊ ဇန်နဝါရီ-၁၃-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်သားတဦးရဲ့ ရင်ဘတ်ထဲကနေ မပေါက်ကွဲသေးတဲ့ လက်ပစ်ဗုံးတလုံးကို ဆရာ၀န်တွေက ဖယ်ရှားပေးလိုက်ရပါတယ်။ ယူကရိန်းစစ်တပ်ရဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့ကထုတ်ပြန်တဲ့ ပုံမှာတော့ စစ်သားရဲ့နှလုံးနဲ့ လက်ပစ်ဗုံး ဓါတ်မှန်ပုံကို ကိုင်ထားတဲ့ ဆရာ၀န်တဦးရဲ့ပုံကို ပြသထားပါတယ်။ သူ့ကိုခွဲစိတ်ပေးတဲ့ ဆေးဘက်ဆိုင်ရာ၀န်ထမ်းတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စစ်အင်ဂျင်နီယာနှစ်ဦးကနေ ခွဲစိတ်ခန်းမှာ ရှိနေပြီး လက်ပစ်ဗုံးအခြေအနေကို ကြည့်နေခဲ့ရတယ်လို့ ဆိုပါတယ်။ လက်ပစ်ဗုံးဟာ အချိန်မရွေးပေါက်ကွဲနိုင်တဲ့အန္တရာယ်ရှိတာကြောင့် ခွဲစိတ်မှုအတွင်း သွေးယိုစိမ့်မှုကို ထိန်းချုပ်ဖို့ လျှပ်စစ်ဓါတ်အားသုံး ကိရိယာကို အသုံးမပြုခဲ့ဘူးလို့ ဆရာ၀န်တွေကပြောပါတယ်။ ဒဏ်ရာရထားတဲ့ အဲဒီစစ်သားဟာ လက်ရှိမှာတော့ ကျန်းမာရေးအခြေအနေကောင်းမွန်းနေတယ်လို့ သိရပါတယ်။ သူ့ရင်ဘတ်ထဲကို လက်ပစ်ဗုံးဘယ်လိုရောက်လာတယ်ဆိုတာ ရှင်းလင်းစွာမသိရသေးပေမယ့် လက်ပစ်ဗုံးဟာ ၁ ဒသမ ၆ လက်မအရွယ်ရှိတဲ့ VOG အမျိုးအစားဖြစ်တယ်လို့သိရပါတယ်။ Ref: BBC #voiceofmyanmar #VOM #ယူကရိန်းစစ်သားဗိုက်ထဲကဗုံး

Read More

ဥရောပရဲ့အကြီးဆုံး မြေရှားသတ္တုသိုက် ဆွီဒင်မှာ တွေ့ရှိ

စတော့ဟုမ်း၊ ဇန်နဝါရီ-၁၃-၂၀၂၃ မျိုးဆက်(VOM) မိုဘိုင်းလ်ဖုန်းတွေကနေ ဒုံးကျည်တွေအထိ အသုံးပြုနိုင်တဲ့ ဥရောပ၏ကြီးဆုံးသော မြေရှားသတ္တုသိုက်ကို ဆွီဒင်နိုင်ငံမှာ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလိုတွေ့ရှိမှုဟာ လက်ရှိချိန်ထိ မြေရှားသတ္တု တူးဖော်ခြင်းမရှိသေးတဲ့ ဥရောပအတွက် တရုတ်နိုင်ငံအပေါ် မှီခိုအားထားမှုကို လျှော့ချဖို့ နည်းလမ်းအဖြစ် ဆွီဒင်တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ လျှပ်စစ်ကားတွေ၊ လေတာဘိုင်တွေ၀ယ်လိုအားမြင့်တက်လာခြင်းကြောင့် မြေရှားသတ္တုသိုက် ရှာဖွေတွေ့ရှိမှုဟာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်သို့ အသွင်ကူးပြောင်းရေးအတွက် သိသာထင်ရှားတဲ့ ြတွေ့ရှိမှုအဖြစ် ရှုမြင်နေကြပါတယ်။ ၂၀၂၁ ခုနှစ်မှာ ဥရောပသမဂ္ဂအဖွဲ့၀င်နိုင်ငံတွေမှာ အသုံးပြုတဲ့ မြေရှားသတ္တု ၉၈ ရာခိုင်နှုန်းကို တရုတ်နိုင်ငံကနေ တင်သွင်းခဲ့ရပါတယ်။ မြေရှားသတ္တုထုတ်ယူခြင်းဟာ ခက်ခဲတဲ့အပြင် သဘာ၀ပတ်၀န်းကျင်ကိုလည်း ထိခိုက်စေနိုင်ပါတယ်။ မြေရှားသတ္တုဟာ နေ့စဉ်လူမှုဘ၀အတွက် အရေးပါတဲ့ထုတ်ကုန်တွေနဲ့ အခြေခံအအောက်အဦတွေဖန်တီးဖို့ အသုံးပြုတဲ့ ဒြပ်စင် ၁၇ မျိုးအုပ်စုထဲကတခုဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM #စတော့ဟုမ်း

Read More

ဖရဲ၊ သခွား တင်ပို့မှုမှာ အရည်အသွေး မပြည့်မီတာတွေ ပါလာလို့ ဈေးကွက် ကျဆင်းလာ

ဇန်နဝါရီ ၁၃-၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်၊ ကျင်စန်းကျော့ ကနေ တရုတ်ဘက် ဝမ်တိန် ကတဆင့် တရုတ်ပြည်မတွေဘက်ကို တင်ပို့ ရောင်းချနေတဲ့ မြန်မာ့ ဖရဲ၊ သခွား တင်ပို့မှုမှာ အရည်အသွေး မပြည့်မီတာတွေပါလာလို့ ဈေးကွက်ကျဆင်းလာနေတယ်လို့ နယ်စပ် သစ်သီးပို့ကုန် လုပ်ငန်းရှင်တွေဆီက သိရပါတယ်။ “အရည်သွေးမပြည့်မီတဲ့ အသီးတွေတင်တာ ပါလို့ပါ၊ ဒီနေ့ ဇန်နဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာတော့ ဖရဲ အကောင်းဆုံးအသီး ကုလားမသီး ၁ ကီလိုဂရမ်ကို တရုတ်ယွမ် ၄.၅ ယွမ်၊ အစိမ်းသီး ၄ ယွမ်အောက်၊ အကောင်းဆုံး အစေ့မဲ့သီး ၄.၇ ယွမ်၊ ထင့်ဝမ် ၄.၁ ယွမ်၊ သခွားမွှေးက ၁ ကီလိုဂရမ်ကို ၅.၁ ယွမ်…

Read More

ဗန်းမော်မြို့ရှောင်လမ်းမှာ ဘိလပ်မြေတင်လာတဲ့ကား တိမ်းမှောက်ပြီး လူ ၃ ဦးသေဆုံး၊ ၃ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၊ ၁၃ ၊ ၂၀၂၃ SP (VOM) ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့၊ ဟန်တဲရပ်ကွက်၊ ဗန်းမော်မြို့ရှောင်ကားလမ်း၊ ရာဘာတောအနီးမှာ မနေ့ ဇန်နဝါရီ ၁၂ ရက် ညနေပိုင်းက ဘိလပ်မြေအိတ်တွေ သယ်လာတဲ့ ကုန်တင်ကား တစ်စီး တိမ်းမှောက်ပြီး လူ ၃ ဦး သေဆုံးကာ ၊ ၃ ဦး ဒဏ်ရာ ရခဲ့တယ်လို့ သုညသုခပရဟိတအသင်းဆီက သိရပါတယ်။ ” ၃ မိုင်မြို့ရှောင်လမ်းမှာ မနေ့က ညနေပိုင်းမှာ ဖြစ်တာပါ ၊ အခင်းဖြစ်မှာ ပွဲချင်းပြီး သေဆုံးတာက အမျိုးသမီး ၂ ယောက်ဖြစ်တယ် ၊ ဒီမနက် ဆေးရုံမှာ နောက်ထပ် အမျိုးသမီး တယောက် ထပ်သေတယ် ၊ သေဆုံးသူတွေကတော့ ဒေါ်ဝင်းမာ ၅၀ နှစ် ၊…

Read More

လှိုင်မြို့နယ်မှာ ရေခဲစက်ကနေ အမိုးနီးယားဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၇၀ ကျော် ဓာတ်ငွေ့အဆိပ်သင့်

ဇန်နဝါရီ ၁၃ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊အမှတ် (၁၆) ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းက “မိုး” ရေသန့်စက်ရုံမှာ မနေ့ ဇန်နဝါရီ ၁၂ ရက်၊ ည ၉ နာရီအချိန်ဝန်းကျင်က အမိုးနီးယားဓာတ်ငွေ့ပိုက် ပေါက်ကွဲမှုဖြစ်ပွားရာမှာ ဓာတ်ငွေ့အဆိပ်သင့်သူ အယောက် ၇၀ ကျော်ရှိခဲ့တယ်လို့ ဒီဖြစ်စဉ်မှာ သွားရောက်ကူညီခဲ့တဲ့ ပရဟိတအသင်းတွေဆီက သိရပါတယ်။ ရေခဲစက်ကနေ အမိုးနီးယား ပေါက်ကွဲယိုစိမ့်မှုဖြစ်ပွားတာကြောင့် အနီးနားနေသူတွေ နေအိမ်အတွင်းက ထွက်ပြေးခဲ့ကြရပြီး မူးဝေလဲကျတာတွေနဲ့ အော့အန်တာမျိုးတွေဖြစ်လို့ လူနာတင်ယာဉ်၊ မီးသတ်ယာဉ် အစီး ၄၀ ကျော်လောက်နဲ့ ကူညီကယ်ဆယ်မှုတွေ ပြုလုပ်ခဲ့ရတယ်လို့ သိရပါတယ်။ “ဓာတ်ငွေ့သင့်တာကတော့ အဲ့ဒီနား ပတ်ချာလည်ကတော့ အကုန်ပါတာပေါ့။ လူငယ်တွေကျတော့ အောက်ဆင်းရှောင်လို့ရတယ်လေ။ လူကြီးတွေ၊ ကလေးငယ်တွေကျတော့ ကျွန်တော်တို့ ကယ်ဆယ်ရေးအဖွဲ့တွေက ဆွဲချ၊ ဆွဲထုတ်ပေါ့။ ဓာတ်ငွေ့သင့်တဲ့သူကတော့ အယောက်…

Read More

ယူကရိန်းစစ်မြေပြင်မှာဦးစီးမယ့် တပ်မှူးနောက်တဦးကို သမ္မတပူတင်အစားထိုးခန့်အပ်

မော်စကို၊ ဇန်နဝါရီ-၁၂-၂၀၂၃ မျိုးဆက်(VOM) ရုရှားသမ္မတပူတင်ဟာ ယူကရိန်းစစ်ပွဲကိုဦးဆောင်နေတဲ့ ရုရှားတပ်မှူးကို ရာထူးခန့်အပ်ပြီးနောက် သုံးလအကြာမှာ ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။ သူ့နေရာမှာ စစ်ဦးစီးချုပ် ဗယ်လာရီဂီရာဆီမော့ဗ်က ယူကရိန်းစစ်ပွဲကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဂီရာဆီမော့ဗ်ဟာ ယူကရိန်းရဲ့စွမ်းအင်အခြေခံ အဆောက်အအုံတွေအပေါ် မကြာသေးမီက အပြင်းအထန်တိုက်ခိုက်ခဲ့တဲ့ ဆာဂေးဆူရိုဗီကင်နေရာမှာ အစားထိုးတာ၀န်ယူမှာဖြစ်ပါတယ်။ မကြာသေးမီလတွေအတွင်း ရုရှားတပ်တွေဟာ ယူကရိန်းစစ်မြေပြင်မှာ ရှုံးနိမ့်မှုတွေ ဆက်တိုက်ကြုံခဲ့ပြီးနောက် အခုလို အစားထိုးခန့်အပ်မှု ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ ရုရှားဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၂၄ ရက်ကတည်းက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်နေတာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်ကတည်းက ရာထူးတက်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာဆီမော့ဗ်ဟာ ဆိုဗီယက်ခေတ်နောက်ပိုင်း သက်တမ်းအရှည်ဆုံး ရုရှားစစ်ဗိုလ်ချုပ်တဦးလည်း ဖြစ်ပါတယ်။ ဗိုလ်ချုပ်ကြီး ဗယ်လာရီဂီရာဆီမော့ဗ်ကို ခန့်အပ်လိုက်တာဟာ ကွဲပြားခြားနားတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေအကြား ပိုမိုနီးကပ်စွာ ထိတွေ့ဆက်ဆံဖို့နဲ့ ရုရှားတပ်ဖွဲ့တွေရဲ့ အရည်အသွေးနဲ့ စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက…

Read More

တရုတ်မှာ လူအုပ်ထဲကို ကားနဲ့၀င်တိုက်ပြီး ပိုက်ဆံကြဲတဲ့အမျိုးသား အဖမ်းခံရ ၊ ငါးဦးသေပြီး ၁၃ ဦးဒဏ်ရာရ

ပေကျင်း၊ ဇန်နဝါရီ-၁၂-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ ကွမ်ကျိုးမြို့မှာ လူအုပ်ထဲသို့ ကားတစီး၀င်တိုက်မိမှုကြောင့် လူငါးဦးသေဆုံးပြီး ၁၃ ဦးဒဏ်ရာရရှိသွားကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ဒေသခံတွေအကြား ကျယ်ကျယ်ပြန့်ပြန့် အမျက်ဒေါသထွက်နေကြပြီး ကားမောင်းလာတဲ့အမျိုးသားဟာ လူအုပ်ထဲကိုတမင်တကာ ကားနဲ့၀င်တိုက်ခြင်းဖြစ်ကြောင်း စွပ်စွဲမှုတွေရှိနေပါတယ်။ ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် အဲဒီအမျိုးသားဟာ ကားပေါ်ကနေဆင်းပြီးငွေစက္ကူတွေကို လေထဲကြဲချနေတာကို အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ ရုပ်သံမှတ်တမ်းတွေမှာ ဖော်ပြထားပါတယ်။ ယာဉ်တိုက်မှုဟာ လူဦးရေ ၁၉ သန်းနေထိုင်တဲ့ ကွမ်ကျိုးမြို့မှာ ဇန်နဝါရီ ၁၁ ရက်ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လက်ရှိမှာတော့ အသက် ၂၂ နှစ်အရွယ် အဲဒီအမျိုးသားကို ဖမ်းဆီးထိန်းသိမ်းထားပြီး စုံစမ်းစစ်ဆေးမှုတွေကို ရဲတပ်ဖွဲ့က လုပ်ဆောင်နေပါတယ်။ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်း ဖူကျန်ပြည်နယ်မှာ လူအုပ်ထဲကို ထရပ်ကားတစ်စီး၀င်တိုက်မှုဖြစ်ပွားခဲ့ရာ လူသုံးဦးသေဆုံးပြီး ကိုးဦးဒဏ်ရာရရှိခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #ပေကျင်း

Read More

အောင်လံမြို့နယ် ညောင်ပင်ဆိပ်လမ်းမှာ ကား ၁ စီး တိမ်းမှောက်ပြီး လူ ၂ ဦးသေဆုံး၊ ၄ ဦးဒဏ်ရာရ

ဇန်နဝါရီ ၁၂ -၂၀၂၃ SP (VOM) မကွေးတိုင်း ၊ သရက်ခရိုင် ၊ အောင်လံမြို့နယ် ၊ ညောင်ပင်ဆိပ်ကျေးရွာအနီး ညောင်ပင်ဆိပ်ကားလမ်းမှာ ဒီကနေ့မနက် ၇ နာရီခွဲ အချိန်က ကား ၁ စီးတိမ်းမှောက်ပြီး ၊ ကားပေါ်ပါ ခရီးသည် ၂ ဦးသေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သရက်ခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” ညောင်ပင်ဆိပ်ရွာ အဝင်ကွေ့မှာ အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်သွားတာဖြစ်တယ် ၊ ကားပေါ်ပါ ခရီးသည် အမျိုးသား ၆ ဦးအနက် ၂ ဦးသေဆုံးပြီး၊ ကျန် ၄ ဦး ဒဏ်ရာရတယ်”လို့ ကူညီကယ်ဆယ်ပေးခဲ့တဲ့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ သေဆုံးရုပ်အလောင်းတွေနဲ့ ဒဏ်ရာရ လူနာတွေကို အောင်လံမြို့ခံ ပုညကုသလနာရေးကူညီမှုအသင်း နဲ့ မြတ်မေတ္တာလူမှုကူညီရေးအသင်းတို့က ပြလို့တိုက်နယ်…

Read More

ကြွေးမြီတွေလျှော့ပေးဖို့ တရုတ်နဲ့ အိန္ဒိယကို သီရိလင်္ကာတိုက်တွန်း

ကိုလံဘို၊ ဇန်နဝါရီ-၁၂-၂၀၂၃ မျိုးဆက်(VOM) သီရိလင်္ကာနိုင်ငံရဲ့ ကြွေးမြီတွေကို လျှော့ချပေးရေးနဲ့ပတ်သက်ပြီး တတ်နိုင်သမျှအမြန်ဆုံး သဘောတူဖို့ တရုတ်နဲ့အိန္ဒိယနိုင်ငံတို့ကို သီရိလင်္ကာဗဟိုဘဏ်က ဇန်နဝါရီ ၁၁ ရက်မှာ တိုက်တွန်းလိုက်ပါတယ်။ စီးပွားရေးကျဆင်းမှုနဲ့ဆိုးရွာစွာရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံမှာ ပြည်ပကြွေးမြီတွေကို ပြန်ဆပ်ဖို့ပျက်ကွက်ခဲ့ပြီး နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ဒေါ်လာ ၂ ဒသမ ၉ ဘီလီယံထောက်ပံ့ပေးဖို့ ညှိနှိုင်းမှုများ လုပ်ဆောင်နေပါတယ်။ ဒါပေမယ့် သီရီလင်္ကာရဲ့ ဒေါ်လာဘီလီယံများစွာရှိသော ကြွေးမြီတွေကို လျှော့ချဖို့ တရုတ်၊ အိန္ဒိယတနဲ့ ဦးစွာသဘောတူညီချက်မရမချင်း အဆိုပါထောက်ပံ့ငွေတွေကို နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့က ပေးအပ်မှာမဟုတ်ပါဘူး။ ကြွေးမြီလျှော့ချရေးနဲ့ပတ်သက်ပြီး တရုတ်၊ အိန္ဒိယနိုင်ငံတို့အနေနဲ့ အမြန်ဆုံးဆောင်ရွက်ကြရန်ဖို့၊ ဒါဟာ သက်ဆိုင်ရာနိုင်ငံတွေရဲ့ အကျိုးစီးပွားအတွက်ဖြစ်ကြောင်း သီရိလင်္ကာဗဟိုဘဏ်အကြီးအကဲက ပြောပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်ရဲ့ ခန့်မှန်းချက်အရ သီရိလင်္ကာလူဦးရေရဲ့ သုံးပုံတပုံကျော်ဟာ အစာရေစာမလုံလောက်ခြင်းနဲ့ရင်ဆိုင်နေရပြီး အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ငတ်မွတ်ခေါင်းပါးမှု များပြားနေကြောင်း သိရပါတယ်။ Ref:BBC #voiceofmyanmar #VOM #ကိုလံဘို

Read More

လောင်းလုံးမှာ နှစ်ရက်အတွင်း သက်ကြီးပိုင်း အမျိုးသမီး ၂ ဦး ပစ်သတ်ခံရ

ဇန်နဝါရီ ၁၂ – ၂၀၂၃ SN (VOM) ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်မှာ ၂ ရက်အတွင်း အသက်ကြီးပိုင်း အမျိုးသမီး ၂ ဦးပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၁၀ ရက်နေ့၊ နေ့လယ်ပိုင်းမှာ ကျောက်ဆင်ရွာက အသက် ၆၃ အရွယ်အရွယ် ဒေါ်မာမာဇင်ဆိုတဲ့ အမျိုးသမီးတဦး နေအိမ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဒေါ်မာမာဇင်ဟာ ပစ်ခတ်ခံရမှုကြောင့် လည်ပင်း၊ မျက်လုံး၊ နားထင်တို့မှာ ဒဏ်ရာတွေ ရရှိပြီး နေရာမှာပဲ သေဆုံးခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ဇန်နဝါရီ ၁၁ ရက်နေ့၊ မွန်းလွဲပိုင်းကလည်း ဝေဒီကျေးရွာနေ အသက် ၆၅ နှစ်ဝန်းကျင်ရှိ ဒေါ်တင်သန်းဆိုသူဟာ နေအိမ်စျေးဆိုင်မှာ စျေးရောင်းနေတုန်း အမည်မသိ လူတစုရောက်လာပြီး သေနတ်နဲ့ ပစ်သတ်သွားတယ်လို့ သိရပါတယ်။ “ဒီအမျိုးသမီးတွေ ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာနဲ့ ဘယ်အဖွဲ့ကပစ်ခတ်ခဲ့တယ်ဆိုတာကိုတော့…

Read More
VOM News

FREE
VIEW