ဇန်နဝါရီ ၁၂၊ ၂၀၂၃ Shy V (VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဝိုင်းမော် – ဝါရှောင်လမ်း၊ ဝူယာန်ရွာမှာ ဇန်နဝါရီ ၁၀ ရက် ညနေ ၄ နာရီခွဲခန့်က ကလေးတွေဟာ မပေါက်ကွဲသေးတဲ့ စစ်ကျန်လက်နက်ပစ္စည်း ဆော့ကစားမိရာက ပေါက်ကွဲလို့ ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ပြင်းထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဝိုင်းမော် – ဝါရှောင်လမ်း၊ ဝူယန်ရွာ၊ လီဆူ ရပ်ကွက်က ကလေးတွေ သွားဆော့တာ။ ပေါက်ကွဲလာတာ။ လက်နက်ကြီးကျည်။”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ ထိသွားတဲ့ ကလေးတွေက အသက် ၉ နှစ် အရွယ်ရှိ မောင်ခေါဆီး၊ အသက် ၈ နှစ် အရွယ် မောင်အားလူဒီး နဲ့ အသက်…
Read MoreMonth: January 2023
သန်လျင်မှာ ဖမ်းမိတဲ့ အထောက်အထားမဲ့ ၇၉ ဦး ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခံရ
ဇန်နဝါရီ၊ ၁၂-၂၀၂၃ MM(VOM) ရန်ကုန်တိုင်း၊ သန်လျင်မြို့နယ်၊ မြို့ဟောင်းအရှေ့ ရပ်ကွက်က အိမ်တလုံးမှာ ဖမ်းဆီးခံရတဲ့ အထောက် အထားမဲ့တွေထဲက ၇၉ ယောက်ကို ထောင်ဒဏ် ၂ နှစ်စီအမိန့်ချလိုက်တယ်လို့ သိရပါတယ်။ အထောက်အထားမဲ့သူ အသက် ၁၈ နှစ်အောက် ၃၃ ယောက် အပါအဝင် အားလုံးအယောက် ၈၀ ကိုသန်လျင်မြို့ ၊မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီပေ(၃၀) လမ်း၊ အမှတ် (၂၀)က အိမ်တလုံးမှာ အခုလ ဇန်နဝါရီ ၂ ရက် ည ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးခံခဲ့ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဖမ်းမိခဲ့တဲ့ အထောက်အထားမဲ့ အယောက် ၈ဝ ထဲက တယောက်ဟာ ရောဂါနဲ့သေဆုံးခဲ့ရပြီး ကျန်တဲ့ ၇၉ ယောက်ကို သန်လျင်မြို့နယ် ၊တရားရုံးကနေ ဇန်နဝါရီ ၁ဝ ရက်က ထောင်ဒဏ် ၂နှစ်စီချမှတ်လိုက်တာလို့…
Read Moreငွေနှင်းစွေအန် ဟေမန်လေမို့
ဆူးငှက် ရှစ်မျက်နှာ ယှက်ကာခြုံသည် ထက်အကာယံ့ နယ်ဖြစ်အင်။ ပက်ပါရွာအံ့ ခယ်ရစ်ဆင်သည် တိမ်နယ့်ပိုင်ရှင် မာန်မူ၍ မင်ခဲမင်ညွန့် ကနုတ်ထောင်သည် အဟုတ်ပြိုဆောင် ဖန်အားတတ်နိုင်ပေ့၊ ခွင့်မကာရဒါလကြံံမှာ . . .ခွာမြဝတ်မှုန် လပြည်ဝေ့ . . . ငွေနှင်းစွေအန် ဟေမန်လေမို့ လေပြည်ဈာန် မွေ့ဖွေ့လှိုက်ခုန် ရေထည်ခြုံလွှာ ပြန်ပြန်ထပ်တယ် ဖန်ဖန်မြလက် ဘွင်သည်းစိမ့်ကာတုန် . . .။ မထင်မှတ်သော ဆောင်းလေအေးက လေးဖက်ရမ်းခဲ့သည်။ သူ့လက်ဖြည်မှ နှင်းက အပြေးအလွှား နေရာယူရလေတော့၏။ နှင်းရယ်လာမှ လာနိုင်ပါ့မလားရယ်လို့ စိုးရိမ်ပူပန်လိုက်ရတာကွယ်။ လာမည့် လာတော့လည်း ရက်လနှစ်ချီ အလီလီခွဲရလေသော သည်းသည်းလှုပ် ချစ်သူနှစ်ဦးဆုံတွေ့ရသလို နှင်းကလည်း ကဲလွန်းသည်းလွန်း လှချေ၏။ မိုးလေလား နှင်းလေလား ထင်မှတ်မှားရအောင် ဖြိုးဖြိုးဖြောက်ဖြောက် မိုးသီးမိုးပေါက်အလား ထင်မှတ်မှားရ၏။ သရက်ကုန်းကျောင်းတိုက်ဆီက ဆွမ်းခံတုံးမောင်းခေါက်တော့ အပျိုပေါက်နေခြည်က…
Read Moreကျောက်ကြီးမှာ တံတားမိုင်းခွဲဖျက်ဆီးခံရတာကြောင့် ဒေသခံတွေသွားလာရေးအခက်အခဲဖြစ်နေ
ဇန်နဝါရီ၊၁၀-၂၀၂၂ MM(VOM) ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်က တံတား ၁ စင်း မိုင်းခွဲဖျက်ဆီးခံရခြင်းကြောင့် ပျက်စီးမှုဖြစ်ပေါ်ခဲ့တဲ့ အတွက် တံတားကို အသုံးပြုတဲ့ ဒေသခံတွေသွား လာရေး အခက်အခဲဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ မိုင်းခွဲဖျက်ဆီးခံရတဲ့ တံတားဟာ ပဲခူးတိုင်း ၊ ကျောက်ကြီးမြို့နယ်၊ မအူဆိပ်ကျေးရွာအုပ်စု၊ ကျောက်ကြီး- မုန်းဒေသ သွားကားလမ်း ဒုံးတိုကျေးရွာရှိ မိုင်တိုင် အမှတ် ၅၆/၃ ၊ တံတားအမှတ် ၁/၅၇ ၊ ဖြစ်ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၈ ရက်က မိုင်းခွဲခံခဲ့ရပြီး တံတားပျက်စီးခဲ့ရတာလို့ သိရပါတယ်။ ”အခု ဖျက်ဆီးခံရတဲ့ တံတားက ကျွန်တော်တို့ ဒေသ အတွက် အရမ်းကိုအရေးပါတဲ့ တံတားပါ၊ ကျောက်ကြီးမြို့ပေါ်ကို ဆန်အိတ်တွေသွားရောင်းဖို့လုပ်ထားတာ ၊တံတား ဖျက်ဆီးခံရတော့ သွားမရတော့ဘူး ၊ အလုပ်တွေအဆင်မပြေ တော်တော်ဖြစ်ကုန်တာ ၊ ကားမပြောနဲ့ ဆိုင်ကယ်တောင်…
Read Moreမြန်မာ -အိန္ဒိယ နယ်စပ်က CNA ဌာနချုပ် ဗုံးကျဲတိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံး၊ ၂၀ ကျော် ဒဏ်ရာရ
ဇန်နဝါရီ ၁၁ -၂၀၂၃ SP (VOM) ချင်းပြည်နယ် ၊ ထန်တလန်မြို့နယ်၊မြန်မာ – အိန္ဒိယ ၂ နိုင်ငံနယ်စပ်ရှိ Chin National Army ( CNA ) ဌာနချုပ်ကို မနေ့ ဇန်နဝါရီ ၁၀ ရက်နေ့ ညနေပိုင်းက ဗုံးကျဲတိုက်ခိုက်ခံရတာကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးကာ ၂၀ ကျော် ဒဏ်ရာရတယ်လို့ ထန်တလန်အခြေစိုက် လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ညနေ ၄ နာရီခွဲ ဝန်းကျင်မှာ Camp Victoria ကို လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်တယ် ၊ သုံးလေးကြိမ်ထက်မနည်း ဗုံးကျဲခံရတယ် ၊ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစလို့ Camp Victoria မှာ အခြေပြုတာ မရှိတော့ဘူး ၊ အစောင့်တပ်ခွဲပဲရှိတာ၊ အဲ့ဒီအထဲက…
Read Moreကမ္ဘာ့စီးပွားရေး ကျဆင်းမှုအန္တရာယ် အလွန်နီးကပ်နေပြီလို့ ကမ္ဘာ့ဘဏ်သတိပေး
ဝါရှင်တန်၊ ဇန်နဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာ့စီးပွားရေးဆုတ်ယုတ်ကျဆင်းမှုအန္တရာယ် အလွန်နီးကပ်နေပြီဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဇန်နဝါရီ ၁၀ ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။ ကမ္ဘာ့စီးပွားရေးဟာ ယခုနှစ်အတွင်း ၁ ဒသမ ၇ ရာခိုင်နှုန်းဟာ တိုးတက်မယ်လို့ ကမ္ဘာဘဏ်က ခန့်မှန်းထားပြီး ဇွန်လမှာခန့်မှန်းထားခဲ့တဲ့ သုံးရာခိုင်နှုန်းထက် သိသိသာသာကျဆင်းသွားပါတယ်။ အခုလိုက်ကမ္ဘာ့စီးပွားရေး ဆုတ်ယုတ်ကျဆင်းမှုဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှု၊ ကပ်ရောဂါရဲ့ သက်ရောက်မှုစတဲ့ အကြောင်းတရားတွေကြောင့်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ စီးပွားရေးကျဆင်းမှုဟာ ကျယ်ပြန့်တဲ့ အခြေခံအကြောင်းတရားတွေကြောင့်ဖြစ်ပြီး ကမ္ဘာ့နိုင်ငံတိုင်းနီးပါးရှိ လူတွေရဲ့၀င်ငွေတိုးတက်မှုဟာ ကိုဗစ်-၁၉ ကပ်ရောဂါမတိုင်မီ ဆယ်စုနှစ်များအတွင်းကထက် နှေးကွေးဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဌ ဒေးဗစ်မယ်လ်ပက်စ်က ပြောပါတယ်။ ကမ္ဘာ့လုံးဆိုင်ရာ စီးပွားရေးအကျပ်အတည်းနဲ့ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၀၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်တို့မှာ စီးပွားရေးကျဆင်းမှုတွေမှအပ ယခုနှစ်အတွင်း စီးပွားရေးတိုးတက်မှု ၁ ဒသမ ၇ ရာခိုင်နှုန်းသာရှိမယ်လို့ ခန့်မှန်းချက်ဟာ ၁၉၉၁…
Read Moreနိုင်သူရေးတဲ့ သမိုင်းနဲ့ အနာဂါတ်ပျောက်နေတဲ့ မြန်မာပြည်
မန္တလေး၊ ဇန်နဝါရီ – ၁၁- ၂၀၂၃ (Voice Of Myanmar) လက်ရှိ မြန်မာ့နိုင်ငံရေးအခြေအနေဟာ ခေါင်းဆောင်အားကိုးတဲ့ နိုင်ငံရေးအခြေအနေဖြစ်နေဆဲပဲလား၊ တပ်မတော်ခေါင်းဆောင်တွေ အနေနဲ့ နိုင်ငံရေးအမျှော်အမြင် ဘယ်လောက်ရှိသလဲ၊ ဖြစ်ပေါ်နေတဲ့ လက်ရှိ နိုင်ငံရေးအခြေအနေဟာ ဘယ်ကို ဦးတည်နေသလဲ၊ ခေတ်အဆက်ဆက်က နိုင်ငံရေးမျိုးဆက်ပြတ်အောင်လုပ်ခဲ့တဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်က လက်ရှိပစ္စုပ္ပန်မှာ ဘယ်လောက်ရိုက်ခတ်ခံခဲ့ရသလဲ ဆိုတာတွေကို ပြည်သူ့ပါတီဥက္ကဌလည်းဖြစ် ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ဦးကိုကိုကြီးကို VOM အယ်ဒီတာချုပ် ကိုနေမျိုးလင်းက တွေ့ဆုံဆွေးနွေးထားပါတယ်။ ပထမဆုံးအနေနဲ့ ၁၉၆၂ ခုနှစ် ဦးနေဝင်း အာဏာသိမ်းပြီးကတည်းက နိုင်ငံရေးမျိုးဆက်ပြတ်အောင်လုပ်ခဲ့တဲ့ လုပ်ရပ်တွေဟာ လက်ရှိအခြေအနေမှာ ဘယ်လိုရင်ဆိုင်နေရသလဲဆိုတာကို စမေးကြည့်တော့ ဦးကိုကိုကြီးက အခုလိုဖြေကြားခဲ့ပါတယ် ……. #Voiceofmyanmar #vom #ဦးကိုကိုကြီး #ပြည်သူ့ပါတီ #၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေ #ဦးကိုကိုကြီးအင်တာဗျူး #အင်တာဗျူး Youtube Link – https://www.youtube.com/watch?v=twUiZVP4a_8
Read Moreကူမဲဈေး မီးလောင်မှု ဈေးဆိုင်ခန်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရ
ဇန်နဝါရီ ၁၁-၂၀၂၃ MM + SYO (VOM) မန္တလေးတိုင်း ၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ၊ ကူမဲမြို့က ကူမဲဈေးမှာ မနေ့ ဇန်နဝါရီ ၁၀ရက် ညပိုင်းက မီးလောင်မှုဖြစ်ပွားပြီး ဈေးဆိုင်ခန်းပေါင်း ၂၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံ ပရဟိတအဖွဲ့တွေဆီကနေ သိရပါတယ်။ ”မီးလောင်မှုက မနေ့ ဇန်နဝါရီ ၁၀ ရက် ညနေ ၆ နာရီ ၂၀ မိနစ်ခန့်က မီးလောင်တာ၊ကူမဲဈေးရဲ့ (ခ) ရုံထဲ မီးလောင်တာပါ၊ ဆိုင်ခန်းက ၂၀ လောက်ပါသွားတယ် ၊ မီးလောင်မှုဖြစ်တဲ့အချိန် ဈေးတချို့ပိတ်နေပြီ ၊ အကုန်ပါသွားတာ ဘာမှကို ပြန်မရလိုက်ကြဘူး ၊ အချိန်တော်တော်ကြာကြာ မီးငြှိမ်းသတ်ရတာ ၊ မီးသတ်ကတော့ ဘာမှ မထုတ်ပြန်သေးပါဘူး ၊ လူတွေတော့ဘာမှ မဖြစ်ဖူး။”လို့ ကူမဲမြို့ခံပရဟိတ…
Read Moreနောက်ဆုံးပေါ် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် ကူးစက်မှု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ သတိပေး
ဂျီနီဗာ၊ ဇန်နဝါရီ-၁၁-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်မှာ နောက်ဆုံးပေါ်အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် အလျင်အမြန်ကူးစက်မှုတွေကြောင့် ခရီးဝေးသွားမယ့် လေယာဉ်စီးခရီးသည်တွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဇန်နဝါရီ ၁၀ရက်မှာ သတိပေးပြောကြားလိုက်ပါတယ်။ ဥရောပမှာ XBB.1.5 အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ်ကူးစက်မှုဟာ လက်ရှိမှာနည်းပါးသေးပေမယ့် တိုးပွားလာနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ဥရောပတာ၀န်ရှိသူတွေက ပြောပါတယ်။ ခရီးဝေးသွားမယ့်လေယာဉ်တွေလိုမျိုး ဗိုင်းရပ်စ်ကူးစက်နိုင်ခြေများတဲ့နေရာတွေမှာ နှာခေါင်းစည်းတွေတပ်ဖို့ တာ၀န်ရှိသူတွေအနေနဲ့ အကြံပြုသင့်ပြီး ဒါဟာ ကိုဗစ်ကျယ်ကျယ်ပြန့်ပြန့်ကူးစက်မှုဖြစ်တဲ့နိုင်ငံတိုင်းက လာသူတွေကို ဦးစားပေးသင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။ ကူးစက်မြန်တဲ့ နောက်ဆုံးပေါ်အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲသစ် XBB.1.5 ဟာ ဇန်နဝါရီ ၇ ရက်နေ့ သီတင်းပတ်အတွက် အမေရိကန်မှာဖြစ်ပွားခဲ့တဲ့ ကိုဗစ်ကူးစက်မှုရဲ့ ၂၇ ဒသမ ၆ ရာခိုင်နှုန်းရှိကြောင်း ကျန်းမာရေးတာ၀န်ရှိသူတွေက ပြောပါတယ်။ အဲဒီဗိုင်းရပ်စ်မျိုးကွဲသစ်ကြောင့် ကမ္ဘာ့လုံးဆိုင်ရာ ကူးစက်မှုလှိုင်း ဖြစ်မဖြစ်ကိုတော့ ရှင်းလင်းစွာမသိရပါဘူး။ လက်ရှိကာကွယ်ဆေးတွေဟာ ပြင်းထန်ရောဂါလက္ခဏာတွေ၊ ဆေးရုံတက်ရတောတွေနဲ့ သေဆုံးမှုတွေကို ဆက်လက်ကာကွယ်ပေးနိုင်ဆဲဖြစ်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ တာ၀န်ရှိသူတွေက ပြောပါတယ်။…
Read Moreကမ္ဘာ့အိုဇုန်းလွှာပျက်စီးမှု ဆယ်စုနှစ်တွေအတွင်း ပြန်လည်ကောင်းမွန်လာဖွယ်ရှိ
ကုလသမဂ္ဂ၊ ဇန်နဝါရီ-၁၀-၂၀၂၃ မျိုးဆက်(VOM) အိုဇုန်းလွှာပျက်စီးမှုကိုကာကွယ်ဖို့ လူသားများရဲ့ ဆောင်ရွက်မှုတွေဟာ မျှော်လင့်ထားတဲ့အတိုင်း လုပ်ဆောင်နိုင်ခဲ့တာကြောင့် ဆယ်စုနှစ်တွေအတွင်း အိုဇုန်းလွှာပြန်လည်ကောင်းမွန်လာဖွယ်ရှိကြောင်း ကုလသမဂ္ဂက ဇန်နဝါရီ ၉ရက်မှာ ပြောပါတယ်။ အိုဇုန်းလွှာကို အန္တရာယ်ဖြစ်စေတဲ့ ဓါတုပစ္စည်းတွေကို အသုံးပြုခြင်းကိုရပ်တန့်ဖို့ ၁၉၈၇ ခုနှစ်ရရှိခဲ့တဲ့ အပြည်ပြည်ဆိုင်ရာ သဘောတူညီချက်တခုအောင်မြင်ခဲ့ခြင်းက အိုဇုန်းလွှာပြန်လည်ကောင်းမွန် လာစေနိုင်တဲ့ အကြောင်းရင်းဖြစ်ကြောင်း ကုလသမဂ္ဂ၏အကဲဖြတ်ချက်မှာ ဖော်ပြထားပါတယ်။ အိုဇုန်းလွှာဟာ လူသားတွေအတွက် အန္တရာယ်ဖြစ်စေတဲ့ နေရောင်ခြည်မှာပါရှိတဲ့ ခရမ်းလွန်ရောင်ခြည်အများစုကို စုပ်ယူပေးတဲ့ ကမ္ဘာ့လေထုရဲ့ ပါးလွှာတဲ့ အစိတ်အပိုင်းတခုဖြစ်ပါတယ်။ အိုဇုန်းလွှာပျက်စီးသွားတဲ့ခါ ခရမ်းလွန်ရောင်ခြည်ဟာ ကမ္ဘာမြေပေါ်ကို တိုက်ရိုက်ရောက်ရှိပြီး လူသားတွေနဲ့အခြားသက်ရှိမျိုးစိတ်တွေအတွက် အန္တရာယ်ဖြစ်စေနိုင်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ဟာ ဒီအင်န်အေကို ပျက်စီးစေပြီး နေလောင်ခြင်းတွေကို ဖြစ်ပေါ်စေကာ အရေပြားကင်ဆာလိုမျိုး ရေရှည်ပြသနာတွေဖြစ်နိုင်ခြေကို တိုးပွားစေပါတယ်။ အိုဇုန်းလွှာဟာ ၁၉၇၀ ပြည့်နှစ်တွေက စတင်ပျက်စီးခဲ့ကြောင်း သုတေသီတွေကပြောပါတယ်။ Ref:BBC #voiceofmyanmar #VOM #ကုလသမဂ္ဂ
Read More