ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာကနေ တင်ပို့ဖို့ကျန်တဲ့ ဆန်တန်ချိန် လေးသောင်း နီးပါးကို အခုလ အပြီးတင်ပို့မယ်

ဇန်နဝါရီ ၃ – ၂၀၂၃ GG (VOM) ဘင်္ဂလားဒေ့ရှ်နိုင်ငံကို မြန်မာနိုင်ငံဘက်ကနေ တင်ပို့ဖို့ကျန်နေတဲ့ ဆန်တန်ချိန် ၄၀၀၀၀ နီးပါးကို အခု ဇန်နဝါရီလထဲမှာ အပြီး တင်ပို့သွားမယ်လို့ စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သိရပါတယ်။ တင်ပို့ဖို့ကျန်နေတဲ့ ဆန်တွေကို ရန်ကုန်ဆူးလေဆိပ်ကမ်း နဲ့ ရွှေပြည်သာမြို့နယ် ရွှေမဲဆိပ်ကမ်း ၊ ပုသိမ်စက်မှုမြို့တော်ဆိပ်ကမ်းနဲ့ စစ်တွေဆိပ်ကမ်းတွေကနေ တင်ပို့မှာဖြစ်တယ်လို့ သိရပါတယ်။ ” ဘင်္ဂလားဒေ့ရှ်နဲ့မြန်မာ နှစ်နိုင်ငံ G to G စာချုပ်အရ ဆန်တန်ချိန် နှစ်သိန်းပို့ရမှာပေါ့။ အဲ့ဒါကို ကျန်တဲ့ အခုလ ၁၅ ရက်အတွင်း အပြီးပို့ဖို့လုပ်နေတယ်။နောက်ကျရင်တောင် အလွန်ဆုံး အခုလ အပြီးပို့မှာပါ။ “လို့ စီးပွားရေးနဲ့ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတဦးကပြောပါတယ်။ လက်ရှိမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဆန် တန်ချိန် ၁၆၀၀၀၀ ကျော်တင်ပို့ထားပြီး ပြည်ပကိုအဓိကတင်ပို့နေတာက ပြည်တွင်း…

Read More

ရထားတစင်း ထပ်ပြီးမိုင်းဆွဲခံရလို့ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်တွေ ယာယီ ရပ်နားပြန်

ဇန်နဝါရီ ၃ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ ပေါင်မြို့မှာ ဇန်နဝါရီ ၂ ရက် (မနေ့က) မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ကုန်တင်ရထားတစင်း ထပ်ပြီး မိုင်းဆွဲခံရတာကြောင့် ရန်ကုန် – မော်လမြိုင် မီးရထားခရီးစဉ်တွေကို ယာယီ ရပ်နားလိုက်တယ်လို့ နစက ထုတ်ပြန်တဲ့ သတင်းအချက်အလက်တွေအရ သိရပါတယ်။ ပေါင်-ပဲခူးမြို့ဟောင်း ခရီးစဉ်အဖြစ် ဇန်နဝါရီလ ၂ ရက်၊ မနက် ၇ နာရီ ၁၀ မိနစ်ခန့်က ပေါင်မြို့နယ်၊ ဇင်းကျိုက်ဘူတာကနေ ကျောက်တွေ တင်ပြီး ထွက်လာတဲ့ ကုန်ရထားတွဲဆိုင်းဟာ သထုံမြို့နယ်၊ ဂေါ့ကျေးရွာ ကွင်းကူးတိုးဂိတ်အနီး မီးရထားလမ်း မိုင်တိုင် (၁၄၁) အနီးမှာ ရီမုမိုင်း ၁ လုံး ဖောက်ခွဲခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ့လို အဝေးထိန်းခလုတ်နဲ့…

Read More

စစ်ကိုင်းမြို့မှာ နှစ်ထပ်နေအိမ် ၁ လုံး မီးလောင်ပြီး အမျိုးသား၂ ဦး မီးလောင်သေဆုံး

ဇန်နဝါရီ၊၃-၂၀၂၂ MM(VOM) စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့၊ နန္ဒဝန်ရပ်ကွက် ၃ လမ်းမှာ ဒီကနေ့ ဇန်နဝါရီ ၃ ရက် မနက်အစောပိုင်းက နှစ်ထပ်အိမ် ၁ လုံး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသား ၂ ယောက် မီးလောင်သေဆုံးသွားတယ်လို့ သိရပါတယ်။ ”ဒီနေ့မနက် ၁ နာရီလောက်မှာ မီးကစတင်လောင်တာ ၊ မီးလောင်တဲ့ အိမ်က နှစ်ထပ်အိမ် ၊ အပေါ်ထပ်က ရှောခ့်ဖြစ်လောင်တာ ၊ မီးလောင်နေတဲ့အချိန် အပေါ်ထပ် မှာရှိတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသား ၂ ယောက် သေဆုံးသွားတာ၊ အိမ်က ၂ ထပ်ဆိုတော့ မီးလောင်တဲ့အချိန် ဆင်းရတာ မလွယ်တော့ မီးလောင်သေဆုံးခဲ့ရတာလို့ ယူဆတယ်။”လို့ မီးငြှိမ်းသတ်ရာမှာပါဝင်တဲ့ တာဝန်ရှိသူ တယောက်ကပြောပါတယ် ။ ဒေသခံ ပရဟိတအဖွဲ့ဝင်တယောက်က”မီးက မနက် ၁ နာရီလောက်က…

Read More

မက္ကဆီကို အကျဉ်းထောင်ကို မူးယစ်ဂိုဏ်းသားတွေ တိုက်ခိုက်မှု ၁၉ ဦးသေဆုံး၊ အကျဉ်းသား၂၄ ဦး ထွက်ပြေးလွတ်မြောက်

မက္ကဆီကိုစီတီး၊ ဇန်နဝါရီ-၃-၂၀၂၂ မျိုးဆက်(VOM) မက္ကဆီကိုနိုင်ငံမြောက်ပိုင်းရှိ အကျည်ထောင်တစ်ခုကို မူးယစ်ဆေးဝါးဂိုဏ်းတခုမှ ဂိုဏ်းသားတွေ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒါဇင်နဲ့ချီတဲ့အကျဉ်းသားတွေ လွတ်မြောက်သွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ချီဟွာဟွာပြည်နယ် အကျဉ်းထောင်အပြင်ဘက်ကို လက်နက်ကိုင်သေနတ်သမားတွေဟာ သံချပ်ကာကားတွေနဲ့ရောက်ရှိလာပြီးနောက် အကျဉ်းထောင်၀န်ထမ်းတွေကို စတင်ပစ်ခတ်ခဲ့ကြောင်း အာဏာပိုင်တွေကပြောပါတယ်။ နယ်စပ်မြို့ဖြစ်သော ချီဒက်ဂွာရက်ဇ်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုအတွင်း အကျဉ်းသားလေးဦး အပါအ၀င် လူ ၁၀ ဦးသေဆုံးသွားပြီး အကျဉ်းသား ၂၄ ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။ သေနတ်သမားအများစုဟာ အနက်ရောက်၀တ်ဆင်ထားပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေထက် လက်နက်အင်အား သာလွန်ကောင်းမွန်ကာ ဖြတ်သွားတဲ့ ယာဉ်မှန်သမျှကို ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောပါတယ်။ အဲဒီနယ်စပ်မြို့မှာ ဆီနာလိုအာနဲ့ဂွါရက်ဇ် မူးယစ်ဂိုဏ်းတို့အကြား နှစ်ပေါင်းများစွာ ဆိုးရွားတဲ့ ထိပ်တိုက်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Read More

KIO ခေါင်းဆောင်အချို့ ရာထူးပြောင်းလဲ ခန့်အပ်

ဇန်နဝါရီ ၃၊ ၂၀၂၃ Shy V(VOM) KIO ထိပ်ပိုင်းခေါင်းဆောင်အချို့ ရာထူး အပြောင်းအလဲနဲ့ ရာထူး ရုပ်သိမ်းကြောင်း KIO ဗဟို ကော်မတီကနေ မနေ့ ဇန်နဝါရီ ၂ ရက်နေ့က စာထုတ်ပြန်ထပါတယ်။ KIO ဗဟိုကော်မတီ ဥက္ကဋ္ဌ ၊KIC အတွင်းရေးမှူး၊ တိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ရာထူးမှ တာဝန်ရပ်နားခွင့်ပြုခြင်း၊ တိုင်းဒေသ ဗဟိုကော်မတီ ဥက္ကဋ္ဌ ခန့်အပ်ခြင်းနဲ့ လက်ထောက် ဥက္ကဋ္ဌ စတဲ့ ရာထူးတွေကို တာဝန်လွှဲပြောင်းပေးအပ်ခြင်းတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၃ ဇန်နဝါရီ၂ ရက်နေ့မှာ KIO ယာယီ ဥက္ကဋ္ဌ /ဒုဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး ဦးဂမ်ရှောင်ကို ဗဟို ဥက္ကဋ္ဌ တာဝန်ကို ထမ်းဆောင်ဖို့ရာထူး စစ်ဦးစီးချုပ်ရာထူးကနေ KIC ရဲ့အတွင်းရေးမှူး တာဝန်ထမ်းဆောင်ဖို့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ထုတ်ပြန်စာအရ သိရပါတယ်။…

Read More

မြောက်ကိုရီးယားစစ်တပ် ဒုတိယထိပ်တန်းခေါင်းဆောင်ကို ကင်ဂျုံအန်ထုတ်ပယ်

ပြုံးယမ်း၊ ဇန်နဝါရီ-၃-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားစစ်တပ်ရဲ့ ဒုတိယထိပ်တန်းခေါင်ဆောင်ဖြစ်သူကို ကင်ဂျုံအန်က ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ အာဏာရအလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌနဲ့ ပါတီဗဟိုကော်မတီအတွင်းရေးမှူးတဦးဖြစ်သူ ပါ့ခ်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ပြုလုပ်တဲ့ နှစ်ပတ်လည်ကော်မတီအစည်းအဝေးမှာ ရီယောင်ဂီနဲ့ အစားထိုးခဲ့တယ်လို့ ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။ အခုလို အစားထိုးခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး အကြောင်းပြချက်တစုံတရာ ဖော်ပြခြင်းမရှိပါဘူး။ မြောက်ကိုရီးယားဟာ ခေါင်းဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေပြုလုပ်လေ့ရှိပြီး နှစ်ကုန်မှာ လုပ်လေ့ရှိတဲ့ အစည်းအဝေးတွေမှာ အဓိကမူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေကို ကြေညာလေ့ရှိပါတယ်။ ကင်ဂျုံအန်ဦးဆောင်တဲ့ ပါတီရဲ့ဗဟိုစစ်ကော်မရှင်ဟာ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ အထက်မှာရှိပြီး မြောက်ကိုရီးယားရဲ့ သြဇာအာဏာအရှိဆုံး စစ်ဘက်ဆိုင်ရာဆုံးဖြတ်ချက်ချတဲ့အဖွဲ့ဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်ကာကွယ်ရေးမဟာဗျူဟာအတွက် အဓိကသော့ချက်အဖြစ် တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ စွမ်းအားကြီး နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ ကင်ဂျုံအန်က ညွှန်ကြားပြီးနောက်မှာ စစ်တပ်ထိပ်တန်းခေါင်းဆောင်တဦးကို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။ Ref:Reuters Photo:Reuters #voiceofmyanmar #VOM #ပြုံးယမ်း

Read More

မုံရွာမြို့မှာ နေအိမ်အတွင်း လူ ၃ ယောက် ပစ်သတ်ခံရ

ဇန်နဝါရီ ၊ ၃ ၊ ၂၀၂၂ SP ( VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ နန္ဒဝန်ရပ်ကွက် ၊ နယ်မြေ အမှတ် ၈ က လူနေအိမ် တလုံးမှာ မနေ့ ဇန်နဝါရီ ၂ ရက်နေ့ ၊ မနက်ပိုင်းက လူ ၃ ယောက် ပစ်သတ်ခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” မနေ့က မနက်ပိုင်း ၁၁ နာရီလောက်မှာ ဖြစ်တယ် ၊ နန္ဒဝန်ရပ်ကွက်မှာ ပြင်ပလျှပ်စစ်မီးဆင်ပေးတဲ့ ကိုထွန်းဝင်းရဲ့အိမ်မှာ ဖြစ်တာပါ ၊ အိမ်ရှင် ကိုထွန်းဝင်း ၊ သူ့မိန်းမ မမြင့်မာအေး ၊ သူ့ရဲ့မောင် ကိုသန်းဇော်တို့ ၃ ပစ်သတ်ခံရတာဖြစ်တယ်”လို့ ပရဟိတသမား တယောက်က ပြောပါတယ်။ အဲ့ဒီ ၃…

Read More

ဒွန်နက်ဒေသကို ဒုံးကျည်နဲ့တိုက်ခိုက်မှု ရုရှားတပ်ဖွဲ့၀င် ၄၀၀ သေဆုံးခဲ့တယ်လို့ ယူကရ်ိန်းပြော

ကိဗ်ယက်၊ ဇန်နဝါရီ-၃-၂၀၂၃ မျိုးဆက်(VOM) ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းနိုင်ငံ ဒွန်နက်ဒေသမှာ ဒုံးကျည်နဲ့တိုက်ခိုက်မှုကြောင့် ရုရှားတပ်ဖွဲ့၀င် ၄၀၀ သေဆုံးခဲ့တယ်လို့ ယူကရိန်းစစ်တပ်က ပြောပါတယ်။ ဒါပေမယ့် ရုရှားဘက်ကတော့ တပ်ဖွဲ့၀င် ၆၃ ဦးသာသေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပြီး အဲဒီနေရာကို သွားလာခွင့် ကန့်သတ်ထားပြီး သူ့ရဲ့တပ်ဖွဲ့၀င်တွေ သေဆုံးမှုကို ရုရှားဘက်က ရှားရှားပါးပါး ထုတ်ဖော်ပြောဆိုတာဖြစ်ပါတယ်။ နှစ်သစ်ကူးနေ့မှာ ရုရှားတပ်တွေ တပ်စွဲထားတဲ့ ဒွန်နက်ဒေသ မာခိဗ်ကာမြို့က အဆောက်အအုံကို ယူကရိန်းက တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရုရှားတွေ အသေအပျောက်အများဆုံး တိုက်ခိုကမှုလည်းဖြစ်ပါတယ်။ ယူကရိန်းဟာ အမေရိကန်လုပ် ဟားမာစ်ဒုံးကျည်စနစ်ကိုအသုံးပြုပြီး ဒုံးကျည်ခြောက်စင်းနဲ့ ရုရှားတပ်တွေရှိရာကို ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒုံးကျည်နှစ်စင်းကိုတော့ ကြားဖြတ်ပစ်ချနိုင်ခဲ့တယ်လို့ ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ထုတ်ပြန်ပါတယ်။ မာခိဗ်ကာမြို့ကို ယူကရိန်းကတိုက်ခိုက်ပြီး နာရီပိုင်းအကြာမှာတော့ ရုရှားကလည်း ယူကရိန်းမြို့တော် ကိဗ်ယက်ရှိ အရေးပါတဲ့ အခြေခံအဆောက်အအုံတွေကို မောင်းသူမဲ့လေယာဉ်၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ယူကရိန်းတာ၀န်ရှိသူတွေက ပြောပါတယ်။…

Read More

စစ်ကိုင်းတိုင်းမှာ ပြီးခဲ့တဲ့ ၁ နှစ်အတွင်း လူနေအိမ် ၂ သောင်းကျော် မီးရှို့ခံရ

ဇန်နဝါရီ ၃ -၂၀၂၃ SP ( VOM) ပြီးခဲ့တဲ့ ၂၀၂၂ ၊ ဇန်နဝါရီလ ကနေ ဒီဇင်ဘာ ၃၁ ရက်အထိ ၁ နှစ်တာကာလအတွင်းမှာ စစ်ကိုင်းတိုင်းထဲက မြို့နယ်ပေါင်း ၂၂ မြို့နယ် ၊ ကျေးရွာပေါင်း တစ်ရာကျော်မှာရှိတဲ့ လူနေအိမ် ၂ သောင်းကျော် မီးရှို့ဖျက်ဆီးခံရတယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” ရေဦးမြို့နယ်မှာ ၊ တင်းတိန်ရံ စျေးကြီး အပါအဝင် အဆောက်အဦပေါင်း ၁၃၄၆ လုံး ၊ ဒီပဲယင်းမြို့နယ်မှာ လူနေအိမ် ၂၈၆၂ လုံး ၊ ဝက်လက်မြို့နယ်မှာ ၁၂၅၅ လုံး ၊ ရွှေဘိုမြို့နယ်မှာ ၃၅၂ လုံး ၊ ကန့်ဘလူမြို့နယ်မှာ ၁၂၆၀ လုံး ၊ ခင်ဦးမြို့နယ်မှာ ၂၁၄၁ လုံး…

Read More

သန်လျင်မှာ နိုင်ငံသားအထောက်ထားမဲ့သူ ၇၇ ယောက်ဖမ်းမိ

ဇန်နဝါရီ ၃ -၂၀၂၃ GG (VOM) ရန်ကုန်တိုင်း ၊ သန်လျင်မြို့နယ်ထဲက နေအိမ်တအိမ်မှာ အသက်မပြည့်သေးတဲ့ နိုင်ငံသားအထောက်အထားမဲ့သူ ကလေးသူငယ်တေ;အပါအဝင် အားလုံးပေါင်း ၇၇ ယောက်ကို မနေ့ ဇန်နဝါရီ၂ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ သန်လျင်မြို့၊ မြို့ဟောင်းအရှေ့ရပ်ကွက်၊ ဘုရားနီ ပေ (၃၀)လမ်း၊ အမှတ် (၂၀)က နေအိမ်တခုမှာ ည ၁၀ နာရီဝန်းကျင်မှာ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” အိမ်ငှားက ခေါ်လာတာ။ သတင်းရလို့ လာစစ်တာမှာ မိတာလို့သိရတယ် ။ ခေါ်ထားတဲ့အိမ်ငှားကတော့ မမိဘူး ထွက်ပြေးသွားတယ် “လို့ သန်လျင်အခြေစိုက် ပရဟိတသမားတဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ နိုင်ငံသားအထောက်အထားမဲ့သူတွေထဲမှာ အသက်မပြည့်သေးတဲ့ကလေးအပါအဝင် အမျိုးသား ၄၅ ယောက်၊ အသက်မပြည့်သေးတဲ့ အမျိုးသမီး ၇ ယောက်အပါအဝင် ၃၂ ယောက် ဖြစ်တယ်လို့သိရပါတယ်။…

Read More
VOM News

FREE
VIEW