မက္ကဆီကို အကျဉ်းထောင်ကို မူးယစ်ဂိုဏ်းသားတွေ တိုက်ခိုက်မှု ၁၉ ဦးသေဆုံး၊ အကျဉ်းသား၂၄ ဦး ထွက်ပြေးလွတ်မြောက်

မက္ကဆီကိုစီတီး၊ ဇန်နဝါရီ-၃-၂၀၂၂
မျိုးဆက်(VOM)

မက္ကဆီကိုနိုင်ငံမြောက်ပိုင်းရှိ အကျည်ထောင်တစ်ခုကို မူးယစ်ဆေးဝါးဂိုဏ်းတခုမှ ဂိုဏ်းသားတွေ တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် ဒါဇင်နဲ့ချီတဲ့အကျဉ်းသားတွေ လွတ်မြောက်သွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

ချီဟွာဟွာပြည်နယ် အကျဉ်းထောင်အပြင်ဘက်ကို လက်နက်ကိုင်သေနတ်သမားတွေဟာ သံချပ်ကာကားတွေနဲ့ရောက်ရှိလာပြီးနောက် အကျဉ်းထောင်၀န်ထမ်းတွေကို စတင်ပစ်ခတ်ခဲ့ကြောင်း အာဏာပိုင်တွေကပြောပါတယ်။

နယ်စပ်မြို့ဖြစ်သော ချီဒက်ဂွာရက်ဇ်မှာ ဖြစ်ပွားခဲ့တဲ့ အဆိုပါတိုက်ခိုက်မှုအတွင်း အကျဉ်းသားလေးဦး အပါအ၀င် လူ ၁၀ ဦးသေဆုံးသွားပြီး အကျဉ်းသား ၂၄ ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း ရဲတပ်ဖွဲ့ကပြောပါတယ်။

သေနတ်သမားအများစုဟာ အနက်ရောက်၀တ်ဆင်ထားပြီး လုံခြုံရေးတပ်ဖွဲ့၀င်တွေထက် လက်နက်အင်အား သာလွန်ကောင်းမွန်ကာ ဖြတ်သွားတဲ့ ယာဉ်မှန်သမျှကို ပစ်ခတ်ခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောပါတယ်။

အဲဒီနယ်စပ်မြို့မှာ ဆီနာလိုအာနဲ့ဂွါရက်ဇ် မူးယစ်ဂိုဏ်းတို့အကြား နှစ်ပေါင်းများစွာ ဆိုးရွားတဲ့ ထိပ်တိုက်ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်း လူထောင်ပေါင်းများစွာ သေဆုံးခဲ့ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #မက္ကဆီကိုစီးတီး

Related posts

Leave a Comment

VOM News

FREE
VIEW