မြောက်ကိုရီးယားစစ်တပ် ဒုတိယထိပ်တန်းခေါင်းဆောင်ကို ကင်ဂျုံအန်ထုတ်ပယ်

ပြုံးယမ်း၊ ဇန်နဝါရီ-၃-၂၀၂၃
မျိုးဆက်(VOM)

မြောက်ကိုရီးယားစစ်တပ်ရဲ့ ဒုတိယထိပ်တန်းခေါင်ဆောင်ဖြစ်သူကို ကင်ဂျုံအန်က ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။

အာဏာရအလုပ်သမားပါတီရဲ့ ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဌနဲ့ ပါတီဗဟိုကော်မတီအတွင်းရေးမှူးတဦးဖြစ်သူ ပါ့ခ်ကို ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ပြုလုပ်တဲ့ နှစ်ပတ်လည်ကော်မတီအစည်းအဝေးမှာ ရီယောင်ဂီနဲ့ အစားထိုးခဲ့တယ်လို့ ကေစီအင်န်အေ သတင်းဌာနက ဖော်ပြထားပါတယ်။

အခုလို အစားထိုးခန့်အပ်လိုက်တာနဲ့ပတ်သက်ပြီး အကြောင်းပြချက်တစုံတရာ ဖော်ပြခြင်းမရှိပါဘူး။ မြောက်ကိုရီးယားဟာ ခေါင်းဆောင်မှုပိုင်းနဲ့ပတ်သက်ပြီး အပြောင်းအလဲတွေပြုလုပ်လေ့ရှိပြီး နှစ်ကုန်မှာ လုပ်လေ့ရှိတဲ့ အစည်းအဝေးတွေမှာ အဓိကမူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေကို ကြေညာလေ့ရှိပါတယ်။

ကင်ဂျုံအန်ဦးဆောင်တဲ့ ပါတီရဲ့ဗဟိုစစ်ကော်မရှင်ဟာ ကာကွယ်ရေး၀န်ကြီးဌာနရဲ့ အထက်မှာရှိပြီး မြောက်ကိုရီးယားရဲ့ သြဇာအာဏာအရှိဆုံး စစ်ဘက်ဆိုင်ရာဆုံးဖြတ်ချက်ချတဲ့အဖွဲ့ဖြစ်ပါတယ်။

၂၀၂၃ ခုနှစ်ကာကွယ်ရေးမဟာဗျူဟာအတွက် အဓိကသော့ချက်အဖြစ် တိုက်ချင်းပစ်ဒုံးကျည်တွေနဲ့ စွမ်းအားကြီး နျူကလီးယားလက်နက်တွေ ထုတ်လုပ်ဖို့ ကင်ဂျုံအန်က ညွှန်ကြားပြီးနောက်မှာ စစ်တပ်ထိပ်တန်းခေါင်းဆောင်တဦးကို ရာထူးကနေ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

Ref:Reuters
Photo:Reuters
#voiceofmyanmar #VOM #ပြုံးယမ်း

Related posts

Leave a Comment

VOM News

FREE
VIEW