ကိဗ်ယက်၊ ဇန်နဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံကို နောက်ထပ်လက်နက်အကြီးစားတွေ ထောက်ပံ့ပေးဖို့ သမ္မတဇီလန်စကီးရဲ့တောင်းဆိုချက်ကို နိုင်ငံအများအပြားက လက်ခံသဘောတူလိုက်ကြပါတယ်။ အမေရိကန်ကတော့ သံချပ်ကာယာဉ်တွေနဲ့ လေကြောင်းရန်ကာကွယ်ရေးစနစ်တွေအပါအ၀င် ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးမယ်လို့ ကတိပြုထားပါတယ်။ ဗြိတိန်ကလည်း ရာနဲ့ချီတဲ့ဒုံးကျည်တွေ ယူကရိန်းကို ထောက်ပံ့ပေးမှာဖြစ်ပြီး ဥရောပနိုင်ငံအများအပြားကလည်း ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေထောက်ပံ့ဖို့ ကတိပြုထားကြပါတယ်။ ယူကရိန်း လက်နက်တွေထောက်ပံ့ရေး က ညှိနှိုင်းအစည်းအဝေးကို နိုင်ငံပေါင်း ၅၀ ဂျာမနီမှာ ဇန်နဝါရီ ၂၀ ရက်က မပြုလုပ်ခင်မှာ အခုလို ကတိက၀တ်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။ ပိုလန်၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ ဒိန်းမတ်၊ ချက်၊ အက်စတိုးနီးယား၊ နယ်သာလန်နဲ့ စလိုဗက်ကီးယားနိုင်ငံတို့ကလည်း ယူကရိန်းကို လက်နက်တွေ ထောက်ပံ့ပေးသွားမယ်လို့ ကတိပြုထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM…
Read MoreMonth: January 2023
တရုတ်ရဲ့တကြော့ပြန် ကိုဗစ်နဲ့ နယ်စပ်ကုန်သွယ်ရေး အဆင်ပြေလာနိုင်မလား
ဇန်နဝါရီ ၂၀ – ၂၀၂၃ SN (VOM) တရုတ်နိုင်ငံ အစိုးရဘက်က ကိုဗစ်ရောဂါကြောင့် လိုအပ်သလို ထိန်းချုပ်ကန့်သတ်ခဲ့ရတဲ့ နယ်စပ်ဂိတ်တချို့ကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကစလို့ ကန့်သတ်မှုတွေ ဖြေလျော့ကာ ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီ ဖြစ်ပါတယ်။ ကမ္ဘာ့မီဒီယာတွေက တရုတ်နိုင်ငံမှာ ကိုဗစ်-၁၉ မျိုးရိုးဗီဇခွဲ Omicron BF.7 ကို လူတွေ အစုလိုက် ဖြစ်ပွားနေတာတွေ၊ ဆေးရုံမှာ လူနာတွေပုံနေတာတွေကို လူမှုကွန်ရက်က ဗီဒီယိုတွေနဲ့ ဖော်ပြနေချိန် တရုတ်အစိုးရကတော့ ကိုဗစ်စည်းကမ်းတွေကို ဖျက်သိမ်းပြီး နိုင်ငံတကာ ခရီးသွားလာမှုနဲ့ နယ်စပ်စည်းအားလုံးကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၈ ရက်ကစလို့ ပြန်ဖွင့်ပေးဖို့ ကြေညာလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကိုဗစ်ကပ်ရောဂါကြောင့် သုံးနှစ်နီးပါးကြာပိတ်ထားရတဲ့ တရုတ်-မြန်မာ နယ်စပ်ဂိတ်တွေကိုလည်း တရုတ်နိုင်ငံဘက်က လူအဝင်အထွက်၊ ကုန်ပစ္စည်း အဝင်အထွက်တွေကို အခု ၂၀၂၃ ခုနှစ်၊…
Read Moreစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ကားလုယူခံရတဲ့ ဖြစ်စဥ်ပေါင်း အကြိမ် တစ်ရာနီးပါးရှိခဲ့
ဇန်နဝါရီ ၂၀ -၂၀၂၃ SP(VOM) ပြီးခဲ့တဲ့ ၂၀၂၂ ရဲ့ ၁နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက နေရာတွေမှာ ကားလုယူခံရတဲ့ဖြစ်စဥ်တွေ ဖြစ်ပွားခဲ့တယ်လို့ မှတ်တမ်းတွေအရ သိရပါတယ်။ ” စစ်ကိုင်းတိုင်းထဲက အင်းတော်မြို့နယ်၊ ရွှေဘို မြစ်ကြီးနားကားလမ်းမှာ ဆီသယ်ယာဥ် ဘောက်ဆာကား ၊ ဘိလပ်မြေအိတ်သယ်ယာဥ် နောက်တွဲကား ၊ ဌာနဆိုင်ရာ ရုံးကားတွေ အပါအဝင် ကားလုယူခံရတာ ၁၁ ကြိမ်ဖြစ်တယ် ၊ မုံရွာ မန္တလေး ကားလမ်းမှာက မုံရွာ ရန်ကုန် ပြေးဆွဲနေတဲ့ Elite Express ကား ၊ Denko ဆီဘောက်ဆာကား နဲ့ ဌာနဆိုင်ရာရုံးကားတွေ အပါအဝင် ကားလုယူခံရတဲ့ ဖြစ်စဥ်ပေါင်း ၁၇ ကြိမ်ရှိတယ် ၊ ဆားလင်းကြီးမြို့နယ်မှာ ဌာနဆိုင်ရာရုံးကား နဲ့ လူမှုကူညီရေးအသင်းပိုင် လူနာတင်ယာဥ်တွေ အပါအဝင်…
Read Moreနစက ကျင်းပမယ့် ရွေးကောက်ပွဲမှာ ရခိုင်အမျိုးသားပါတီ(ANP) ဝင်ပြိုင်မယ်
ဇန်နဝါရီ ၁၉-၂၀၂၃ KT(VOM) ရခိုင်အမျိုးသားပါတီဟာ ရွေးကောက်ပွဲဝင်ဖို့ ဖွဲ့စည်းထားတာဖြစ်တဲ့အတွက် နစက ကကျင်းပပြုလုပ်မယ့်ရွေးကောက်ပွဲကိုဝင်မှာဖြစ်တယ် ရခိုင်အမျိုးသားပါတီ (ANP)ပါတီမူဝါဒရေးရာဦးဆောင်အဖွဲ့ဝင် ဦးဘရှိန်ကပြောပါတယ်။ ရခိုင်အမျိုးသားပါတီ မှ ပထမအကြိမ်နဲ့ ဒုတိယအကြိမ်ရွေးကောက်ပွဲတွေမှာ အနိုင်ရရှိခဲ့ပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် လွှက်တော်သက်တမ်း နှစ်ဆက်ပါဝင်ခဲ့သူ ဦးဘရှိန်ကို Voice Of Myanmar(VOM)က ဆက်သွယ်ကာ လာမယ့်ရွေးကောက်ပွဲမှာ ပါတီအနေနဲ့ ရွေးကောက်ပွဲဝင်မှာလားဆိုတာတွေကို မေးမြန်းထားတာဖြစ်ပါတယ်။ VOM-မေး။ ။ရခိုင်အမျိုးသားပါတီအနေနဲ့(နစက )ကကျင်းပမယ့်ရွေးကောက်ပွဲမှာအရွေးခံမှာပါလား.. ဦးဘရှိန်က-ဖြေ။ ။ရခိုင်အမျိုးသားပါတီအနေနဲ့ရွေးကောက်ပွဲဝင်မှာပေါ့၊ရွေးကောက်ပွဲဝင်ဖို့ဖွဲ့စည်းထားတဲ့ပါတီပဲ၊ ရွေးကောက်ပွဲကိုပြည်သူတွေက စိတ်ဝင်စားတာ/စိတ်မဝင်စားတာကတော သူတို့ကဏ္ဍ/သူတို့အမြင်ရှိကြပါလိမ့်မယ်၊ စိတ်ဝင်စားသူတွေက ရွေးကောက်ပွဲကို အားပေးထောက်ခံကြလိမ့်မယ်၊စိတ်မဝင်စားသူက စိတ်မဝင်စားကြောင်းပြကြလိမ့်မယ်၊ဒါကတပိုင်း၊လက်ရှိအာဏာရယူထားတဲ့ပုဂ္ဂိုလ်တွေကလည်းပဲ ရွေးကောက်ပွဲမလုပ်မချင်း အာဏာကိုဘယ်လိုပုံစံနဲ့မှ အပြောင်းအလဲလုပ်လို့မရဘူး၊ ရွေးကောက်ပွဲတွေလုပ်ပြီးရင် အာဏာတွေကိုဘယ်ပုံစံနဲ့အပြောင်းအလဲလုပ်မလဲဆိုတဲ့ပုံစံ ပေါ်လာမယ်၊ဗိုလ်ချုပ်မှူးကြီးသန်းရွှေတုန်းက သူယူထားတဲ့အာဏာကို ရွေးကောက်ပွဲအပြီးမှာ အာဏာကိုခွဲပေးလိုက်တယ်လေ၊ အခု အဲဒီလိုပုံစံမျိုးနဲ့ပြန်ပြီးတော့လုပ်ပေးချင်နေတယ်ဆိုတာမျိုး ဦးလေးတို့နားလည်ထားတယ်၊ဦးသန်းရွှေက အုပ်ချုပ်မယ့်သူကိုသမ္မတ ဦးဆောင်တဲ့အစိုးရအဖွဲ့ကို ပေးလိုက်တယ်၊ဥပဒေပြုမယ့် လွှတ်တော် ဖွဲ့ပေးတယ်၊တရားစီရင်ရေးအပိုင်း သပ်သပ်လုပ်ပေးခဲ့တယ်၊တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နေရာအတွက် လက်ရှိကာကွယ်ရေးဦးစီးချုပ်ကို တာဝန်အသီးသီးခွဲဝေပေးခဲ့တယ်။…
Read Moreတမူးခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံး မီးရှို့ခံရ
ဇန်နဝါရီ ၊ ၁၉ -၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ တမူးခရိုင် ၊ တမူးမြို့ ၊ စော်ဘွား အမှတ် ၅ ရပ်ကွက်မှာရှိတဲ့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်ရုံး အဆောက်အဦဟာ ဒီကနေ့ မနက်ပိုင်းက မီးရှို့ခံရတယ်လို့ တမူးခရိုင် မီးသတ်ဦးစီးဌာနဆီက သိရပါတယ်။ ” ဒီမနက် ၁၀ နာရီဝန်းကျင်က စလောင်တယ် ၊ ၁၁ နာရီ ၁၁ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့တယ် ၊ ပျဥ်ကာ ၁ ထပ် အဆောက်ဦး ၁ လုံး ဆုံးရှုံးတယ်”လို့ ခရိုင် မီးသတ်တပ်ဖွဲ့ဝင်တယောက်က ပြောပါတယ်။ အဲ့ဒီ မီးလောင်မှုဖြစ်စဥ်နဲ့ ပတ်သက်ပြီး ဒီကနေ့ ၊ နေ့လယ်ပိုင်း လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတာ တွေ့ရတာက တမူးခရိုင် ရွေးကောက်ပွဲကော်မရှင်ရုံးကို တမူး…
Read Moreကမ္ဘာ့အသက်အကြီးဆုံးလူသား အသက် ၁၁၈ နှစ်မှာ ကွယ်လွန်
ပါရီ၊ ဇန်နဝါရီ-၁၉-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘာ့အသက်အကြီးဆုံးလူသားအဖြစ် သတ်မှတ်ခံထားရတဲ့ ပြင်သစ်အမျိုးသမီးဟာ ဇန်နဝါရီ ၁၈ ရက် အသက် ၁၁၈ နှစ်အရွယ်မှာ ကွယ်လွန်သွားပါတယ်။ ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်းတွေအရ လူစီလီရွန်ဒန်ဟာ ၁၉၀၄ ခုနှစ်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ ဆရာမအဖြစ် လုပ်ကိုင်ပြီးနောက် စစ္စတာအန်ဒရီအမည်နဲ့ ၁၉၄၄ ခုနှစ်မှာ ကက်သလစ်သီလရှင်တဦး ဖြစ်လာခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူမရဲ့ဘ၀ အချိန်အများစုကို ဘာသာရေးနဲ့သာအချိန်ကုန်ဆုံးခဲ့ပါတယ်။ ရွန်ဒန်ဟာ အသက် ၁၁၆ နှစ်အရွယ် ၂၀၂၁ ခုနှစ် ဇန်နဝါရီလမြှ ကိုဗစ်-၁၉ ရောဂါကူးစက်ခံခဲ့ရသော်လည်း သုံးပတ်အကြာမှာ ပြန်လည်ကောင်းမွန်လာခဲ့ပါတယ်။ သူဟာ ကမ္ဘာ့အသက်အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရတဲ့ ဂျပန်အမျိုးသမီး တာနာကာကာနီ ကွယ်လွန်ပြီးနောက် ကမ္ဘာပေါ်မှာ သက်ရှိထင်ရှားရှိတဲ့ အသက်အကြီးဆုံးလူအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ သူဟာ ပြင်သစ်နိုင်ငံတောင်ပိုင်းရှိ ဘိုးဘွားရိပ်သာတခုမှာ ဇန်နဝါရီ ၁၇ ရက်က ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ပြင်သစ်သတင်းဌာနတွေက ဖော်ပြထားပါတယ်။…
Read Moreစစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ တောင်သူတွေ ဖမ်းဆီး သတ်ဖြတ်ခံနေရတာကြောင့် ရာသီပေါ် သီးနှံတွေ ရိတ်သိမ်းဖို့ အခက်ကြုံနေရ
ဇန်နဝါရီ ၊ ၁၉ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင်နဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားတာနဲ့ ဒေသခံတောင်သူတွေ ဖမ်းဆီးသတ်ဖြတ်ခံနေရတာကြောင့် ရာသီပေါ် သီးနှံဖြစ်တဲ့ ပဲစင်းငုံနဲ့ ပဲရင်းတွေ ရိတ်သိမ်းနိုင်ဖို့ အခက်တွေ့နေရတယ်လို့ တောင်သူတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ရက်ပိုင်းက ပဲစင်းငုံရိတ်သိမ်းဖို့ ရွာကနေ တောကိုသွားတယ် ၊ လမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့က တောသွားတဲ့ တောင်သူ ကိုသန်းဇော် ၊ မကြည်ကြည်မြင့် ၊ မဌေးဌေး ၊ မရွှေကြည်မာ ၊ မမြင့်မြင့်ဌေး နဲ့ မအေးဝင်းမော်တို့ ၆ ဦးကို ဖမ်းဆီးတယ် ၊ အဲ့ဒီထဲက ကိုသန်းဇော် ဆိုသူကို ခေါင်းဖြတ် သတ်ခံရတယ် “လို့ ပေါက်မြို့နယ် တောင်ပိုင်း…
Read Moreနယူးဇီလန်၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန် ရာထူးမှနှုတ်ထွက်တော့မယ်လို့ ကြေညာ
၀ယ်လင်တန်၊ ဇန်နဝါရီ-၁၉-၂၀၂၃ မျိုးဆက်(VOM) နယူးဇီလန်၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်ဟာ လာမယ့်လအတွင်း ရာထူးကနေ နှုတ်ထွက်တော့မှာဖြစ်ကြောင်း ဇန်နဝါရီ ၁၈ ရက်မှာ ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ၀န်ကြီးချုပ်ရာထူးထမ်းဆောင်ခဲ့တဲ့ အချိန်ကာလတွေဟာ ဂုဏ်အယူရဆုံးဖြစ်ပေမယ့်လည်း ရာထူးတာ၀န်အတွက် သင့်တော်ခြင်းမရှိတော့ကြောင်း ၀န်ကြီးချုပ်အာဒန်က ပြောပါတယ်။ သူဟာ ၀န်ကြီးချုပ်ရာထူးကနေ ဖေဖော်ဝါရီ ၇ ရက်ထက်နောက်မကျဘဲ နှုတ်ထွက်သွားမှာဖြစ်ပြီး သူ့ရဲ့အလုပ်သမားပါတီခေါင်းဆောင်နေရာကို ဘယ်သူဆက်ခံမလဲဆို ရှင်းလင်းစွာမသိရသေးပါဘူး။ လွန်ခဲ့တဲ့လက ထုတ်ပြန်တဲ့ စစ်တမ်းတရပ်မှာတော့ ၀န်ကြီးချုပ်အာဒန်အပေါ် ပြည်သူလူထုထောက်ခံမှုနှုန်းဟာ ၂၉ ရာခိုင်နှုန်းသာရှိပြီး ၀န်ကြီးချုပ်တာ၀န်ယူပြီးနောက်ပိုင်း အနိမ့်ဆုံးဖြစ်ပါတယ်။ အာဒန်ဟာ နယူးဇီလန်၀န်ကြီးချုပ်အဖြစ် အသက် ၃၇ နှစ်အရွယ် ၂၀၁၇ ခုနှစ်မှာ စတင်တာ၀န်ယူခဲ့ပြီး ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး၀န်ကြီးချုပ်အဖြစ် သတ်မှတ်ခံရသူဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံမှာ အောက်တိုဘာလအတွင်း အထွေထွေရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်နေပါတယ်။ Ref: NHK Photo:Reuters #voiceofmyanmar #VOM #ဝယ်လင်တန်
Read Moreရွှေဆိုင်တွေအတွက် CCTV တပ်ဖို့ ၊လုံခြုံရေးဝန်ထမ်းတွေ ဖုန်း ကြည့်မနေဘဲ ဝီရိယရှိရှိစောင့်ကြည့်ဖို့ စီမံအုပ်ချုပ်ရေးအဖွဲ့ပြော
ဇန်နဝါရီ ၁၉ – ၂၀၂၃ GG(VOM) ရန်ကုန်တိုင်းထဲက ရွှေဆိုင်တွေလုံခြုံရေးအတွက် ပန်းဘဲတန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နဲ့ ရွှေဆိုင်လုပ်ငန်းရှင်တွေ မနေ့ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ အဓိကအနေနဲ့ ရွှေဆိုင်တွေလုံခြုံရေးအတွက် CCTV တပ်ဖို့နဲ့ လုံခြုံရေးဝန်ထမ်းတွေ ဆိုင်အပြင်ကနေ သတိဝီရိယရှိရှိ နေထိုင်စောင့်ကြည့်ကြဖို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။ ” တခုခုဖြစ်ရင် ဖုန်းဆက်အကြောင်းကြားဖို့ ဖုန်းနံပါတ်တွေပေးခဲ့တယ်။ နောက်ပြီး ဆိုင်ကလုံခြုံရေးဝန်ထမ်းတွေအနေနဲ့လည်း ဆိုင်ထဲဝင်ပြီး ဖုန်းပွတ်မနေဖို့ ၊အပြင်မှာနေပြီး ဂရုတစိုက်စောင့်ကြည့်ဖို့ ပြောပါတယ် ။ လုံခြုံရေးကတော့ ဆိုင်တွေခန့်နိုင်သလောက် ခန့်လို့ရတယ်ပေါ့။ လုံခြုံရေးနဲ့ပတ်သက်လို့ သူတို့ဘက်ကနေ ဘယ်လိုတွေစီမံပေးမယ်ဆိုတာတော့ မရှိသေးပါဘူး”လို့ YGEA အသင်းတာဝန်ရှိသူတဦးက ပြောပါတယ်။ ရွှေဆိုင်တွေ၊ ဘဏ်တွေကို ဓားပြတိုက်တာ၊ ဝင်ရောက်လုယက်တာတွေ မကြာခဏဆိုသလိုဖြစ်ပွားလာနေတာကြောင့် အခုလိုအစည်းအဝေးလုပ် တွေ့ဆုံပြီး ညှိနိူင်းကြတာဖြစ်တယ်လို့ သိရပါတယ်။ “ရွှေဆိုင်တွေအနေနဲ့ အရေးပေါ်ကိစ္စရပ် ရှိသည်ဖြစ်စေ လုံခြုံရေးကိစ္စရပ်တွေနားမလည်လို့ဖြစ်စေ ပေးထားတဲ့ဖုန်းနံပါတ်တွေကို…
Read Moreတရားဝင်သစ်ထုတ်လုပ်မှု ရပ်နားထားတဲ့ ပဲခူးရိုးမဧရိယာထဲမှာ သစ်ခိုးထုတ်မှုအများဆုံးဖြစ်နေ
ဇန်နဝါရီ ၁၉ – ၂၀၂၃ GG(VOM) တနိုင်ငံလုံးအတိုင်းအတာအရ တရားမဝင်သစ်ခိုးထုတ်လုပ်မှုအနေနဲ့ သစ်ထုတ်လုပ်မှုရပ်နားထားတဲ့ ပဲခူးရိုးမဧရိယာအတွင်းမှာ တရားမဝင်သစ်ခိုးထုတ်မှု အများဆုံးဖြစ်နေတယ်လို့ သစ်တောဦးစီးဌာနကနေ သိရပါတယ်။ တရားမဝင် သစ် ဖမ်းဆီးရမိမှုအနေနဲ့ လက်ရှိ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ၉ လအတွင်းမှာ တရားမဝင် သစ်တန်ချိန်ပေါင်း ၆၆၆၀၊ တရားခံက ၁၁၉၄ ဦး၊ ယာဉ်ယန္တရား ၅၉၆ စီး၊ စက်လွှ ၈၈ လက် ဖမ်းဆီးရမိခဲ့တယ်လို့ သစ်တောဦးစီးဌာနရဲ့ အချက်အလက်တွေအရ သိရပါတယ်။ အဲ့ဒီဖမ်းဆီးရမိတဲ့အထဲမှာ ပဲခူးရိုးမတခုထဲက သစ်တန်ချိန် ၂၈၀၀ နီးပါး ဖမ်းဆီးရမိတာကြောင့် ရာခိုင်နူန်းအနေနဲ့ဆိုရင် ၄၀ ရာခိုင်နူန်းလောက်နဲ့ အများဆုံးဖြစ်နေတယ်လို့ သိရပါတယ်။ ” အုတ်တွင်းဘက်မှာ ဖမ်းမိတာပိုများတယ်။ တောင်ငူလည်းပါတယ်။ခပေါင်းကြိုးဝိုင်းရှိမယ်။ အခု ဇန်နဝါရီလထဲမှာကို ပဲခူးရိုးမက ထပ်မိတာတွေရှိနေတယ်။ ပဲခူးရိုးမကနေ တရားဝင် သစ်ထုတ်လုပ်တာကို ၁၀…
Read More