ရန်ကုန်-မန္တလေးအမြန်လမ်းမှာ ကားမှောက်လို့ (၃)ယောက်သေဆုံး ၊(၁၀)ယောက်ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၅ -၂၀၂၃ GG(VOM) ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၂၉၆/၆)မိုင်မှာ ဒီနေ့ဖေဖော်ဝါရီလ ၁၅ ရက် ညနေ ၇ နာရီခန့်က DYNA ကားမှောက်ပြီး ကားပေါ်ပါ လူ (၃)ယောက်သေဆုံးကာ (၁၀)ယောက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ” ညနေ ၆ နာရီ ၄၀ လောက်မှာဖြစ်တာပါ၊ကားကအရှိန်များပြီးမထိန်းနိုင်ဖြစ်ပြီးမှောက်တဲ့သဘောပါ။ကားပေါ်မှာ လူ၁၄ ယောက်လိုက်ပါလာတာဖြစ်တယ်၊ သေဆုံးတာက အမျိုးသမီး ၂ ယောက်၊အမျိုးသားတယောက်ပါ “လို့ အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တဦးကပြောပါတယ်။ ကားပေါ်မှာ အမျိုးသား (၅)ယောက်နဲ့ အမျိုးသမီး (၉)ယောက်လိုက်ပါလာတာဖြစ်ပြီး အဲ့ဒီအထဲကမှ (၃)ယောက်သေဆုံးကာ နောက်ထပ်(၁၀)ယောက်က ဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်း၊ဒဏ်ရာရသူတွေထဲက အမျိုးသမီး၁ယောက်ကတော့ စိုးရိမ်ရတယ်လို့ သိရပါတယ်။ အဲ့ဒီကားဟာ ပျော်ဘွယ်မြို့နယ်၊ မြင်းတဲကျေးရွာကဖြစ်ပြီး ဒဏ်ရာရသူတွေနဲ့သေဆုံးသူတွေကိုတော့ လူမှုကူညီရေးအသင်းတွေနဲ့အမြန်လမ်းမီးသတ်တပ်ဖွဲ့ဝင်တွေက ဆေးရုံကိုပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃၊ ဇန်နဝါရီ ၂၈ရက်နေ့ကလည်း ရန်ကုန်-မန္တလေးအမြန်လမ်းမှာ အာရဖတ်ကားတစီးတိမ်းမှောက်ပြီး အမျိုးသမီး တဦး…

Read More

ကိုရီးယားသွားမယ့် EPS လုပ်သားတွေ ပတ်စ်ပို့ရရှိရေး မြောက်ဒဂုံ ပင်လုံခန်းမရှေ့မှာ အသနားခံတင်ပြ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၃ SN (VOM) ကိုရီးယားသွားမယ့် EPS လုပ်သားတွေအနေနဲ့ ပတ်စ်ပို့စာအုပ် ရရှိရေးအတွက် ဒီကနေ့ ဖေဖော်ဝါရီ ၁၅ ရက်က ရန်ကုန်တိုင်း၊ မြောက်ဒဂုံမြို့နယ်မှာရှိတဲ့ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (ပင်လုံခန်းမ-အလုပ်သမားသင်တန်းကျောင်း)မှာ သွားရောက်စုဝေးပြီး အသနားခံ တင်ပြတောင်းဆိုခဲ့ကြတယ်လို့ သိရပါတယ်။ ပတ်စ်ပို့ရုံးတွေ ပြန်မဖွင့်သေးတဲ့အတွက် ကိုရီးယားနိုင်ငံကို ကုန်ထုတ်လုပ်ငန်းနဲ့ သွားရောက်မယ့် EPS လုပ်သား အများအပြားဟာ လက်ရှိအချိန်အထိ အခက်တွေ့နေရတာဖြစ်ပြီး ဒီကနေ့မှာတော့ EPS လုပ်သား ၁၀၀ ဝန်းကျင်ခန့်ဟာ ပတ်စ်ပို့ရရှိရေးအတွက် ပင်လုံခန်းမ-အလုပ်သမားသင်တန်းကျောင်းမှာ သွားရောက်စုဝေး တောင်းဆိုခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။ “ထီပေါက်ပြီး ထီလက်မှတ်ပျောက် ဆိုသလို ပတ်စ်ပို့က သက်တမ်းတိုးထားတာ၊ ရုံးတွေကပိတ်လို့ ထုတ်မပေးသေးဘူး။ အလုပ်ဖောင်က တင်ရတော့မယ်။ တကယ်ဦးနှောက်ခြောက်ပါတယ်။ ကျေးဇူးပြုပြီး အမြန်ဆုံး ပြန်ဖွင့်ပေးကြပါလို့ တာဝန်ရှိသူတွေကို တောင်းဆိုတာပါ။ ဒါပေမယ့် ဒီနေ့…

Read More

အရာတော်မြို့မှာ ကျောင်းသား/သူတွေပါလာတဲ့ကား မိုင်းထိမှန်ပြီး သေဆုံး၊ဒဏ်ရာရသူတွေရှိတယ်လို့ သိရ

ဖေဖော်ဝါရီ ၊ ၁၅ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ အရာတော်မြို့ ၊ ခြေတော်ရာ ဘုရားနားမှာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က ကျောင်းကြို /ပို့ကား မိုင်းထိပြီး ကားပေါ်ပါလာတဲ့ ကျောင်းသား/ကျောင်းသူတွေ သေဆုံး ထိခိုက်ဒဏ်ရာရတာ ရှိခဲ့တယ်လို့ အရာတော်မြို့ခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” အရာတော်မြို့နဲ့ ဝါးတောမကျေးရွာသွားတဲ့ ကားလမ်းမှာ ပေါက်ကွဲမှုဖြစ်တာပါ ၊ အဲ့ဒီ ပေါက်ကွဲမှုကြောင့် ကျောင်းကြို / ပို့ကားပေါ်က ကျောင်းသား ၃ ယောက် ၊ ကျောင်းသူ ၈ ယောက် မိုင်းစထိမှန် ဒဏ်ရာရတယ် ၊ အဲ့ဒီ လူနာကလေးတွေ အားလုံး ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း ဒီညနေမှာ တယောက်သေဆုံးတယ်လို့ ကနဦး ကြားရတယ်…

Read More

ပေါင်မှာ ပြည်သူ့စစ်တဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဖေဖော်ဝါရီ၊ ၁၅-၂၀၂၃ MM(VOM) မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်(တောင်)ကျေးရွာက စစ်မှုထမ်းဟောင်း၊ပြည်သူ့စစ်တယောက် ဒီကနေ့ ဖေဖော်ဝါရီ ၁၅ မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ပေါင်မြို့နယ်၊ တပ်မ ၄၄ က စစ်မှူထမ်းဟောင်းလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ (ခ)ပေါပီဖြစ်ပြီး မနက် ၇နာရီ ၁၅မိနစ်လောက်က ပေါင်မြို့နယ် ရင်းငြိမ် ကျေးရွာ တောင်ဘက်ခြမ်း ငွေလျံ လက်ဖက်ရည်ဆိုင်အတွင်းမှာ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။ ”သူက ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်နေတာကြာပြီ အသက် ၅၇ နှစ်အရွယ်ပါ ၊ နာမည်က ဦးမြင့်ရီပါ ၊ ငွေလျံ လက်ဖက်ရည်ဆိုင်ရှေ့မှာ ဆိုင်ကယ်နဲ့လာတဲ့ လူ ၃ယောက်က သေနတ်နဲ့ ၄ ချက်လောက်ပစ်ခဲ့တာ၊ ဦးခေါင်းဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ဒဏ်ရာ ၂ ချက်နဲ့ ဆီးခုံဒဏ်ရာ ၁ချက်ရပြီး…

Read More

ပြည်တွင်းမှာ အရောင်းအဝယ် အေးနေတဲ့ မြန်မာ့ရွှေ ဂျပန်ကို ပြန်တင်ပို့မယ်လို့ သိရ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၃ GG(VOM) ပြည်တွင်းထွက် ရွှေ၊လက်ဝတ်ရတနာတွေကို ဂျပန်နိုင်ငံကို ​ပြန်လည်တင်ပို့ဖို့အတွက် ဂျပန်ဘက်ကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးတာတွေလုပ်နေပြီလို့ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းYGEA ကနေ သိရပါတယ်။ ဂျပန် အပါအဝင်ပြည်ပနိုင်ငံအချို့ကို ရွှေတင်ပို့ခြင်းကို ကိုဗစ်ရောဂါကူးစက်မှုတွေကြောင့် ရပ်နားခဲ့ရာကနေ လက်ရှိမှာ ပြန်လည်တင်ပို့ဖို့လုပ်ဆောင်နေတာဖြစ်ပြီး ဒီနှစ် ၂၀၂၃ခုနှစ်ထဲမှာပဲ ရွှေတင်ပို့မှုလုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။ “ကိုဗစ်မတိုင်ခင်က ရပ်နားခဲ့ရတယ်၊ အခုပြန်ပို့ဖို့လုပ်တာ၊ ဒီနေ့ ဂျပန်ဘက်ကလူတွေနဲ့ဆွေးနွေးတယ်၊စျေးနူန်းတွေ၊အခွန်တွေ၊ကုန်သွယ်မှုတွေပေါ့။၃ ကြိမ်လောက်ဆွေးနွေးမှုလုပ်ရမယ်၊အဲ့ဒါတွေပြီးရင် ရွှေတင်ပို့မှုလုပ်နိုင်ပြီ၊ အခုနှစ်ထဲပို့နိုင်မှာပါ။အရင်ကဂျပန်နဲ့ကိုရီးယားက အများဆုံးတင်ပို့ရတာပါ။”လို့ YGEA ဥက္ကဋ္ဌဦးမျိုးမြင့်က ပြောပါတယ်။ ဂျပန်ကို ရွှေနဲ့လက်ဝတ်ရတနာတွေ တင်ပို့နိုင်ဖို့ ဒီနေ့ဖေဖော်ဝါရီလ ၁၅ ရက်နေ့မှာ ရန်ကုန်ကYGEA အသင်းရုံးမှာ ဂျပန်ဘက်ကတာဝန်ရှိသူတွေနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ပြည်ပကို ရွှေတင်ပို့တဲ့အခါမှာ ရွှေတုံး အကြမ်းထည်တင်ပို့မှုက နည်းပြီး အချောထည်တွေဖြစ်တဲ့ လက်ဝတ်ရတနာတွေကိုသာ အများဆုံးတင်ပို့ရတာဖြစ်တယ်လို့သိရပါတယ်။ ဒီနေ့ ဖေဖော်ဝါရီလ ၁၅ ရက်နေ့…

Read More

ကြက်မွေးမြူရေးလုပ်ငန်းတွေ (၂)နှစ်ကျော်အတွင်း အထွေထွေအကျပ်အတည်းတွေကြောင့် ရပ်နားလာရ

ဖေဖော်ဝါရီ ၁၅-၂၀၂၃ MM(VOM) ပြည်တွင်း ကြက်မွေးမြူရေးလုပ်ငန်းရှင်တွေဟာ အချိန် ၂ နှစ်ကျော်ကာလအတွင်း အထွေထွေအကျပ်အတည်းတွေ ဖြစ်ပွားလာတာကြောင့် ကြက်မွေးမြူရေးလုပ်ငန်းတွေကို ရပ်နားလာရတယ်လို့ မွေးမြူရေးလုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။ ကြက်မွေးမြူရေးလုပ်ငန်းတွေမှာ မွေးမြူရေးသုံး သွင်းအားစုတွေဖြစ်တဲ့ အစာနဲ့ဆေး ဈေးနူန်းတွေ အဆမတန်မြင့်တက်လာတာ၊ ကြက်ခြံဆောက်လုပ်ရေးစရိတ် ကြီးမြင့်နေတာ၊ အထွေထွေကုန်ကျစရိတ်နဲ့လုပ်အားခတွေပါ မြင့်တက်နေတာကြောင့် အသားစားကြက်နဲ့ ဥစားကြက်မွေးမြူရေးလုပ်ငန်းအားလုံး ၈၅ ရာခိုင်နှုန်းလောက်အထိ ရပ်နားလာရတာဖြစ်တယ်လို့ ကြက်မွေးမြူရေးလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူ တယောက်က ပြောပါတယ်။ “ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့ အခြေအနေတွေ ကြောင့် ရပ်နားကြတာပါ၊ လုပ်ငန်းရှင်တွေတော်တော်များများလည်း မနားချင်ဘဲ နားရတာပါ ၊ လက်ရှိ အသားစားကြက်မွေးမြူတဲ့လုပ်ငန်းအနေနဲ့ ၇၅ ရာခိုင်နှုန်းလောက်က နားသွားကြပြီ ၊ဥစားကြက်မွေးမြူတဲ့လုပ်ငန်းကလည်း လက်ရှိ ၈၅ ရာခိုင်နှုန်းလောက်က နားသွားပြီ ၊ အနည်းအကျဉ်းလောက်ပဲကျန်တော့မယ် ၊ သူတို့လည်း သိပ်မသေချာဘူး ၊ ဒါ့ကြောင့်လည်း လက်ရှိကြက်ဥတွေနဲ့ ကြက်သားတွေဈေးထိုးတက်နေတာပါ…

Read More

မင်္ဂလာဒုံ အမှတ် (၃)လမ်းမပေါ်မှာ ကား(၃)စီးဆင့်တိုက်၊ (၂)ဦးသေဆုံးပြီး (၁)ဦး ဒဏ်ရာရ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၃ SN (VOM) ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်ရှိ အမှတ် (၃)လမ်းမကြီးပေါ် မှာ မနေ့ ဖေဖော်ဝါရီ ၁၄ ရက် ည ၁၀ နာရီဝန်းကျင်က ကား(၃)စီးဆင့်တိုက်မှု ဖြစ်ပွားခဲ့ပြီး လူ(၂ )ဦးသေဆုံး၊ (၁)ဦး ဒဏ်ရာရခဲ့တယ်လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့ကနေ သိရပါတယ်။ အမှတ် (၃) လမ်းမကြီးပေါ်ရှိ ညောင်ပင်မှတ်တိုင်အနီးမှာ တက္ကစီ၊ ဟိုက်ဂျက်နဲ့ ဖယ်ရီကားတို့ ၃ စီး ဆင့်တိုက်ခဲ့တာဖြစ်ပါတယ်။ “တက္ကစီနဲ့ ဟိုက်ဂျက်နဲ့ တိုက်မှုဖြစ်ပွားတယ်။ ဟိုက်ဂျက်က အတိုက်ခံရပြီးတဲ့အချိန်မှာ လမ်းဘေးကိုထိုးကျသွားပြီးတော့ လမ်းဘေးမှာ ညအိပ်ရပ်နားထားတဲ့ ဖယ်ရီကားကိုတိုက်မိတာပါ။ ဟိုက်ဂျက်ပေါ်မှာ နောက်ကလိုက်ပါလာတဲ့ အမျိုးသား ၂ ဦး လွင့်စင်ထွက်ကျတယ်။ သူတို့နှစ်ယောက်က ဆေးရုံပို့နေစဉ်မှာပဲ လမ်းမှာသေဆုံးသွားတယ်။ အဲ့ဒီကားက ယာဉ်မောင်းကတော့ ဒဏ်ရာရသွားတယ်“ လို့ ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ တာဝန်ရှိသူတဦးက…

Read More

ဘူတာကြီး တစ်ဝိုက်

ဆူးငှက် ဘူတာတဲ့။ ရုံးသဘောဆန်ဆန် ပြောဆိုရမည်ဆိုလျှင် ဘူတာဆိုသည်မှာ ပို့ဆောင်ရေးလုပ်ငန်းများကို လက်ခံလုပ်ကိုင်သော (သို့မဟုတ်) သွားလာရေးစနစ်အရ ထွက်ခွင့်ပေးသောနေရာတစ်ခုခုကို ဆိုလိုသည်ဟု ဖွင့်ဆိုရပေမည်။ မန္တလေးသားတွေ ၇၈ လမ်းပေါ်က ဘူတာရုံကို ဘူတာကြီးဟုပဲ ခေါ် ကြသည်။ ဘူတာကြီးဆိုသော စကား မန္တလေးသားတိုင်း ကျွမ်းဝင်နေကြသော်လည်း ဘူတာကြီးရှိလျှင် ဘူတာလေးကော ရှိဦးလေမည်လော ဟူ၍ကား စဉ်းစားမိကြပေမည် မဟုတ်။ တကယ်တော့ ဘူတာလေးရှိသောကြောင့် ဘူတာကြီးဟူ၍ အမည်တွင်ခြင်းပင်ဖြစ်သည်။ဘူတာလေးဟူသည် အဘယ်မှာလေနည်း။ ရှေးသရောအခါက မန္တလေးမြို့၏မြောက်ဘက် ၂၇မိုင်ဝေးသော မတ္တရာမြို့သို့ မီးရထားဖြင့်လည်း သွားလာနိုင်အောင် ပုဂ္ဂလိကတစ်ဦးက မီးရထားလမ်းဖာက်လုပ်ခဲ့လေသည်။ ထူးခြားသည်မှာ သူ့မီးရထားလမ်း သူ့မီးရထားက လက်ရှိ အသုံးပြုပြေးဆွဲနေသော မီးရထားလမ်း မီးရထားတွဲတို့ထက် ကျဉ်းမြောင်းသးငယ်သည်။ သံလမ်းလေး၊ မီးရထားလေးဟုပဲ ဆိုပါစို့။ ထိုမီးရထားလေးသည် မန္တလေးတွင် ယခုဈေးချိုတော် အနောက်ဘက် မန်းသီရိဈေးနေရာမှ စတင်ထွက်ခွာသည်။ ယခု…

Read More

ရပ်နားခဲ့ရတဲ့ ပြည်တွင်း SKD စနစ် ကားထုတ်လုပ်မှု ပိုပြီးခွင့်ပြုသွားဖို့ရှိ

ဖေဖော်ဝါရီ ၁၅ – ၂၀၂၃ GG(VOM) ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ SKD(ပြည်ပကနေ ကားအစိတ်အပိုင်းအားလုံးကို တင်သွင်းပြီး ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်ခြင်း)စနစ် ကား ထုတ်လုပ်မှုကို ခုနှစ်ထဲမှာ ပိုပြီးခွင့်ပြုသွားဖို့ ရှိတယ်လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်း (MAMDA)ကနေ သိရပါတယ်။ SKD စနစ် ကားထုတ်လုပ်မှုကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိူင်ကစပြီး ရပ်နားခဲ့တာဖြစ်ကြောင်း၊လက်ရှိမှာလုပ်ငန်းတွေပြန်လည်ပတ်ဖို့ ဆောင်ရွက်နေပြီဖြစ်တယ်လို့သိရပါတယ်။ ” SKD ပြည်တွင်းတပ်ဆင်ထုတ်လုပ်မှုကို ဆက်လက်ခွင့်ပြုထားပါတယ်၊အချိန်တခုမှာ ခဏရပ်လိုက်ရလို့ ပြန်လည်လည်ပတ်ပိုဖို့ ဆောင်ရွက်နေရပါတယ်၊ အရင်ထုတ်လုပ်မှု (၃)နှစ်စာရဲ့ ၅၀%ကို မတ်လအကုန်အထိခွင့်ပြုခဲ့ပါတယ်”လို့ မြန်မာ့မော်တော်ယာဉ်ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေးလုပ်ငန်းရှင်များအသင်းတာဝန်ရှိသူတဦးကပြောပါတယ်။ Suzuki နဲ့ Hyundaiတို့လို နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ တပ်ဆင်တဲ့လုပ်ငန်းတွေအနေနဲ့ကတော့ ဒေါ်လာငွေစျေးနူန်း ညီမျှမှုအချိန်မှသာ လည်ပတ်လို့ရမယ့် အခြေအနေဖြစ်နေတာတွေ့ရတယ်လို့ သိရပါတယ်။ China Brands ထုတ်လုပ်သူတွေကတော့ အရင်လို ပေါက်စျေးအတိုင်းရောင်းရင် စျေးကွက်ဝေစုကို ပိုပြီးရှိနိုင်သလို…

Read More

ပုသိမ်ကြီးမြို့နယ်မှာ မီးလောင်မှုဖြစ်ပြီး နေအိမ်(၁၁)လုံး မီးထဲပါသွား

ဖေဖော်ဝါရီ ၁၄-၂၀၂၃ Voice OfMyanmar(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်၊ ရေလောင်ကျေးရွာ၊ ဆည်မြောင်းဘောင်ရှိ (၁)ထပ်နေအိမ်မှာ ဘထ္ထရီပန့်နဲ့ ဖွင့်ထားတဲ့ စက်သုံးဆီဆိုင် မီးလောင်ကျွမ်းမှုကြောင့် နေအိမ်(၁၁)လုံးမီးလောင်ခဲ့မှု မနေ့ ဖေဖော်ဝါရီ ၁၃ရက် ညနေပိုင်းက ဖြစ်ပွါးခဲ့တယ်လို့ မန္တလေးတိုင်းမီးသတ်ဦးစီးဌာနကနေ သိရပါတယ်။ ” သွပ်မိုး၊ ထရံကာ၊ မြေစိုက် (၁)ထပ်နေအိမ်မှာ တရားမဝင် စက်သုံးဆီဆိုင်ဖွင့်ထားတယ်၊ ဘထ္ထရီပန့်အတွင်း ဆီထည့်ရာကနေ တည်ငြိမ်လျှပ်စစ်ဖြစ်ပြီး မီးစတင်လောင်ကျွမ်းခဲ့တယ်၊ နေအိမ်(၁၁)လုံး မီးလောင်ခဲ့ပါတယ်”လို့ မီးသတ်တပ်ဖွဲ့နဲ့နီးစပ်သူတဦးကပြောပါတယ်။ မီးလောင်မှုကြောင့် ၁၅ပေ ၁၀ပေခန့်ရှိ သွပ်မိုး၊ ထရံကာ၊ တထပ်အိမ် (၁၁)လုံး၊ ဆိုင်ကယ်(၂)စီး၊ ဘထ္ထရီ ဆီပန့်စက် (၂)လုံး ၊ နေအိမ်တွေရဲ့ အတွင်းပစ္စည်း စုစုပေါင်း မီးသတ်တွက်ချက် ခန့်မှန်းတန်ဖိုး ၇၁သိန်း ၇သောင်း ၅ထောင်ခန့် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ မီးလောင်မှုကို မန္တလေးခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး…

Read More
VOM News

FREE
VIEW