ပေါင်မှာ ပြည်သူ့စစ်တဦး သေနတ်နဲ့ ပစ်သတ်ခံရ

ဖေဖော်ဝါရီ၊ ၁၅-၂၀၂၃
MM(VOM)

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ရင်းငြိမ်(တောင်)ကျေးရွာက စစ်မှုထမ်းဟောင်း၊ပြည်သူ့စစ်တယောက် ဒီကနေ့ ဖေဖော်ဝါရီ ၁၅ မနက်ပိုင်းက သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

သေနတ်နဲ့ ပစ်သတ်ခံရသူဟာ ပေါင်မြို့နယ်၊ တပ်မ ၄၄ က စစ်မှူထမ်းဟောင်းလည်းဖြစ် ပြည်သူ့စစ်ခေါင်းဆောင် ဦးမြင့်ရီ (ခ)ပေါပီဖြစ်ပြီး မနက် ၇နာရီ ၁၅မိနစ်လောက်က ပေါင်မြို့နယ် ရင်းငြိမ် ကျေးရွာ တောင်ဘက်ခြမ်း ငွေလျံ လက်ဖက်ရည်ဆိုင်အတွင်းမှာ ပစ်သတ်ခံခဲ့ရတာလို့ သိရပါတယ်။

”သူက ပြည်သူ့စစ်ခေါင်းဆောင်ဖြစ်နေတာကြာပြီ အသက် ၅၇ နှစ်အရွယ်ပါ ၊ နာမည်က ဦးမြင့်ရီပါ ၊ ငွေလျံ လက်ဖက်ရည်ဆိုင်ရှေ့မှာ ဆိုင်ကယ်နဲ့လာတဲ့ လူ ၃ယောက်က သေနတ်နဲ့ ၄ ချက်လောက်ပစ်ခဲ့တာ၊ ဦးခေါင်းဒဏ်ရာ ၁ ချက်၊ ရင်ဘတ်ဒဏ်ရာ ၂ ချက်နဲ့ ဆီးခုံဒဏ်ရာ ၁ချက်ရပြီး နေရာမှာပဲ ပွဲချင်းပြီးသေသွားတာပဲ။”လို့ ဒေသခံတယောက်က အတည်ပြုပြောပါတယ်။

ပြည်သူ့စစ်ခေါင်းဆောင် စစ်မှုထမ်းဟောင်းဆိုသူ ဦးမြင့်ရီ(ခ)ပေါပီကို တောင်ပိုင်းဒေသကွပ်ကဲ ရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)အဖွဲ့က ပစ်သတ်ခဲ့ တာလို့ လူမှုကွန်ယက်မှာထုတ်ပြန်ထားတာကို တွေ့ရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကလည်း ပေါင်မြို့နယ်မှာ ပြည်ခိုင်ဖြိုးပါတီက ၂၀၂၀ခုနှစ် ရွေးကောက်ပွဲဝင်အမတ်လောင်းဖြစ်တဲ့ ဦးကိုကိုလေး ဆိုသူသေနတ်နဲ့ ပစ်သတ်ခံခဲ့ရသေးတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ပေါင် #ပြည်သူ့စစ်ခေါင်းဆောင် #ပစ်သတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW