တိုကျို၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) မြောက်ကိုရီးယားဟာ ဖေဖော်ဝါရီ ၂၀ ရက် ဒီနေ့မှာ ပဲ့ထိန်းဒုံးကျည်နှစ်စင်းထက်မနည်း ပစ်ခတ်ခဲ့ကြောင်း ဂျပန်ကာကွယ်ရေး၀န်ကြီးဌာနက အတည်ပြုထုတ်ပြန်ပါတယ်။ အဲဒီဒုံးကျည်တွေကို မြောက်ကိုရီးယားအနောက်ဘက်ကမ်းရိုးတန်းကနေ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပ ပင်လယ်ပြင်အတွင်းကျရောက်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်နှစ်စင်းကို ဖေဖော်ဝါရီ ၂၀ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီမှာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယားစစ်တပ်ကလည်း အတည်ပြုထားပါတယ်။ အခုလို ဒုံးကျည်ပစ်ခတ်မှုကြောင့် ဒေသတွင်းမှာသင်္ဘောတွေနဲ့ အခြားထိခိုက်ပျက်စီးမှုမရှိကြောင်း ဂျပန်ကမ်းခြေစောင့်တပ်က ထုတ်ပြန်ထားပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်ရဲ့ညီမဖြစ်သူ ကင်ယိုဂျုံဟာ စစ်ရေးလေ့ကျင့်မှုတွေနဲ့ပတ်သက်ပြီး အမေရိကန်ကို ဖေဖော်ဝါရီ ၂၀ ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပြီး အမေရိကန်ရဲ့ လုပ်ရပ်တွေအပေါ်မူတည်ပြီး မြောက်ကိုရီးယားဟာ ပစိဖိတ်သမုဒ္ဒရာကို ဒုံးကျည်ပစ်ကွင်းအဖြစ် အသုံးပြုနိုင်ကြောင်း သတိပေးပြောဆိုပါထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #တိုကျို
Read MoreDay: February 20, 2023
တူရကီမှာ ငလျင်ကြောင့် ပျောက်ဆုံးနေသူတွေကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း အားလုံးနီးပါး အဆုံးသတ်
အန်ကာရာ၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) တူရကီနိုင်ငံမှာ ငလျင်လှုပ်ခတ်ပြီးနောက် နှစ်ပတ်နီးပါးအကြာမှည ပြည်နယ်နှစ်ခုကလွဲပြီး ကျန်ဒေသအားလုံးနီးပါးမှာ ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုတွေကို အဆုံးသတ်လိုက်ကြောင်း တူရကီသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီက ဖေဖော်ဝါရီ ၁၉ရက်တွင် ထုတ်ပြန်ပါတယ်။ ခါရာမန်မာရက်စ်နဲ့ ဟာတေပြည်နယ်တို့မှာတော့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သဘာဘေးအန္တရာယ်စီမံခန့်ခွဲရေးအေဂျင်စီ အကြီးအကဲက ပြောပါတယ်။ အပျက်အစီးတွေအောက်မှာ အသက်ရှင်ကျန်ရစ်သူတွေကို ရှာဖွေတွေ့ရှိနိုင်မယ့် မျှော်လင့်ချက်တွေကတော့ မှေးမှိန်နေပြီဖြစ်ပါတယ်။ ဒီအတောအတွင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်ဟာ တူရကီနိုင်ငံကို ရောက်ရှိနေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ ဒေါ်လာသန်း ၁၀၀ ပေးအပ်မယ်လို့ ကြေညာပါတယ်။ တူရကီအရှေ့တောင်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတို့မှာ ဖေဖော်ဝါရီ ၆ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းမြေငလျင်ကြောင့် လက်ရှိချိန်ထိသေဆုံးသူဦးရေမှာ ၄၄၀၀၀ ကျော်ရှိလာပြီဖြစ်ပါတယ်။ တူရကီမှာ တိုက်ခန်းပေါင်း ၃၄၅၀၀၀ ခန့်ပျက်စီးခဲ့ပြီး လူအများအပြားပျောက်ဆုံးနေဆဲဖြစ်ကာ သေဆုံးသူအရေအတွက် တိုးလာဖွယ်ရှိကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ Ref: BBC Photo:Reuters…
Read Moreပြည်ပခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းမှ ကိုဗစ်-၁၉ ကျန်းမာရေးအာမခံ ပါရှိဖို့လိုအပ်
ဖေဖော်ဝါရီ ၂၀ – ၂၀၂၃ SN (VOM) မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာမယ့် ပြည်ပခရီးသွားတွေအနေနဲ့ မြန်မာ့အာမခံလုပ်ငန်းမှ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ ဝယ်ယူထားကြောင်း အထောက်အထားပါရှိဖို့ လိုအပ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက အသိပေး ထုတ်ပြန်ထားပါတယ်။ ဒါပေမယ့် နိုင်ငံခြားသားသံတမန်တွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေက နိုင်ငံခြားသားဝန်ထမ်းတွေနဲ့ မိသားစုဝင်တွေ၊ မြန်မာနိုင်ငံအတွင်း ဝင်ထွက်လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ကတော့ သက်ဆိုင်ရာနိုင်ငံ (ဒါမှမဟုတ်) နိုင်ငံတကာအသိအမှတ်ပြု အာမခံလုပ်ငန်းဆီက ကိုဗစ် – ၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံ အပါအဝင် အာမခံဝယ်ယူထားကြောင်း အထောက်အထားတင်ပြနိုင်ရင် မြန်မာ့အာမခံလုပ်ငန်းဆီက ကျန်းမာရေးအာမခံဝယ်ယူခြင်းကို ကင်းလွတ်ခွင့်ပြုမှာဖြစ်တယ်လို့ သိရပါတယ်။ “အိမ်နီးချင်းနိုင်ငံတွေမှာ ကိုဗစ်-၁၉ ရောဂါပိုးအသစ် (Covid-19 Omicron XBB Variant Coronavirus) ထွက်ပေါ်နေတဲ့အတွက် အခုလို အသိပေးချက် ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ ကိုဗစ်-၁၉ ဆိုင်ရာ ကျန်းမာရေးအာမခံဝယ်ယူခြင်းနဲ့…
Read More(၃)နှစ်ကြာ ပိတ်ထားခဲ့တဲ့ တာချီလိတ်-မယ်ဆိုင်၊ အမှတ် (၁)တံတား ပြန်ဖွင့်၊ ကိုဗစ်ဆေး (၂)ကြိမ်း ထိုးပြီးတဲ့ လက်မှတ်ပါမှဖြတ်သန်းခွင့်ပြုမယ်
ဖေဖော်ဝါရီ ၂၀-၂၀၂၃ MM [ VOM ] အချိန်(၃)နှစ်ကြာ ပိတ်ထာားခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ် -မယ်ဆိုင် ချစ်ကြည်ရေး အမှတ် (၁)တံတားကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်က ပြန်ဖွင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ တံတားဟာ ကိုဗစ်-၁၉ရောဂါ စတင်ကူးစက်ဖြစ်ပွားတဲ့ ၂၀၂၀ခုနှစ်၊ မတ်လ ၂၃ ရက်မှ စတင်ကာ မြန်မာ-ထိုင်း နယ်စပ်တွေကို နှစ်နိုင်ငံသဘောတူ ညီချက်တွေနဲ့ ပိတ်ပင်ထားခဲ့တာဖြစ်ပြီး တံတားကို ပိတ်ထားရာမှာ အချိန်(၃) နှစ်ခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ တံတားကို ပြန်လည်ဖွင့်လှစ်ထားပေမဲ့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်အထိ ထိုးနှံပြီးကြောင်း လက်မှတ် မိတ္တူပါရှိမှသာ တံတားကနေ ဖြတ်သန်း သွားလာခွင့် လက်မှတ်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ”တစ်ဖက်ကို နယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ် ထုတ်ပေးတာမှာတော့ ကန့်သတ်ထားဆဲပါ ၊ဘာလည်းဆိုတော့…
Read Moreရုရှားကို တရုတ်ကလက်နက်တွေ ထောက်ပံ့ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီးပြော
ဝါရှင်တန်၊ ဖေဖော်ဝါရီ-၂၀-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲအတွက် ရုရှားကို တရုတ်နိုင်ငံကလက်နက်တွေ ထောက်ပံ့ဖို့စဉ်းစားနေကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ တရုတ်ကုမ္ပဏီတွေဟာ ရုရှားကို သေစေလောက်တဲ့လက်နက်မဟုတ်တဲ့ အထောက်အပံ့တွေကို ယခင်ကတည်းပေးနေပြီး ရရှိထားတဲ့သတင်းသစ်တွေအရ သေစေလောက်တဲ့ လက်နက်အထောက်အပံ့တွေလည်း ပေးအပ်နိုင်ကြောင်း ဘလင်ကင်ကပြောပါတယ်။ အဲဒီလိုထောက်ပံ့မယ်ဆိုရင် တရုတ်နိုင်ငံအတွက် ဆိုးရွားတဲ့အကျိုးဆက်တွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးက သတိပေးပြောဆိုပါတယ်။ စစ်လက်နက်ပစ္စည်းတွေ ရုရှားကတောင်းဆိုထားတယ်ဆိုတဲ့သတင်းတွေကို တရုတ်နိုင်ငံဘက်ကတော့ ငြင်းဆိုထားပါတယ်။ ရုရှားသမ္မတပူတင်နဲ့ မဟာမိတ်ဖြစ်သူ တရုတ်သမ္မတရှိင်္ကျင်းပင်ဟာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်မှုကို ပြစ်တင်ရှုတ်ချထားခြင်းမရှိဘဲ ပဋိပက္ခတွင်ကြားနေရန်ကြိုးစားနေပြီး ငြိမ်းချမ်းရေးအတွက် တောင်းဆိုထားပါတယ်။ ရုရှားနဲ့ဆက်ဆံရေးအပေါ် အမေရိကန်က လက်ညှိးထိုးပြောဆိုပြီး အတင်းအကျပ်ဖိအားပေးခြင်းများကို လက်ခံမည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar #VOM #ဝါရှင်တန်
Read Moreခန္တီး – ဟုမ္မလင်း လမ်းပိုင်း မိုင်းနောင်းတံတား ကျိုးကျလို့ ကုန်စည်ကူးသန်းမှု ပျက်တောက်
ဖေဖော်ဝါရီ ၊ ၂၀-၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ခန္တီးမြို့နယ် ၊ လင်းဖားကျေးရွာအုပ်စု ၊ မိုင်းနောင်းကျေးရွာနားက ဟုမ္မလင်း – ခန္တီး ကားလမ်းပေါ်က မိုင်းနောင်း သံဘေလီ သစ်သား တံတားဟာ မနေ့ ဖေဖော်ဝါရီ ၁၉ ရက် မနက်ပိုင်းက ကျိုးကျ ပျက်စီးသွားတာကြောင့် ကားတွေသွားလာလို့ မရတော့ဘဲ ကုန်စည်ကူသန်းတာတွေ ပြတ်တောက်သွားတယ်လို့ ခန္တီးမြို့ခံ ကုန်သည် အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” မနေ့မနက်ပိုင်းက ကုန်ကားတစ်စီး အဲ့ဒီ တံတားပေါ် ဖြတ်သန်းမောင်းတဲ့အခါ ၊ တံတားကျိုးကျ ပျက်စီးသွားတာဖြစ်တယ် ၊ အဲ့ဒီ တံတားက ခန္တီး ဟုမ္မလင်း မန္တလေး ကုန်သွယ်ရေးလမ်းပေါ်မှာ အဓိကကျတဲ့ တံတားဖြစ်တယ် ၊ တံတားကျိုးကျတဲ့အတွက် ခန္တီးမြို့မှာ ကုန်စည် စီးဆင်းဝင်ရောက်တာ မရှိတော့ဘူး”လို့ ခန္တီးမြို့ခံ…
Read Moreထိုင်းကို ရေလမ်းကနေဝင်လာတဲ့ မြန်မာနိုင်ငံသား(၈)ဦးနဲ့ပွဲစား(၁)ဦး အဖမ်းခံရ
ဖေဖော်ဝါရီ ၂၀-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံ၊ ကရာ့ဘူရီမြို့နယ်၊ သမုကျေးရွာ၊ အုပ်စု- ၄ မှာရှိတဲ့ ဆီအုန်းခြံ တခုအနီးမှာ မနေ့ ဖေဖော်ဝါရီ ၁၉ရက်က အမျိုးသမီး ၂ ယောက်အပါအဝင် မြန်မာနိုင်ငံသား(၈)ဦးနဲ့ ပွဲစား(၁)ဦးဟာ ရေလမ်းကနေ လှေနဲ့ ဝင်လာချိန် အဖမ်းခံရလိုက်ရတယ်လို့ အလုပ်သမားတွေကို ကူညီပေးနေတဲ့အဖွဲ့ အစည်းတွေဆီကနေ သိရပါတယ်။ အဲ့ဒီ မြန်မာနိုင်ငံသား ၈ ယောက်ကို ထိုင်းနိုင်ငံ၊ ရနောင်းခရိုင်အခြေစိုက်လုံခြုံပူးပေါင်း ရဲတပ်ဖွဲ့ တွေက ကင်းလှည့်နေတဲ့အချိန် လှေနဲ့ ရေလမ်းကြောင်းကနေဝင်လာတာကိုတွေ့ရှိလို့ ဖမ်းမိခဲ့တာလို့ သိရပါတယ်။ ဖမ်းမိတဲ့ မြန်မာနိုင်ငံသား ၈ ယောက်ကို ပစ်ကပ်ကားနဲ့ လာကြိုတဲ့ အလုပ်ပွဲစားဆိုသူ အမျိုးသား ၁ ယောက်ကိုလည်းကိုလည်း ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။ ”မနေ့က ဖမ်းမိတာ မြန်မာနိုင်ငံသား အမျိုးသားက ၆ ယောက်နဲ့ အမျိုးသမီးက ၂…
Read Moreမုဒုံမြို့မှာ အမျိုးသမီး ၁၂ ဦးအပါအဝင် နိုင်ငံသား အထောက်အထားမဲ့ ၄၀ ဦးဖမ်းမိ
ဖေဖော်ဝါရီ ၂၀-၂၀၂၃ MM(VOM) မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ဝဲကလိကျေးရွာအုပ်စု ပိုင်ကွင်း အမှတ် (၉၀၂)မှာ အမျိုးသမီး ၁၂ ယောက်အပါအဝင် နိုင်ငံသား အထောက်အထားမဲ့သူ အယောက် ၄၀ ကို မနေ့ ဖေဖော်ဝါရီ ၁၉ ရက်က ဖမ်းမိခဲ့တယ်လို့ သက်ဆိုင်ရာကသိရပါတယ်။ ”ဝင်လာတယ်လို့ သတင်းရတာကြောင့် ရဲတပ်ဖွဲ့နဲ့ စစ်တပ်ပါတဲ့သက်ဆိုင်ရာပူးပေါင်းအဖွဲ့တွေကဖမ်းတာ ၊ မနေ့က အားလုံး အယောက် ၄၀ ပါ ၊ မိန်းကလေး ၁၂ ယောက်ပါတယ်၊ ဖမ်းမိတဲ့သူတွေ အားလုံးကို ဥပဒေနဲ့ အညီဆက်လက်ဆောင်ရွက်သွားမှာ။”ဟု လုံခြုံရေးတာဝန်ရှိသူ တယောက်ကပြောပါတယ်။ ဖမ်းမိတဲ့ အထောက်အထားမဲ့ အယောက် ၄၀ ထဲမှာ အမျိုးသား ၂၅ ယောက် ၊ အမျိုးသမီး ၁၂ ယောက်နဲ့ ကလေး ၃ ယောက်ပါဝင်ပြီး လက်ရှိမှာ မုဒုံမြို့နယ်၊…
Read Moreရှင်သန်ဖို့လိုနေတဲ့ ရခိုင်ပြည် ဆားလုပ်ငန်း
ဖေဖော်ဝါရီ ၂၀- ၂၀၂၃ SW(VOM) ပင်လယ်ကမ်းရိုးတန်းရှည်လျားတဲ့ ရခိုင်ပြည်ဟာ ရေသယံဇာတတွေပေါများသလို ပင်လယ်ပြင်နဲ့ ဆားငန်ရောက်တဲ့ မြစ်ချောင်းတွေကို အမှီပြုရင်း ဆားလုပ်ငန်းဟာလည်း အရေးပါလှပါတယ်။ ရှည်လျားတဲ့ ရခိုင်ကမ်းရိုးတန်းဟာ မြောက်ဘက်အဆုံး နတ်မြစ်ဝကနေ မော်တင်စွန်းထိရှိပြီး ကီလိုမီတာ (၇၄၀) ရှည်လျားတဲ့ ကမ်းရိုးတန်းဒေသဖြစ်ပြီး အဲဒီလို ကမ်းရိုးတန်းရှည်လျားတဲ့ ရခိုင်ပြည်နယ်မှာ အရင်က ဆားလုပ်ငန်းကို တွင်တွင်ကျယ်ကျယ်လုပ်ကိုင်ခဲ့ကြောင်း ဆားလုပ်ငန်းအသိုင်းအဝိုင်းက ပြောပါတယ်။ လက်ရှိ ရခိုင်ပြည်နေလှန်ဆားလုပ်ငန်းလုပ်ကိုင်နေတဲ့ ဆားတောင်သူတွေဟာ ဘိုးစဉ်ဘောင်ဆက် အဲဒီလုပ်ငန်းကို လုပ်ကိုင်လာကြသူတွေဖြစ်ပြီး နေလှန်းဆားအလုပ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်း (၄၀) လောက်ကနေ ဇောက်ချလုပ်ကိုင်လာခဲ့ကြတာလို့ သိရပါတယ်။ “ကျနော်တို့ ဆားလုပ်ငန်းကို လုပ်တာက ဘိုးဘေး၊ ဘီဘင်တွေ လက်ထက်ကတည်းက လုပ်တာ။ အမေတို့ဆိုရင် ၁၉၈၅ ဝန်းကျင်လောက်က လုပ်ကြတာ။ ကျနော်တို့ကတော့ တတိယမျိုးဆက် (Third Generation)လို့ ပြောလို့ရတာပေါ့”လို့ သံတွဲမြို့နယ်မှ…
Read Moreမတ်ပဲအထွက်နူန်း လျော့ကျလို့ ပဲခူးအနောက်ခြမ်းက တောင်သူတွေ အရင်းမကျေတဲ့အပြင် အရှုံးနဲ့ရင်ဆိုင်နေရ
ဖေဖော်ဝါရီ ၂၀- ၂၀၂၃ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်းက မတ်ပဲစိုက်ခင်းတွေ အခုနှစ် မတ်ပဲရာသီမှာ ပဲအထွက်နူန်းသိသိသာသာလျော့ကျသွားလို့ ပဲစိုက်တောင်သူတွေ အရှုံးနဲ့ရင်ဆိုင်နေရတယ်လို့ သိရပါတယ်။ ပြည်ခရိုင်ဘက်မှာဆိုရင် မတ်ပဲစိုက်ခင်း လယ် ၁ ဧကကို မတ်ပဲ ၂ တင်း ၊ ၃တင်း သာထွက်တဲ့လယ်တွေအထိရှိနေလို့ စိုက်ပျိုးမှုကူန်ကျစရိတ်မရတဲ့အပြင် အရှုံးနဲ့ပါကြုံနေရတာဖြစ်တယ်လို့ တောင်သူတွေက ပြောပါတယ်။ ” ပဲ ၁ဧက အတွက်ဆိုရင် စိုက်ပျိုးစရိတ်အရင်းက ၃ သိန်းအောက်ထစ်ရှိတယ်၊ ဒီတော့ အခုစျေးနဲ့ဆိုရင် ၁ ဧက ၅တင်းထွက်မှကျနော်တို့မှာ အရင်းပဲရတယ်၊အဲ့ဒါ အခုစျေးကောင်းလို့ရတာ၊ဒါပေမယ့် တဧကကို ၂တင်းထွက်တဲ့လယ်ရှိတယ်၊ ဒါဆို ရှုံးပြီလေ၊ ဒီနှစ်အရှုံးအရမ်းများတယ်”လို့ ပြည်မြို့နယ်ထဲက မတ်ပဲစိုက်တောင်သူတဦးက ပြောပါတယ်။ အခုနှစ်မှာ မတ်ပဲစိုက်ခင်းအများစု အဝါရောင်မှိုစေ့ရောဂါကျပြီး အခင်းလိုက်ပျက်စီးတာ၊ အပင်ပေါက်ပြီးမှ အပင်တွေသေကုန်တာ ၊သွင်းအားစုစျေးတွေကြီးမြင့်လို့ ဆေးသုံးမှုနည်းတာတွေကြောင့် မတ် ပဲအထွက်နူန်းတွေ သိသိသာသာလျော့ကျသွားတာဖြစ်တယ်လို့…
Read More