(၃)နှစ်ကြာ ပိတ်ထားခဲ့တဲ့ တာချီလိတ်-မယ်ဆိုင်၊ အမှတ် (၁)တံတား ပြန်ဖွင့်၊ ကိုဗစ်ဆေး (၂)ကြိမ်း ထိုးပြီးတဲ့ လက်မှတ်ပါမှဖြတ်သန်းခွင့်ပြုမယ် 

ဖေဖော်ဝါရီ ၂၀-၂၀၂၃ 

MM [ VOM ] 

အချိန်(၃)နှစ်ကြာ ပိတ်ထာားခဲ့တဲ့ မြန်မာ-ထိုင်းနယ်စပ် တာချီလိတ် -မယ်ဆိုင် ချစ်ကြည်ရေး အမှတ် (၁)တံတားကို ဒီနေ့ ဖေဖော်ဝါရီ ၂၀ ရက် မနက်က ပြန်ဖွင့်လိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ 

အဲ့ဒီ တံတားဟာ ကိုဗစ်-၁၉ရောဂါ စတင်ကူးစက်ဖြစ်ပွားတဲ့ ၂၀၂၀ခုနှစ်၊ မတ်လ ၂၃ ရက်မှ စတင်ကာ မြန်မာ-ထိုင်း နယ်စပ်တွေကို နှစ်နိုင်ငံသဘောတူ ညီချက်တွေနဲ့ ပိတ်ပင်ထားခဲ့တာဖြစ်ပြီး တံတားကို ပိတ်ထားရာမှာ အချိန်(၃) နှစ်ခန့်ရှိပြီဖြစ်တယ်လို့ သိရပါတယ်။ 

တံတားကို ပြန်လည်ဖွင့်လှစ်ထားပေမဲ့ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး(၂)ကြိမ်အထိ ထိုးနှံပြီးကြောင်း လက်မှတ် မိတ္တူပါရှိမှသာ တံတားကနေ ဖြတ်သန်း သွားလာခွင့် လက်မှတ်ထုတ်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ 

”တစ်ဖက်ကို နယ်စပ်ဖြတ်သန်းသွားလာခွင့် လက်မှတ် ထုတ်ပေးတာမှာတော့ ကန့်သတ်ထားဆဲပါ ၊ဘာလည်းဆိုတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ၂ကြိမ်ထိုးနှံ ထားတဲ့လက်မှတ် မိတ္တူပါရှိမှ တံတားကူးလို့ရတာပါ၊ ကန့်သတ်ထားတဲ့ အချက်တွေ ပြည့်စုံတဲ့သူတွေကတော့ ယာယီ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ်တွေ ထုတ်ယူနေ တာတွေ့ရတယ်။”လို့ တာဝန်ရှိသူတယောက်ပြောပါတယ်။ 

အဲ့ဒီတံတား ပြန်ဖွင့်နိုင်ဖို့အတွက် ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံ နှစ်နိုင်ငံက တာဝန်ရှိပုဂ္ဂိုလ်တွေ အကြိမ်ကြိမ် ဆွေးနွေးခဲ့ရပြီး တံတားပြန်လည်ဖွင့်လှစ်လိုက်တာကြောင့် တံတားဖြတ်သန်းခွင့် သတ်မှတ်ထားတဲ့ အချက်အလက်တွေနဲ့ ပြည်စုံတဲ့သူတွေကတော့ အဆင်ပြေပေမယ့် အကြောင်းအမျိုးမျိုးကြောင့်သတ်မှတ်အချက်အလတ်တွေ မပြည့်စုံသူတွေ အခက်အခဲရှိနေတယ်လို့ သိရပါတယ်။ 

”တံတားတို့ လမ်းတို့ ဖွင့်တာကတော့ ဘယ်မကောင်း ရှိပါလိမ့်မလည်း ကောင်းတာပေါ့ အရမ်းကောင်းတယ် ၊ အခုဆို ကာလ အတန်အကြာရပ်တန့်နေတဲ့ကုန်စည် ကူးသန်းရောင်းဝယ်မှုတွေ၊ နယ်စပ်ခရီးသွားလုပ်ငန်းတွေ အရင်လိုပြန်လည်စည်ကားတော့မယ်၊ ခက်တာကအ ကြောင်း အမျိုးမျိုးနဲ့ ကိုဗစ်ကာကွယ်ဆေး မထိုးရသေးတဲ့ သူတွေရှိတယ်လေ ၊ သူတို့က အဓိက အခက်အခဲရှိနေတာ”လို့ ဒေသခံ ကုန်သည်တယောက်ကပြောပါတယ်။ 

အဲ့ဒီ တာချီလိတ်-မယ်ဆိုင်အမှတ်(၁)ချစ်ကြည်ရေး တံတားဟာ ကိုဗစ်-၁၉ ကူးစက်ရောဂါမဖြစ်ပွားတဲ့ကာလက မနက် ၆ နာရီ ကနေ ည ၉ နာရီအထိ ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အခုကတော့ မနက် ၆ နာရီကနေ ညနေ ၆နာရီအထိသာ ဖြတ်သန်းသွားလာခွင့်ပြုထားသလို အရင်အချိန်အတိုင်း အသုံးပြုဖွင့်ပေးနိုင်ဖို့  ညှိနှိုင်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။ 

ဒါ့အပြင် ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၂ ရက်ကလည်း နယ်စပ်တံတား တစင်းဖြစ်တဲ့ ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် ချစ်ကြည်ရေးတံတားအမှတ် (၁)ကို ဖွင့်လှစ်ခဲ့ပြီးနောက် အချိန်တလအကြာမှာ မယ်ဆိုင်-တာချီလိတ် ချစ်ကြည်ရေးတံတား အမှတ် (၁) ကိုပြန်လည်ဖွင့်လှစ်ခဲ့တာလို့ သိရပါတယ်။

#voiceofmyanmar #VOM #တာချီလိတ်  #အမှတ်၁တံတားပြန်ဖွင့်

Related posts

Leave a Comment

VOM News

FREE
VIEW