နေပြည်တော်ရှိ မန္တလေးပါရာဒိုက်စားသောက်ဆိုင်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွါး

 

မတ် ၁-၂၀၂၃
Voice Of Myanmar(VOM)

နေပြည်တော်ရှိ မန္တလေးပါရာဒိုက်စားသောက်ဆိုင်မှာ ဒီကနေ့ ည ၈ နာရီက ပေါက်ကွဲမှုဖြစ်တဲ့အသံတခုကြားခဲ့ရတယ်လို့ ဆိုင်ရဲ့ပတ်ဝန်းကျင်ပြောစကားသိရပါတယ်။

“ဆိုင်ရဲ့အနောက်ဖက်လမ်းကြားက အသံကြားရတာပဲ ၈ နာရီဝန်းကျင်လောက်ကကြားရတာပေါ့နော်၊အခုတော့လုံခြုံရေးတွေရောက်နေပြီး ပိတ်ဆို့စစ်ဆေးမှုတွေလုပ်နေတာ တွေ့ရတယ် “လို့ မန္တလေးပါရာဒိုက်အနီးနေထိုင်သူအချို့ကပြောပါတယ်။

ဆိုင်အနီးအနား ပတ်ဝန်ူကျင်နေထိုင်သူတွေရဲ့ ပြောဆိုချက်အရတော့ ဂတ်စ်အိုးကွဲတာလို့ သိရပေမယ့် VOMအနေနဲ့ အတည်ပြုနေဆဲဖြစ်ပါတယ်။

မနေ့ ဖေဖော်ဝါရီ ၂၈ရက် ညနေပိုင်းကလည်း နေပြည်တော်၊ရွှေကြာပင်ရပ်ကွက်၊မြစ်ငယ်လမ်းရှိ
ဦးမြတ်ငြိမ်း(ကြံ့ခိုင်ရေးအစိုးရလက်ထက် အမျိုးသားလွှတ်တော်ဒု ဥက္ကဋ္ဌဟောင်း)ရဲ့နေအိမ်အနီးမှာ ပေါက်ကွဲမှုဖြစ်ပွါးခဲ့သေးတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ပေါက်ကွဲမှု

Related posts

Leave a Comment

VOM News

FREE
VIEW