လူ ၄၀ ကျော်သေဆုံးခဲ့တဲ့ ဂရိရထားမတော်တဆမှုကြောင့် ပို့ဆောင်ရေး၀န်ကြီး ရာထူးကနေနှုတ်ထွက်

အေသင်၊ မတ်-၂-၂၀၂၃
မျိုးဆက်(VOM)

ဂရိနိုင်ငံမှာ လူ ၄၃ ဦးသေဆုံးခဲ့တဲ့ ရထားမတော်တဆမှုနဲ့ပတ်သက်ပြီး ဆန္ဒပြပွဲတွေဖြစ်ပေါ်နေပြီး ပို့ဆောင်ရေး၀န်ကြီးဟာ မတ် ၁ ရက်မှာ ရာထူးကနေနှုတ်ထွက်သွားပါတယ်။

ဂရိနိုင်ငံရဲ့ ရထားလမ်းတွေကို ထိန်းသိမ်းတဲ့ အေသင်မြို့ရှိဟယ်လန်နစ် ကုမ္ပဏီပြင်ပမှာ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့အကြား ပဋိပက္ခများဖြစ်ပွားခဲ့ပြီး ရထားမတော်တဆမှုဖြစ်ရာ နေရာအနီးရှိ လာရီဆာမြို့မှာလည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်ပြီး လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ကာ တရားမျှတစွာ လုပ်ဆောင်သွား မည်ဖြစ်ကြောင်း ဂရိအစိုးရကပြောဆိုထားပြီး သုံးရက်ကြာ နိုင်ငံတော်၀မ်းနည်းခြင်းအထိမ်းအမှတ် ကြေညာထားပါတယ်။

ခရီးသည်တင်ရထားပေါ်မှာ လိုက်ပါလာသူ ၃၅၀ အနက်အများစုမှာ လူငယ်များဖြစ်တွေပါတယ်။

အဆိုပါမတော်တဆမှုဟာ နည်းပညာဆိုင်ရာ အမှားအယွင်းမဟုတ်ဘဲ လူ့အမှားဖြစ်ကြောင်း ဂရိ၀န်ကြီးချုပ်က ပြောပါတယ်။

၂၁ ရာစုနဲ့သင့်လျော်ခြင်းမရှိတော့တဲ့ ရထားလမ်းစနစ်ကိုပြုပြင်ဖို့ အာဏာပိုင်တွေရဲ့ ကာလရှည်ကြာပျက်ကွက်မှုအတွက် တာ၀န်ရှိကြောင်း ရာထူးမှနှုတ်ထွက်သွားတဲ့ ပို့ဆောင်ရေး၀န်ကြီး ကော့စ်တက်ကာရာမာနေးလ်က ပြောပါတယ်။

Ref: BBC
#voiceofmyanmar #VOM #အေသင်

Related posts

Leave a Comment

VOM News

FREE
VIEW