စစ်အသုံးစရိတ် ဒေါ်လာ ၂၂၅ ဘီလီယံထိ တိုးမြှင်သုံးစွဲမယ်လို့ တရုတ်အစိုးရ ကြေညာ

ပေကျင်း၊ မတ်-၅-၂၀၂၃
မျိုးဆက်(VOM)

ပြည်ပ ခြိမ်းခြောက်မှုတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးမှုတွေရှိနေချိန်မှာ တရုတ်နိုင်ငံဟာ စစ်အသုံးစရိတ် တိုးမြှင့်မယ်လို့ မတ် ၅ ရက်မှာ ကြေညာလိုက်ပါတယ်။

တရုတ် ခေါင်းဆောင်တွေဟာ လာမယ့်နှစ်မှာ စီးပွားရေး ၅ ရာခိုင်နှုန်းခန့် တိုးလာဖို့ ရည်မှန်းထားတာကြောင့် ကမ္ဘာ့ဒုတိယအများဆုံးထိ ကာကွယ်ရေးအသုံးစရိတ် တိုးလာခြင်းဖြစ်ပါတယ်။

စစ်အသုံးစရိတ်ကို ဒေါ်လာ ၂၂၅ ဘီလီယံအထိ သုံးစွဲသွားမှာဖြစ်ပြီး တရုတ်နိုင်ငံကို နှိပ်ကွပ်ဖို့နဲ့ ထိန်းချုပ်ဖို့ ပြည်ပကအားထုတ်မှုတွေ ပိုမိုပြင်းထန်လာတယ်လို့ ဝန်ကြီးချုပ် လီကားချန်က နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာပြောပါတယ်။

တရုတ် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့်ပြီး ပြင်ဆင်မှုတွေ လုပ်သင့်ကြောင်း ၊ တိုက်ပွဲအခြေအနေများအောက်တွင် ကဏ္ဍပေါင်းစုံနှဲ့ နယ်ပယ်ပေါင်းစုံမှာ စစ်အင်အားကို အားကောင်းစေဖို့ သူကတိုက်တွန်းပြောဆိုပါတယ်။

ယခုနှစ် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုဟာ ရှစ်ကြိမ်မြောက် ဆက်တိုက် တိုးလာခြင်းဖြစ်ကြောင်း သိရပါတယ်။

Ref:CNA
Photo:Reuters
#voiceofmyanmar #VOM #ပေကျင်း

Related posts

Leave a Comment

VOM News

FREE
VIEW