စစ်အသုံးစရိတ် ဒေါ်လာ ၂၂၅ ဘီလီယံထိ တိုးမြှင်သုံးစွဲမယ်လို့ တရုတ်အစိုးရ ကြေညာ

ပေကျင်း၊ မတ်-၅-၂၀၂၃ မျိုးဆက်(VOM) ပြည်ပ ခြိမ်းခြောက်မှုတွေ ပိုမိုပြင်းထန်လာနိုင်ကြောင်း သတိပေးမှုတွေရှိနေချိန်မှာ တရုတ်နိုင်ငံဟာ စစ်အသုံးစရိတ် တိုးမြှင့်မယ်လို့ မတ် ၅ ရက်မှာ ကြေညာလိုက်ပါတယ်။ တရုတ် ခေါင်းဆောင်တွေဟာ လာမယ့်နှစ်မှာ စီးပွားရေး ၅ ရာခိုင်နှုန်းခန့် တိုးလာဖို့ ရည်မှန်းထားတာကြောင့် ကမ္ဘာ့ဒုတိယအများဆုံးထိ ကာကွယ်ရေးအသုံးစရိတ် တိုးလာခြင်းဖြစ်ပါတယ်။ စစ်အသုံးစရိတ်ကို ဒေါ်လာ ၂၂၅ ဘီလီယံအထိ သုံးစွဲသွားမှာဖြစ်ပြီး တရုတ်နိုင်ငံကို နှိပ်ကွပ်ဖို့နဲ့ ထိန်းချုပ်ဖို့ ပြည်ပကအားထုတ်မှုတွေ ပိုမိုပြင်းထန်လာတယ်လို့ ဝန်ကြီးချုပ် လီကားချန်က နိုင်ငံလုံးဆိုင်ရာ ပြည်သူ့ကွန်ဂရက်အစည်းအဝေးမှာပြောပါတယ်။ တရုတ် လက်နက်ကိုင်တပ်ဖွဲ့တွေအနေနဲ့ စစ်ရေးလေ့ကျင့်မှုတွေ အရှိန်မြှင့်ပြီး ပြင်ဆင်မှုတွေ လုပ်သင့်ကြောင်း ၊ တိုက်ပွဲအခြေအနေများအောက်တွင် ကဏ္ဍပေါင်းစုံနှဲ့ နယ်ပယ်ပေါင်းစုံမှာ စစ်အင်အားကို အားကောင်းစေဖို့ သူကတိုက်တွန်းပြောဆိုပါတယ်။ ယခုနှစ် ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်မှုဟာ ရှစ်ကြိမ်မြောက် ဆက်တိုက် တိုးလာခြင်းဖြစ်ကြောင်း သိရပါတယ်။ Ref:CNA…

Read More

အင်ဒိုနီးရှားမှာ လောင်စာဆီသိုလှောင်ရုံမီးလောင်မှု ၁၅ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ

ဂျကာတာ၊ မတ်-၅-၂၀၂၃ မျိုးဆက်(VOM) အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ လောင်စာဆီ သိုလှောင်ရုံတခု မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိကာ ဒေသခံရာပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။ မီးလောင်ကျွမ်းမှုဟာ ဒေသစံတော်ချိန် ည ၈ နာရီနောက်ပိုင်း စတင်ခဲ့ပြီး အစိုးရပိုင် ရေနံကုမ္ပဏီတခု လည်ပတ်နေတဲ့ လောင်စာဆီ သိုလှောင်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ကာအနီးနားရှိ လူနေရပ်ကွက်ကို ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။ ကလေး နှစ်ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးကြောင်း တာဝန်ရှိသူ တွေက အတည်ပြုခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြထား ပြီး မီးလောင်ဒဏ်ရာတွေ ရရှိတဲ့ လူ၅၀ ကေျာ်ကို ဆေးရုံတင်ထားရပါတယ်။ မီးလောင်မှုကြောင့် ဒေသခံ ၆၄၀ ခန့်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။မီးလောင်မှုကို အမြန်ဆုံး…

Read More

နေ့ ည မပြတ် အစောင့်တွေရှိနေတဲ့ ဗိုလ်ချုပ်အောင်ဆန်းစျေးက ရတနာဆိုင်တခု ဖောက်ထွင်းခံရ

မတ် ၅ -၂၀၂၃ GG(VOM) ရန်ကုန်၊ဗိုလ်ချုပ်အောင်ဆန်းစျေးထဲမှာဖွင့်ထားတဲ့ Rose Jewellery နှင်းဆီရတနာဆိုင် ဖောက်ထွင်းခံရပြီး တန်ဖိုးကြီးကျောက်စိမ်းပစ္စည်းတွေ အများအပြားပါသွားတယ်လို့ သိရပါတယ်။ ဖောက်ထွင်းခံရမှုမှာ ကျောက်စိမ်းလက်ကောက်တွေ၊ ကျောက်စိမ်းပန်းပုတွေ၊ကျောက်စိမ်းလက်စွပ်တွေ၊ ကျောက်စိမ်းနားကပ် စတဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုပဲ အများအပြားရွေးယူသွားတာဖြစ်ကြောင်း၊ ဆုံးရှုံးမှုတန်ဖိုးက သိန်းရာဂဏန်းကျော်ရှိတယ်လို့ ဆိုင်ပိုင်ရှင်ကပြောပါတယ်။ ” ဆိုင်ကဖွင့်တဲ့ရက်ဖွင့်တယ်၊ပိတ်တဲ့ရက်ပိတ်တယ်၊ ၃ ရက်နေ့ကမှ ဆိုင်ဖွင့်တယ် ညနေ ၄နာရီလောက်မှာ အိမ်ကိုပြန်တယ်။ မနေ့က မနက်မှာ ဆိုင်ဘေးနားက မိတ်ဆွေတွေက နင့်ဆိုင်က သော့လေး ဟ နေသလိုပဲဆိုပြီးဖုန်းဆက်လာမှသိရတာ။ဆိုင်က လေးခန်းတွဲဆိုတော့ တံခါးက တချပ်တည်းမဟုတ်ဘူး။အကုန်လုံးအကြောင်းကြားပြီး လူကြီးစုံမှဖွင့်တော့ အထဲမှာအကုန်ပွနေပြီ။သူကပုံးထဲကဟာပဲ အာရုံစိုက်တာ အဲ့ဒီလူက သိတဲ့အထဲကပါပဲ၊သေချာဖျက်ဆီးကလော်ပြီး ကောင်းတဲ့ဟာတွေကိုပဲ ယူသွားတာ။သူကခိုးသွားတာ ကောင်းတဲ့ဟာတွေအကုန်ခိုးသွားတာ။ တန်ဖိုးကတော့ မတွက်ရသေးဘူး။သိန်းကတော့ ရာဂဏန်းလောက်ရှိပါတယ်။” လို့ ဆိုင်ပိုင်ရှင်ကပြောပြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းစျေးမှာ နေ့စဥ် ၊ ညဘက် အလှည့်ကျ စည်ပင်သာယာရေးကော်မတီက…

Read More

ယူကရိန်း ဘက်မွတ်မြို့ကို ရုရှားတပ်တွေ သိမ်းဖို့ပြင်ဆင်နေ၊ ယူကရိန်းတပ်တွေ ဆုတ်ခွာဖို့ ရာဇသံပေး

ကိဗ်ယက်၊ မတ်-၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းနိုင်ငံရဲ့ အဓိကမြို့ဖြစ်တဲ့ ဘက်မွတ်မြို့ ကို သိမ်းယူတော့မယ်လို့ ရုရှားတပ်ဖွဲ့တွေက ပြောပြီး ယူကရိန်းသမ္မတကို သူ့တပ်တွေ ရုပ်သိမ်းဖို့ ရာဇသံပေးလိုက်ပါတယ်။ ရုရှားနိုင်ငံ ဝက်ဂနာကြေးစားအဖွဲ့ရဲ့ အကြီးအကဲ Yevgeny Prigozhin က သူ့တပ်တွေဟာယူကရိန်း နိုင်ငံအရှေ့ဘက် ဒွန်နက်ဒေသရှိ ယူကရိန်းတပ်ဖွဲ့တွေရဲ့ အမာခံနယ်မြေ ဘက်မွတ်ကို လက်တွေ့ကျကျ ဝိုင်းရံထားကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။ အဲဒီမြို့မှာ ကျန်ရှိနေတဲ့ ယူကရိန်းစစ်သားတွေအတွက် ဆုတ်ခွာဖို့ လမ်းကြောင်းတခုသာ ကျန်တော့တယ်လို့ သူကပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရန်သူတွေကို ချေမှုန်းခြင်းဟာ လာမယ့်လတွေအတွင်း မိမိတို့ရဲ့ ကာကွယ်ရေး စစ်ဆင်ရေးတွေ အောင်မြင်မှုအတွက် မဖြစ်မနေ လိုအပ်ကြောင်း ပြောဆိုထားပါတယ်။ ဘက်မွတ်မြို့မှာ ရန်သူတွေကို ခုခံတိုက်ခိုက်နေတဲ့ ရဲစွမ်းသတ္တိအတွက် ယူကရိန်းစစ်သားတွေကို ကျေးဇူးတင်ကြောင်း ယူကရိန်းသမ္မတက ပြောပါတယ်။ လက်ရှိမှာတော့ အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေဟာ ယုကရိန်းအတွက်…

Read More

၂၀၂၃ခုနှစ်​ ရန်ကုန်သင်္ကြန်ကို ပြည်သူ့ရင်ပြင်မှာ ပြုလုပ်မယ်လို့ သိရ

မတ် ၅ – ၂၀၂၃ GG (VOM) ရန်ကုန်တိုင်းသင်္ကြန်ပွဲကို ပြည်သူ့ရင်ပြင်မှာ ပြောင်းလဲ ကျင်းပသွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့စည်ပင်သာယာရေးကော်မတီကနေ သိရပါတယ်။ ပြည်သူ့ရင်ပြင်ထဲမှာ တိုင်းဗဟိုမဏ္ဍပ်တည်ဆောက်မှာဖြစ်တဲ့အပြင် တိုင်းအဆင့်ဌာနဆိုင်ရာတွေက ရေကစားမဏ္ဍပ်တွေ၊ ဖျော်ဖြေရေးမဏ္ဍပ်တွေနဲ့ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ” မြို့တော်ခန်းမရှေ့မှာလည်း မဏ္ဍပ်ကတော့ရှိမှာပါ။ ဗဟိုမဏ္ဍပ်တော့မဟုတ်ဘူး ရေပက်ခံသင်္ကြန်မဏ္ဍပ်ပဲပေါ့။ခရိုင်အလိုက် ရေကစားမဏ္ဍပ်တွေ ၊ ယိမ်းအကအလှဖျော်ဖြေမှုတွေကိုလည်း ဆုချီးမြှင့်မှုတွေလည်းလုပ်မယ်လို့ မြို့တော်ဝန်ကပြောပါတယ်။ တိုင်းအဆင့်ပွဲတော်ကတော့ ရင်ပြင်ထဲမှာခုနှစ်အကုန်လုပ်မှာပါ၊”လို့ စည်ပင်သာယာရေးကော်မတီဝင်တဦးကပြောပါတယ်။ မြို့တော်ခန်းမမှာပြုလုပ်မယ့် သင်္ကြန်မဏ္ဍပ်မှာလည်း ရုပ်ရှင်နဲ့ ဂီတအနုပညာရှင်တွေရဲ့ ဖျော်ဖြေမှု၊သဘင်ပညာရှင်တွေရဲ့ မြန်မာ့ယဉ်ကျေးမှုအကအလှဖျော်ဖြေမှုတွေ ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ သင်္ကြန်ကာလအတွင်း အေးချမ်းလုံခြုံစွာရေကစားနိုင်အောင် လုံခြုံရေးပိုင်းကိုလည်း စနစ်တကျ စီမံခန့်ခွဲပြီး လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။ ၂၀၂၃ခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မနေ့ မတ်လ ၄ ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ကိုဗစ်ကာလမတိုင်ခင်က ရန်ကုန်မှာ လမ်းလျှောက်သင်္ကြန်၊ ရေသင်္ကြန်မဏ္ဍပ်တွေနဲ့စည်ကားခဲ့ပြီး…

Read More

ရခိုင်က မဟာမုနိဘုရားပွဲတော်

မတ် ၄- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်၊ မဟာမုနိဘုရားပွဲတော်ကို မတ်လ ၃ ရက်နေ့ကတည်းက စတင်ကျင်းပနေပါတယ်။ မဟာမုနိဘုရားပွဲကို ရခိုင်ပြည်နယ်အနှံ့က ဘုရားဖူးခရီးသွားတွေ ထောင်နဲ့ချီလာရောက်ကြပြီး မတ် ၇ ရက်နေ့အထိ ကျင်းပသွားမှာဖြစ်တယ်လို့ သိရပါတယ်။ မဟာမုနိစက်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်ကို (၃၀) ကြိမ်မြောက် ကျင်းပတာဖြစ်ပြီး အသံမစဲပဌာန်းတရား ရွတ်ဖတ်ပူဇော်ပွဲဟာ ​ဘုရားပွဲလုပ်ရတဲ့ အဓိကအကြောင်းအရင်းဖြစ်တယ်လို့သိရပါတယ်။ အဲဒီလို ဘုရားပွဲကျင်းပတဲ့အခါ ပြည်နယ်တွင်းက ဘုရားပွဲတိုင်းမှာ ထည့်သွင်းကျင်းပလေ့ရှိတဲ့ ရခိုင်ရိုးရာ ကျင်းပပွဲနဲ့ ဇာတ်သဘင်ဖျော်ဖြေရေးတွေ ပါဝင်တယ်လို့ ဘုရားပွဲကို သွားရောက်ခဲ့တဲ့ ခရီးသွားတဦးကပြောပါတယ်။ ” ဘုရားဖူးတွေကအရမ်းများတယ်။ ဘုရားပွဲက ညပိုင်းဆိုတော့ ပိုစည်ကားပါတယ်။ ကျနော်တို့က စစ်တွေကနေ လာရတာဆိုတော့ ပင်ပန်းပေမယ့် ပျော်စရာကောင်းပါတယ်။”လို့ သူကပြောပါတယ်။ ရခိုင်ပြည်နယ်ဟာ ပြီးခဲ့တဲ့ ၂၀၁၈ နှစ်ကုန်ပိုင်းကနေ ပြည်တွင်းစစ်ပဋိပက္ခနဲ့ ကြုံတွေ့ခဲ့ရပြီး ပွဲလမ်းသဘင်တွေနဲ့ ဝေးကွာနေတာလည်း…

Read More

ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် တံတားဂိတ် ပြန်ဖွင့်ပေမယ့် အဝင်အထွက် အဆင်မပြေသေး

မတ် ၄၊ ၂၀၂၃ Shy V (VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ တရုတ် – မြန်မာ နယ်စပ်က ရှေးအကျဆုံး ကုန်သွယ်ရာလမ်းဖြစ်တဲ့ ပန်ဆိုင်း (ကြူကုတ်) – ဝမ်တိန် တံတားဂိတ်ကို ပြီးခဲ့တဲ့ မတ်လ ၁ ရက်နေ့ကစ ပြန်လည်ဖွင့်လှစ်လိုက်ပေမယ့် လက်ရှိမှာ အဝင်အထွက်အဆင်မပြေသေးဘူးလို့ နယ်စပ်ဒေသခံတွေဆီက သိရပါတယ်။ ” ဂိတ်က တရုတ်ဘက်က အားလုံးဖွင့်ပြီလေ။ အခုက မြန်မာဘက်က အဆင်သင့် မဖြစ်သေးလို့ လို့ပြောတာပဲ၊ တရုတ်ဘက်ကတော့ ပြီးခဲ့တဲ့ ၂၀၂၂ နှစ်ကုန်ပိုင်းကစ တရုတ်နိုင်ငံမှာ ကိုဗစ်သတ်မှတ်ချက်တွေ ဖြေလျှော့လိုက်ပြီးနောက် တရုတ်ဘက်က မြန်မာနဲ့ တရုတ် ထိစပ်နေတဲ့ မူဆယ်နယ်စပ်ဂိတ်တွေကိုလည်း အခုနှစ် နှစ်ဆန်းပိုင်းမှာ ဖွင့်လှစ်လိုက်တာဖြစ်ပေမယ့် မြန်မာဘက်ခြမ်းမှာ မဖွင့်လှစ်သေးတာ။”လို့ နယ်စပ် ကုန်သည်တဦးက ပြောပါတယ်။ ပန်ဆိုင်း (ကြူကုတ်) မြို့ခံ အမျိုးသမီး…

Read More
VOM News

FREE
VIEW