အင်ဒိုနီးရှားမှာ လောင်စာဆီသိုလှောင်ရုံမီးလောင်မှု ၁၅ ဦးသေဆုံး၊ ၅၀ ကျော်ဒဏ်ရာရ

ဂျကာတာ၊ မတ်-၅-၂၀၂၃
မျိုးဆက်(VOM)

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာမှာ လောင်စာဆီ သိုလှောင်ရုံတခု မီးလောင်မှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၅ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာရရှိကာ ဒေသခံရာပေါင်းများစွာကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။

မီးလောင်ကျွမ်းမှုဟာ ဒေသစံတော်ချိန် ည ၈ နာရီနောက်ပိုင်း စတင်ခဲ့ပြီး အစိုးရပိုင် ရေနံကုမ္ပဏီတခု လည်ပတ်နေတဲ့ လောင်စာဆီ သိုလှောင်ရုံမှာ ဖြစ်ပွားခဲ့တာဖြစ်ကာအနီးနားရှိ လူနေရပ်ကွက်ကို ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။

ကလေး နှစ်ဦး အပါအဝင် လူ ၁၅ ဦး သေဆုံးကြောင်း တာဝန်ရှိသူ တွေက အတည်ပြုခဲ့ကြောင်း ဒေသတွင်း မီဒီယာတွေက ဖော်ပြထား ပြီး မီးလောင်ဒဏ်ရာတွေ ရရှိတဲ့ လူ၅၀ ကေျာ်ကို ဆေးရုံတင်ထားရပါတယ်။

မီးလောင်မှုကြောင့် ဒေသခံ ၆၄၀ ခန့်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရပါတယ်။မီးလောင်မှုကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ ကုမ္ပဏီကို အင်ဒိုနီးရှားအစိုးရက ညွှန်ကြားထားပါတယ်။

မီးလောင်မှုဟာ မိုးသည်းထန်စွာရွာသွန်းမှု ေကြာင့်ကပိုက်လိုင်းတခု ပျက်စီးသွားပြီးနောက် မိုးကြိုးပစ်ခြင်းကြောင့် ဖြစ်နိုင်တယ်လို့ ရေနံကုမ္ပဏီ တာဝန်ရှိသူတဦးက သတင်းထောက်တွေကို ပြောပါတယ်။

Ref: NHK
Photo:AP
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW