ထိုင်းဘုရင်စနစ်ကို သရော်တဲ့ပြက္ခဒိန်တွေ ရောင်းချတဲ့အမျိုးသား ထောင်(၂)နှစ်ချမှတ်ခံရ

ဘန်ကောက်၊ မတ်-၈-၂၀၂၃
မျိုးဆက်(VOM)

ထိုင်းဘုရင်စနစ်ကို အသရေပျက်စေတယ်ဆိုကာ ထိုင်းအစိုးရရှေ့နေတွေဟာ သရော်စာမှတ်ချက်တွေနဲ့ အဝါရောင်ဘဲရုပ်တွေပါတဲ့ ပြက္ခဒိန်တွေရောင်းချတဲ့ အမျိုးသားတဦးကို ထောင်(၂)နှစ်ချမှတ်လိုက်ပါတယ်။

ထောင်ချခံရသူဟာ အသက် ၂၆ နှစ်အရွယ် နာရာသွန်ချော့မန်ကောင်ဆင်ဆိုသူဖြစ်ပြီး ၂၀၂၀ ခုနှစ်နောက်ပိုင်းမှာ အသရေဖျက်မှုဆိုင်ရာ ဥပဒေနဲ့ ဖမ်းဆီးခံရသူ ၂၀၀ ကျော်ထဲမှာပါ၀င်ကာ ဒီဥပဒေဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိခိုက်စေတယ်လို့ ဝေဖန်သူတွေက ပြောဆိုထားပါတယ်။

ရာဘာဘဲရုပ်တွေဟာ ထိုင်းမှာဒီမိုကရေစီလိုလားသူတွေရဲ့ အမှတ်သင်္ကေတတခုဖြစ်ပြီး ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေးအပါအ၀င် ဒီမိုကရေစီအသွင်ကူးပြောင်းရေး ဆန္ဒပြပွဲတွေမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။

ထိုင်းအာဏာပိုင်တွေဟာ ဘုရင်စနစ်ကိုစော်ကားတယ်လို့ ယူဆရတဲ့ ဘယ်လိုလုပ်ဆောင်မှုမျိုးကိုမဆို အပြစ်ပေးအရေးယူမှုတွေ ပြုလုပ်နေတယ်လို့ လူ့အခွင့်စောင့်ကြည့်အဖွဲ့ HRW က ပြောပါတယ်။

ဒါဟာ ထိုင်းနိုင်ငံအနေနဲ့ လူ့အခွင့်အရေးလေးစားတဲ့ ဒီမိုကရေစီနိုင်ငံဖြစ်လာဖို့ ဝေးကွာသေးတယ်ဆိုတာ ပြသနေတာဖြစ်ပြီး နိုင်ငံရေးသဘောထားကွဲလွဲမှုတွေကို ထိန်းချုပ်ဖို့ မကြာသေးမီနှစ်တွေအတွင်း ထိုင်းအစိုးရဟာ တော်၀င်မိသားစုကို စော်ကားမှုဥပဒေကို အသုံးချနေတယ်လို့ လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဝေဖန်ပြောဆိုပါတယ်။

Ref: BBC
Photo:AP
#voiceofmyanmar #VOM #ဘန်ကောက်

Related posts

Leave a Comment

VOM News

FREE
VIEW