ပြည်မြို့က နေအိမ်(၄)လုံးမီးလောင်ပြီး ကားနဲ့ဆိုင်ကယ် မီးလောင်ပျက်စီးခဲ့

မတ် ၉ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း ၊အနောက်​ခြမ်း၊ ပြည်မြို့၊ မြို့သစ် ၁၀ လမ်းနဲ့ ၁၁ လမ်းမှာ မီးလောင်မှုဖြစ်ပြီး နေအိမ် (၄)လုံးနဲ့ ကား ၊ဆိုင်ကယ် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့ မတ်လ ၉ ရက် မနက် ၁၀ နာရီလောက်မှာ မြို့သစ် ၁၀လမ်းက နေအိမ်တအိမ်ရဲ့ ဂက်စ်မီးဖိုကနေ မီးစတင်လောင်ကျွမ်းပြီး အဲ့ဒီကမှ နောက်ထပ် နေအိမ် ၃ အိမ်ကိုပါ မီးကူးစက်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့သိရပါတယ်။

” မြို့သစ်၁၀လမ်းမှာ ၃အိမ်၊သူနဲ့ကျောချင်းကပ်လျက် ၁၁လမ်းက ၁အိမ်ပါသွားတယ်၊ကားဂိုဒေါင်လည်း မီးလောင်လို့ ကားတစီးမီးလောင်တယ်။ဆိုင်ကယ်နှစ်စီးမီးလောင်တယ်။အိမ်ရှင်ကပြောပါတယ် ဂက်စ်မီးဖိုကနေ လောင်တာပါ၊ အကုန်လုံး ညှိညှိနိူင်းနိူင်း အဆင်ပြေပါတယ် “လို့မီးလောင်ပြင်​ကိုကူညီကယ်ဆယ်ရေး​သွားရောက်ခဲ့တဲ့ ပြည်မြို့က ပျူနှလုံးသားပရဟိတအသင်း ဥက္ကဋ္ဌကပြောပါတယ်။

မီးလောင်ခဲ့တဲ့နေအိမ်တွေကတော့ ပျဥ်ထောင်အိမ်၊ အုတ်အခံနဲ့ပျဥ်ကာနေအိမ်တွေဖြစ်တယ်လို့သိရပါတယ်။

မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရတာမျိုးမရှိကြောင်းနဲ့ မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို သက်ဆိုင်ရာမီးသတ်တပ်ဖွဲ့က စစ်ဆေး တွက်ချက်နေတုန်း ဖြစ်တယ်လို့ သိရပါတယ် ။

အဲ့ဒီ မီးလောင်မှုကို ၄၅ မိနစ်ခန့်ငြှိမ်းသတ်ခဲ့ရကြောင်း၊ နယ်မြေခံမီးသတ်တပ်ဖွဲ့တွေနဲ့အတူ လူမှုကူညီရေးအသင်းတွေ၊ ရပ်ကွက်နေပြည်သူတွေက ပူးပေါင်းငြှိမ်းသတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo Crd – Original Uploader
#voiceofmyanmar #VOM #ပြည် #မီးလောင်မှု

Related posts

Leave a Comment

VOM News

FREE
VIEW