မလေးရှား၀န်ကြီးချုပ်ဟောင်း မူယစ်ဒင် ကို အဂတိလိုက်စားမှုနဲ့ စွဲချက်တင်မယ်

ကွာလာလမ်ပူ၊ မတ်-၉-၂၀၂၃
မျိုးဆက်(VOM)

မလေးရှား၀န်ကြီးချုပ်ဟောင်း မူယစ်ဒင်ယာဆင်ကို အဂတိလိုက်စားမှုဆိုင်ရာတွေနဲ့ပတ်သက်ပြီး မတ် ၁၀ ရက်မှာ စွဲချက်တင်မယ်လို့ မလေးရှားအဂတိလိုက်စားမှုတိုက်ဖျက်ရေးအကြီးအကဲက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

၀န်ကြီးချုပ်ဟောင်းအပေါ် စွဲချက်တင်မယ့်ကိစ္စ အသေးစိတ်အချက်အလက်တွေကို အသေးစိတ်ထုတ်ပြန်ခြင်းမရှိပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး မတ် ၉ ရက်နှောင်းပိုင်းမှာ ထုတ်ပြန်သွားမယ်လို့ ပြောပါတယ်။

၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ်အကြားမှာ ၁၇ လကြာ ၀န်ကြီးချုပ်တာ၀န်ထမ်းဆောင်ခဲ့တဲ့ ၀န်ကြီးချုပ်ဟောင်း မူယစ်ဒင်ဟာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဌာနကို မတ် ၉ ရက်မနက်ပိုင်းက လာရောက်စစ်ဆေးခံခဲ့ပါတယ်။

နို၀င်ဘာလမှာကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ၀န်ကြီးချုပ် အန်ဝါအီဗရာဟင်ကို ရှုံးနိမ့်ပြီးနောက် ၀န်ကြီးချုပ်ဟောင်း မူယစ်ဒင်နဲ့သူ့ပါတီဟာ အကျင့်ပျက်ချစားမှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

သူလက်ထက်ကအတည်ပြုခဲ့တဲ့ ကိုဗစ်ပြန်လည်ထူထောင်ရေးအစီအစဉ်အပါအ၀င် ဒေါ်လာဘီလီယံပေါင်းများစွာ တန်ဖိုးရှိတဲ့ အစိုးရစီမံကိန်းတွေကို ပြန်လည်သုံးသပ်ဖို့ လက်ရှိ၀န်ကြီးချုပ် အန်ဝါအီဗရာဟင်က ပြီးခဲ့တဲ့နှစ်မှာအမိန့်ထုတ်ခဲ့ပြီး လုပ်ထုံးလုပ်နည်းတွေကို မလိုက်နာခဲ့ဘူးလို့ ဆိုပါတယ်။

၀န်ကြီးချုပ်ဟောင်း မူယစ်ဒင်ကတော့ ဒီစွပ်စွဲချက်တွေကိုငြင်းဆိုထားပြီး ဒါဟာ နိုင်ငံရေးအရ ခြေထိုးတာဖြစ်တယ်လို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ကွာလာလမ်ပူ

Related posts

Leave a Comment

VOM News

FREE
VIEW