ပြင်သစ်အစိုးရကို အယုံအကြည်အဆိုတင်သွင်းမှုမဲခွဲမှု မအောင်မြင်

ပါရီ၊ မတ်-၂၁-၂၀၂၃
မျိုးဆက်(VOM)

ပြင်သစ်အစိုးရဟာ အငြိမ်းစားယူရမယ့် အသက်အရွယ်ကို ၆၄ နှစ်ထိတိုးမြှင့်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ပါလီမန်မှာ အယုံအကြည်မရှိအဆိုတင်သွင်းမှုကှို ကျဉ်းမြောင်းစွာဖြတ်ကျော်နိုင်ခဲ့ပါတယ်။

အစိုးရအပေါ် အယုံအကြည်မရှိအဆိုတင်သွင်းပြီး ပါလီမန်မှာ မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲ ၂၇၈ မဲရရှိခဲ့ပြီး အဆိုအောင်မြင်ဖို့လိုအပ်သည့်ထောက်ခံမဲ ၂၈၇ မဲပြည့်မီခြင်းမရှိခဲ့ပါဘူး။

လက်ယာစွန်းအတိုက်အခံပါတီကနေ တင်သွင်းတဲ့ အယုံအကြည်မရှိအဆိုအောင်မြင်ခဲ့မယ်ဆိုရင် သမ္မတအီမန်နျူရယ် မက်ခရွန်ဟာ အစိုးရသစ်ဖွဲ့စည်းခြင်း သို့မဟုတ် ရွေးကောက်ပွဲအသစ်ကျင်းပပေးရမှာဖြစ်ပါတယ်။

အယုံအကြည်မရှိအဆို မအောင်မြင်ပြီးနောက် အငြိမ်းယူရမယ့် အသက်ကို ၆၂ နှစ်မှ ၆၄ နှစ်သို့တိုးမြှင့်ဥပဒေကြမ်းကတော့ ဥပဒေအဖြစ် သက်၀င်တော့မှာဖြစ်ပါတယ်။

ဒီကိစ္စအပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေမှာ လူ ၁၀၀ ကျော်ထိ ဖမ်းဆီးခံထားရပါတယ်။

ပါရီမြို့လယ်နဲ့ အခြားသောပြင်သစ်မြို့ကြီးတွေမှာ အပျက်အစီးတွေ၊ မီးလောင်မှုတွေနဲ့ အတူ ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့တို့ထိပ်တိုက်ပဋိပက္ခတွေ သီတင်းပတ်ကုန်ပိုင်းကဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူအချို့ထိခိုက်ဒဏ်ရာရမှုတွေ ဖြစ်ပွားခဲ့ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW