ထိုင်းနိုင်ငံကို ထောပတ်သီး တရားမဝင်တင်ပို့မှုက စျေးအနှိမ်ခံရတဲ့အပြင် စျေးကွက်ခိုင်မာမှုလည်းမရှိ

မတ် ၂၁ -၂၀၂၃
GG (VOM)

မြန်မာနိုင်ငံကထွက်ရှိတဲ့ ထောပတ်သီးကို ထိုင်းနိုင်ငံကို နားလည်မှုနဲ့ တရားမဝင်တင်ပို့မှုက စျေးကွက်ခိုင်မာမှုမရှိတဲ့အပြင် စျေးနှိမ်ခံရတာတွေလည်းရှိနေတယ်လို့ သိရပါတယ်။

“ပြီးခဲ့တဲ့ နိုဝင်ဘာအကုန်လောက်ကဆိုရင် ဘန်ကောက်မှာ အအေးခန်းနဲ့တရားဝင်သွင်းတဲ့အသီးကို 1kg ဘတ်300 ရောင်းချိန်မှာ တရားမဝင်ကမ်းကူးသီးကို 1kg ဘတ် 50 ပဲ ပေါက်တယ်။ရှမ်းမှာ တောင်သူရောင်းဈေး 1kg ဘတ် 30လောက်ပဲရတယ်၊ အဲ့ဒီတော့ ထိုင်းသစ်သီးကုန်သည်တွေက တရားမဝင်အသီးကို 1kg ဘတ် 50နဲ့ အလွယ်ဝယ်ပြီး သူတို့ဘာသာ ပါကင်ထုတ် အအေးခန်းထဲထည့်ပြီး ဘတ်300နဲ့ပြန်ရောင်းကြတယ်။အဲ့ဒါအကျင့်ပါသွားရင် မြန်မာသီးတွေ တရားဝင်တိုးရခက်မယ် “လို့ ထောပတ်သီးစျေးကွက်နဲ့ ကုန်သွယ်ရေးကိစ္ အအကြံပေးသူတဦးကပြောပါတယ်။

ဒါကြောင့် မြန်မာထောပတ်သီးကို ထိုင်းနဲ့တရုတ်ကို တရားဝင်တင်ပို့ခွင့်ရဖို့ စီးပွားကူးသန်းဝန်ကြီးဌာနနဲ့ဆွေးနွေးမှုတွေလုပ်နေကြောင်း ၊ တရားဝင်တင်ပို့ခွင့်ပြုတဲ့အခါ တင်းကျပ်ထားတဲ့မူဝါဒတွေကို ဖြေလျှော့ပေးမှ တောင်သူတွေအဆင်ပြေမယ်လို့ ထောပတ်စိုက်ပျိုးသူတွေက ပြောပါတယ်။

“တရားမဝင်သွားတာက ပွဲစားတွေအပေါ်မူတည်တယ်။တရားဝင်သွားရင်လည်း ပယ်သီးဆိုတာရှိတယ်။အသီးကွာလတီအပေါ်မူတည်ပြီး စျေးကွာတာပေါ့၊ဒါကို တောင်သူတွေက သိပ်နားမလည်ကြဘူး။normal trade ကတော့ မကိုက်တာတွေကြောင့် မပို့နိုင်ဘူး၊၆၅ % ၃၅ % ငွေလွှဲနူန်းတွေရယ်၊ ၁၀၀ % payment တွေရယ်ကြောင့် ၊စည်းမျဥ်းစည်းကမ်းတွေကြောင့် မကိုက်ဘူး။တရားမဝင်သွားနေရတာက တာဝန်ယူမှုတာဝန်ခံမှုတော့ အားနည်းတာပေါ့။” လို့ ထောပတ်စိုက်ပျိုးတင်ပို့သူတဦးကပြောပါတယ်။

လက်ရှိမှာ ထိုင်းကို တရားဝင်ကုန်သွယ်မှုပြုလုပ်နိုင်ရေးအတွက် စီးပွား/ကူးသန်းဝန်ကြီးဌာနနဲ့ဆွေးနွေးမှူတွေလုပ်နေကြောင်း၊ တရားဝင်တင်ပို့ခွင့်ရမယ်ဆိုရင် ငွေကြေးကိစ္စခိုင်မာမှုရှိပြီး တာဝန်ယူမှု တာဝန်ခံမှုရှိသလို စျေးကောင်းရမှာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ MOU စနစ်နဲ့ မလေးရှားနိုင်ငံကို ထောပတ်သီးတင်ပို့မှုရှိပြီး ထိုင်းကိုတော့ နယ်စပ်ကနေ တင်ပို့နေတာဖြစ်ကြောင်း ၊ တရာသီကို ထောပတ်သီးတန်ချိန် ၃၀၀၀ လောက်တင်ပို့မှုရှိတယ်လို့ သိရပါတယ်။

လက်ရှိမှာ နိုင်ငံခြားမျိုးဖြစ်တဲ့ Hass ထောပတ်သီးမျိုးအပြင် ရှမ်းပြည်နယ်တောင်ပိုင်းမှာ တောင်သူ၃၆ ယောက်က GAP စနစ်နဲ့ ဧက၅၀၀ စိုက်ပျိုးနေတယ်လို့သိရပါတယ်။

ပြည်တွင်းမှာ ထောပတ်သီးကို ရှမ်းပြည်နယ် တောင်ပိုင်း၊ရှမ်းပြည် မြောက်ပိုင်း၊မန္တလေးတိုင်းက ပြင်ဦးလွင်နဲ့မိုးကုတ်၊ကရင်ပြည်နယ်၊ မြစ်ကြီးနား၊ချင်းပြည်နယ်တွေမှာ အဓိကစိုက်ပျိုးကြတာ​ဖြစ်တယ်လို့ သိရပါတယ်။

ထောပတ်သီးစိုက်ပျိုးမှုဟာ နှစ်ရှည်သီးနှံဖြစ်လို့ အချိန်ကြာလေ အသီးသီးနူန်း အားကောင်းလေ တွက်ချက်ကိုက်လေဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ထောပတ်သီး #ထိုင်းတရားမဝင်တင်ပို့မှုကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW