နတ်တလင်းမှာ အမျိုးသမီး(၃)ဦး ရေနစ်သေဆုံးမှုဖြစ်ပွားခဲ့

မတ် ၂၀ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်း အနောက်ပိုင်း ၊နတ်တလင်းမြို့နယ်မှာ အသက်မပြည့်သေးတဲ့ မိန်းကလေး ၂ယောက်နဲ့ နောက်ထပ်အမျိုးသမီး ၁ ယောက် မနေ့ မတ်လ ၁၉ ရက်နေ့က ရေနစ်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

နတ်တလင်းနဲ့ ဇီးကုန်းမြို့အကြားက လမ်းဘေး ရေမြောင်းထဲမှာ နေ့လယ်၂ နာရီခန့်က ရေနစ်သေဆုံးခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။

” ကလေးရေနစ်တာကို လိုက်ဆယ်ရင်းကနေ နစ်တာ ၊ ပရဟိတအသင်းတွေရှာကြတော့ ပထမဆုံး အလောင်းတွေ့တယ်။နောက်တော့ ဒုတိယအလောင်းထပ်တွေ့တယ်။ နောက်ဆုံး ကလေးကိုကျတော့ဘယ်လိုရှာရှာ မတွေ့တာနဲ့ ငှက်ပျောပွဲ၊အုန်းပွဲ ၊သူ့ခေါင်းအုံး၊အမွှေးတိုင်တွေထွန်းတော့မှ သူ့အလောင်းကတွေ့တယ်၊အားလုံးပေါင်း ၃ယောက်ပါ၊ဘယ်လိုရေနစ်လဲဆိုတာတော့ သေချာမသိရဘူး “လို့မျက်မြင် နတ်တလင်းဒေသခံတဦးကပြောပါတယ်။

ရေနစ်သေဆုံးသူတွေက အသက် ၃၅ နှစ်အရွယ် မမီမီကျော် ၊အသက်၁၅နှစ်အရွယ် မရွှေရည်မင်းစံ(ခ)မဖူမွန်စိတ်နဲ့ အသက်၁၃နှစ်အရွယ် မယွန်းတာပို့(ခ)တာပို့ တို့ဖြစ်တယ်လို့သိရပါတယ်။

” အရင်ဆုံး ရေနစ်တဲ့ကလေးက မသေဘူး။သူ့ကိုလိုက်ကယ်တဲ့ အဒေါ်နဲ့ အမက ရေနစ်ဆုံးသွားတာပေါ့။ “လို့ နောက်ထပ်ဒေသခံတဦးကပြောပါတယ်။

သေဆုံးသူ ၃ ယောက်ဟာ အဒေါ်နဲ့ တူမတော်စပ်သူတွေဖြစ်ပြီး နတ်တလင်းမြို့၊အောင်ရတနာလမ်းနေထိုင်သူတွေဖြစ်ကြောင်း ဒီကနေ့ မတ်လ ၂၀ ရက်နေ့ မှာ သဂြိုလ်မှာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ညနေပိုင်းကလည်း
မကွေးတိုင်း၊ရေနံချောင်းမြို့နယ်၊ ညောင်လှချောင်းသာမှာ မိသားစုတွေ ရေလာကစားရင်းကနေ ကလေး ၄ ယောက် ရေနစ်သေဆုံးမှုရှိခဲ့ပါတယ်။

#voiceofmyanmar #VOM #နတ်တလင်း #ရေနစ်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW