ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး ရုရှာသမ္မတပူတင်နဲ့ တရုတ်သမ္မတတို့ အလွတ်သဘောဆွေးနွေး

မော်စကို၊ မတ်-၂၁-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက် ရုရှားသမ္မတပူတင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ မတ် ၂၀ ရက်က အလွတ်သဘောဆွေးနွေးခဲ့ကြပါတယ်။

တရုတ်သမ္မတရှိင်္ကျင်းပင်ဟာ ဒီကိစ္စနဲ့ပတ်သက်ပြီး ရုရှားကိုသုံးရက်ကြာအလည်အပတ်ရောက်ရှိနေပြီး ယူကရိန်းကို ရုရှားက ပြီးခဲ့တဲ့နှစ်ဖေဖော်ဝါရီလမှ ကျူးကျော်တိုက်ခိုက်ပြီးနောက် ရုရှားကို ပထမဆုံးအကြိမ် သွားရောက်မှုလည်းဖြစ်ပါတယ်။

ရုရှားနဲ့ယူကရိန်းတို့ တွေ့ဆုံဆွေးနွေးရေးနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် တရုတ်နိုင်ငံကအဆိုပြုထားတဲ့အချက်တွေကို သေချာစွာလေ့လာခဲ့ပြီး အဂ်ါနေ့မှာလုပ်မယ့် ဆွေးနွေးပွဲမှာ သမ္မတရှီကျင်းပင်နဲ့ ဆက်လက်ဆွေးနွေးမယ်လို့ ရုရှားသမ္မတပူတင်ကပြောပါတယ်။

တရုတ်နဲ့ရုရှားတို့ဟာ အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့အပြင် မဟာဗျူဟာမြောက်မိတ်ဖက်ဖြစ်ပြီး နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုကြောင့် ရည်မှန်းချက်များအောင်မြင်နိုင်တယ်လို့ တရုတ်သမ္မတရှိကျင်းပင်ကပြောပါတယ်။

ဒီနေ့မှာဆက်လက်ပြုလုပ်မယ့် သူတို့နှစ်ဦးရဲ့ ထိပ်သီးဆွေးနွေးပွဲမှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်ရေးနဲ့ အခြားသောနိုင်ငံတကာရေးရာတွေကို အသေးစိတ်ဆွေးနွေးသွားဖို့ရှိနေပါတယ်။

Ref:NHK
Photo:AP
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW