သန်လျင်မှာ ရေဆင်းကူးတဲ့ သင်္ဘောသား၂ဦး ရေနစ်သေဆုံး

မတ် ၂၁ – ၂၀၂၃
GG (VOM)

ရန်ကုန် ၊သန်လျင်မြို့နယ်မှာ သင်္ဘောသား သူငယ်ချင်း ၃ ယောက် ရေဆင်းကူးရာကနေ ၂ ယောက်ရေနစ်သေဆုံးမှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

မနေ့ မတ်လ ၂၁ ရက် ညနေ ၄ နာရီခန့်မှာ သန်လျင်မြို့နယ်၊ ပဲခူးစုရပ်ကွက်က စက်ကန် ၂ မှာ ရေဆင်းကူးရာကနေ လူ၂ယောက် သေဆုံးခဲ့တာဖြစ်ကြောင်း လက်ရှိမှာ ရုပ်အအလောင်းတလောင်းကို ဆယ်ယူရရှိထားတယ်လို့ သိရပါတယ်။

“သင်္ဘောသားသုံးဦး ရန်ကုန်ပြန်ရောက်ပြီး သူငယ်ချင်း နေအိမ်ဖြစ်တဲ့ သန်လျင်၊ အမှတ် ၁၇ ရွှေဝါလမ်းသွယ် ၊အမှုထမ်းရပ်ကွက်က ဦးကိုကိုမြတ် အိမ်ကို အလည်လာပြီး ရေသွားကူးရာကနေ ရေနစ်သေဆုံးတာပါ။တယောက်က်ရေနစ်တာကို နောက်တယောက်က ကယ်ရင်းကနေ နှစ်ယောက်လုံးပြန်ပေါ်မလာတော့တာလို့ ကျန်ရှိသူ ဦးကိုကိုမြတ်ကပြောတယ် ” လို့ ကူညီကယ်ဆယ်ရေးလုပ်ခဲ့တဲ့ ရွှေရောင်တွဲလက်လူမှုကူညီရေးအသင်းအဖွဲ့ဝင်ကပြောပါတယ်။

ရေနစ်သေဆုံးသူတွေက သင်္ဘောသားတွေဖြစ်တဲ့ အင်းစိန်မြို့နယ်က အသက် ၄၀ နှစ်အရွယ် ဦးသူရိန် ဆိုသူနဲ့ ဒလမြို့နယ်က အသက် ၃၄ နှစ်အရွယ် ဦးပြည့်စုံဆိုသူတို့ဖြစ်ကြောင်း၊ ဦးသူရိန်ရေနစ်တာကို ဦးပြည့်စုံက လိုက်လံကယ်ဆယ်ရင်းကနေ နှစ်ယောက်လုံး ရေနစ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ဦးပြည့်စုံရုပ်အလောင်းကိုသာ ရှာဖွေတွေ့ရှိထားကြောင်း ၊ အလောင်းကို သန်လျင်ဆေးရုံကိုပို့ဆောင်ထားတယ်လို့သိရပါပြီး ဦးသူရိန်ရုပ်အလောင်းကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကလည်း သန်လျင်မြို့နယ် ၊ခြောက်လမ်းသွားလမ်းမဘေး၊ ငါးပြေမကျေရွှာ ချောင်းထဲမှာ စက်လှေမှောက်ပြီး အမျိုးသား ၂ ယောက်​ရေနစ်သေဆုံးမှုရှိခဲ့တယ်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #သန်လျင် #ရေနစ်သေဆုံးမှု

Related posts

Leave a Comment

VOM News

FREE
VIEW