မတ် ၁၇ – ၂၀၂၃ SN (VOM) ကမ္ဘာ့ရွှေဈေး မြင့်တက်နေမှုကြောင့် ပြည်တွင်းရှိ ပြင်ပ ရွှေဈေးကွက်အတွင်း အခေါက်ရွှေ တကျပ်သား ကျပ် ၂၉ သိန်းအထိ စျေးမြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်အသိုင်းအဝိုင်းက သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်နေ့က အမေရိကန်နိုင်ငံရဲ့ ဘဏ်ကြီးတခုဖြစ်တဲ့ Silicon Valley Bank ပြိုလဲခဲ့ပြီး နောက်ထပ် နှစ်ရက်အကြာမှာ Signature Bank ပါ ပြိုလဲခဲ့တဲ့နောက် ကမ္ဘာ့ရွှေဈေးတွေ မြင့်တက်နေခြင်းဖြစ်ကာ နောက်ဆက်တွဲအဖြစ် ပြည်တွင်း ရွှေဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်နေခြင်းဖြစ်တယ်လို့ သိရပါတယ်။ မတ်လ ၁၀ ရက်က တအောင်စ ၁၈၂၈ ဒေါ်လာသာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ မတ် ၁၇ ရက်အရောက်မှာတော့ တအောင်စ ၁၉၂၇ ဒေါ်လာအထိ မြင့်တက်နေတာ ဖြစ်ပါတယ်။ ပြည်တွင်းရွှေစျေးမှာတော့…
Read MoreMonth: March 2023
ဒေါ်လာ ၉၈၅ သန်းတန်ဖိုးရှိ ခရုဇ်ဒုံးကျည် ၂၂၀ သြစတြေးလျကို အမေရိကန်ရောင်းမယ်
ဝါရှင်တန်၊ မတ်-၁၇-၂၀၂၃ မျိုးဆင်(VOM) အမေရိကန်အစိုးရဟာ သြစတြေးလျနဲ့ ဒေါ်လာ ၉၈၅ သန်းတန်ဖိုးရှိသဘောတူညီချက်နဲ့အတူ ခရုဇ်ဒုံးကျည် ၂၂၀ ကို သြစတြေးလျကို ရောင်းချဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီးဌာနက မတ် ၁၆ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အမေရိကန်ကွန်ဂရက်က အတည်ပြုဖို့လိုအပ်နေသေးတဲ့ အဲဒီရောင်းချမှုမှာ တွမ်မဟော့ခ်ဒုံးကျည်တွေအပြင် နည်းပညာဆိုင်ရာ ပံ့ပိုးမှုများလည်းပါ၀င်ပြီး ဒုံးကျည်တွေဟာ အရေးပါတဲ့ စွမ်းဆောင်ရည်တွေ ပေးစွမ်းနိုင်မယ်လို့ သြစတြေးလျကာကွယ်ရေး၀န်ကြီး ရစ်ချက်မာလက်စ်ကပြောပါတယ်။ အဲဒီဒုံးကျည်တွေကို အော့ကပ်စ်ကာကွယ်ရေးသဘောတူညီချက်အောက်ကနေ သြစတြေးလျက ၀ယ်ယူမယ့် ဗာဂျီးနီးယားအတန်းအစား ရေငုပ်သင်္ဘောတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ်။ ဒီသင်္ဘောတွေမရောက်ရှိမီမှာတော့ သြစတြေးလျရဲ့ ဟော့ဘတ်အတန်းအစား ဖျက်သင်္ဘောတွေမှာ ကနဦးတပ်ဆင်ဖြန့်ကြက်သွားမယ်လို့ သြစတြေးလျအခြေစိုက် အေဘီစီသတင်းဌာနက ဖော်ပြထားပါတယ်။ အခုလိုရောင်းချမှုဟာ အမေရိကန်နဲ့ အခြားသောမဟာမိတ်တပ်တွေရဲ့ရေတပ်တွေ အပြန်အလှန်အကျိုးရှိမယ့် စစ်ဆင်ရေးတွေမှာ အထောက်အကူဖြစ်စေမယ့်အပြင် သြစတြေးလျစစ်တပ်ရဲ့ စွမ်းဆောင်ရည်ကိုမြှင့်တင်နိုင်မှာဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။ Ref: BBC Photo:US Navy #voiceofmyanmar…
Read Moreမြစ်ငယ်မြို့နယ် ဓားပြတိုက်မှုဖြစ်စဥ်က ပါဝင်ကျူးလွန်သူ(၃)ဦးကို ဖမ်းမိထား
မတ် ၊ ၁၇ ၊ ၂၀၂၃ SP + VOM မန္တလေးတိုင်း ၊ အမရပူရမြို့နယ်၊မြစ်ငယ်မြို့၊ဆောက်တောဝအုပ်စု၊ဆောက်တောဝမြောက်ရွာမှာနေတဲ့ လူနေအိမ် တလုံးမှာ မတ် ၁၂ ရက် ၊ နေ့လယ်ပိုင်းက ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းမျိုးစုံ သိန်း ၇၀၀ နီးပါး ပါသွားတဲ့ ဖြစ်စဥ်က ပြစ်မှုကျူးလွန်သူတချို့ကို ပြီးခဲ့တဲ့ရက်ပိုင်းက သက်သေခံ ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိတယ်လို့ ဆောက်တောဝကျေးရွာနေ ရဲနဲ့နီးစပ်သူတွေဆီက သိရပါတယ်။ “ဖမ်းမိတာဟုတ်ပါတယ် မတ်လ ၁၄ရက်နေ့ကပါ၊ ကျူးလွန်သူအချို့ ကျန်သေးလို့ ဆက်လက်ဆောင်ရွက်နေပါတယ်၊ ဓားပြတိုက်ခံရတဲ့အိမ်ရဲ့ တောင်ဘက်နားက အမျိုးသမီးနဲ့ အမျိုးသား (၅)ဦးခန့်က ကျူးလွန်ခဲ့တာ အဲ့ဒီအထဲက အမျိုးသမီးအပါအဝင် (၃)ဦး ဖမ်းမိထားတာပါ”လို့ ရဲနဲ့နီးစပ်သူတဦးကပြောပါတယ်။ အသက် ၇၀အရွယ် အိမ်ရှင် ဒေါ်လှကြည် တဦးတည်း နေအိမ်မှာရှိနေချိန် ဓားပြ ၄ ယောက်က အိမ်ထဲဝင်လာပြီး…
Read Moreနှမ်းစျေးကွက်မှာ နှမ်းနက်(စမုံ) နဲ့ နှမ်းဖြူ ဝယ်လိုအားများပြီး စျေးကောင်းရနေ
မတ် ၁၇ -၂၀၂၃ GG (VOM) ပြည်တွင်း ၊ပြည်ပ နှမ်းစျေးကွက်မှာ ဝယ်လိုအားများနေတာကြောင့် နှမ်းနက် (စမုံ)နဲ့ နှမ်းဖြူ အမျိုးအစားက စျေးကောင်းရနေတယ်လို့ နှမ်းကုန်သည်တွေဆီက သိရပါတယ်။ လက်ရှိမှာ နှမ်းဖြူအသစ်က ၄၅ ပိဿာကို ၃၂၀၀၀၀ စျေးရှိနေပြီး နှမ်းနက်(စမုံ)က ၂၉၀၀၀၀ ကျပ်စျေးတန်းရှိနေတာဖြစ်တယ်လို့ သိရပါတယ်။ နယ်မြေမအေးချမ်းတဲ့ စစ်ကိုင်းတိုင်းထဲက ဒေသတွေမှာ နှမ်းစိုက်ပျိုးမှုမလုပ်နိုင်တာကြောင့် အခုနှစ် နှမ်းအထွက်နူန်းလျော့ကျခဲ့လို့ ဝယ်လိုအား များပြီး ပစ္စည်းကရှားကာ စျေးနူန်းမြင့်လာတာဖြစ်တယ်လို့ကုန်သည်တွေက ပြောပါတယ်။ ” အက်ဆစ်အောင်တဲ့နှမ်းက စျေးကောင်းရတယ်၊မိုးလွတ်တဲ့နှမ်းပေါ့။ကယားဘက်ဆို မိုးနည်းတော့ အဲ့ဒီဘက်ကနှမ်းတွေလည်း ကောင်းတယ်။ အခုနှစ် နှမ်းက စိုက်ပျိုးမှုလျော့တော့ အထွက်နူန်းလည်းလျော့တယ်၊ဝယ်တဲ့သူကလည်း အက်ဆစ်အောင်တဲ့နှမ်းကို ပိုလိုချင်တယ်၊ပစ္စည်းကလည်းရှားတယ်။တရုတ်က နှမ်းနက်ရော တခြားနှမ်းရောအကုန်ဝယ်ပါတယ်၊နှမ်းအနက်ကိုတော့ ပိုလိုချင်တယ်။ ” လို့ အောင်လံကုန်စည်ဒိုင် ဥက္ကဋ္ဌ ဦးအောင်မိုးကပြောပါတယ်။ နှမ်းကို ပြည်ပတင်ပို့မှုအနေနဲ့ နယ်စပ်ကတဆင့်…
Read Moreတရုတ်နဲ့ပေါင်းလုပ်မယ့် လေအားလျှပ်စစ်စီမံကိန်း ရခိုင်လူထုအတွက် အမှန်တကယ်အကျိုးရှိနိုင်သလား
မတ် ၁၇- ၂၀၂၃ SW(VOM) ရခိုင်ပြည်နယ်အတွင်း တရုတ်နဲ့ မြန်မာနိုင်ငံတို့ကြား နှစ်နိုင်ငံပူးပေါင်းပြီး လေအားလျှပ်စစ်စီမံကိန်းတခု အကောင်အထည်ဖော်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၃ မတ်လ ပထမပတ်ကနေ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လုပ်ငန်းမှာပါဝင်မယ့် မြန်မာပြည်တွင်း ကုမ္ပဏီ၊ ဟောင်ကောင်ကုမ္ပဏီနဲ့ တရုတ်ကုမ္ပဏီတို့ကြား လေအားလျှပ်စစ်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး သဘောတူညီမှုစာချွန်လွှာလက်မှတ်ရေးထိုးလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီ လေအားလျှပ်စစ်စီမံကိန်းဟာ ပြည်သူကို မဏ္ဍိုင်ပြုမှုအားနည်းတဲ့ အခြေအနေမှာ စီမံကိန်းအောင်မြင်နိုင်ခြေမရှိကြောင်းနဲ့ တကယ်လို့ အောင်မြင်မယ်ဆိုရင်လည်း ရခိုင်ပြည်သူတွေအတွက် အကျိုးကျေးဇူးရှိမှာမဟုတ်လို့ ထင်မြင်မိကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ အမ်းမြို့နယ်က ကိုမျိုးလွင်က ပြောပါတယ်။ “ရခိုင်မှာက သဘာဝအရင်းအမြစ်ကို မှီခိုပြီးတော့ လျှပ်စစ်နဲ့ပတ်သက်ပြီး တည်ဆောက်ခဲ့ကြတာပေါ့။ သဘာဝအရင်းအမြစ်ကိုသုံးပြီး ဒေသခံတွေအတွက် အောင်မြင်တယ်လို့ ပြလောက်တဲ့ အထောက်အထားမရှိခဲ့ဘူး။ လက်ရှိလုပ်နေတဲ့ လုပ်ငန်းကလည်း တရုတ်ကုမ္ပဏီတွေက လုပ်မယ်လို့ ကြေညာထားတော့ အရင်က တရုတ်ကုမ္ပဏီတွေလုပ်ခဲ့တဲ့ စီမံကိန်းတွေကိုကြည့်မယ်ဆိုရင် ရခိုင်ဒေသခံတွေအကျိုးအမြတ် ပြောပလောက်အောင်မရှိခဲ့ဘူး။…
Read Moreငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီမှာ ရေဘေးကြောင့် လူ ၁၄ ဦးထက်မနည်းသေဆုံး၊ အများအပြားပျောက်ဆုံးနေ
အန်ကာရာ၊ မတ်-၁၆-၂၀၂၃ မျိုးဆက်(VOM) လွန်ခဲ့တဲ့လက ငလျင်ဒဏ်ခံခဲ့ရတဲ့ တူရကီနိုင်ငံအရှေ့တောင်ပိုင်းရှိ မြို့နှစ်မြို့မှာ ရေကြီးရေလျှံမှုတွေကြောင့် လူ ၁၄ ဦးသေဆုံးပြီးအများအပြားပျောက်ဆုံးနေကြောင်း တာ၀န်ရှိသူတွေက မတ် ၁၅ ရက်မှာ ပြောပါတယ်။ သေဆုံးသူနဲ့ ပျောက်ဆုံးသူတွေထဲမှာ ငလျင်လှုပ်ခတ်ပြီးကတည်းက ကုန်သေတ္တာအိမ်တွေထဲမှာ နေထိုင်နေကြရတဲ့ ငလျင်ဘေးကနေ လွတ်မြောက်လာသူတွေလည်း ပါ၀င်ကြောင်းသိရပါတယ်။ ဆန်လူဖာမြို့ လမ်းတွေမှာ ရေကြီးရေလျှံမှုများကြောင့် ကားတွေမျောပါတိမ်းမှောက်ပြီး လူ ၁၂ ဦးသေဆုံးသွားပါတယ်။ အာဒီယာမန်းမြို့မှာတော့ ကုန်သေတ္တာအိမ်ထဲတွင်နေထိုင်ကြတဲ့ မိသားစုနှစ်စုထဲက နှစ်ဦးသေဆုံးသွားပါတယ်။ ရေကြီးရေလျှံမှုကြောင့် မော်တော်ယာဉ်တွေထဲမှာလူများစွာပိတ်မိနေပြီး သူတို့ကိုကူညီဖို့ကြိုးစားသူအချို့ ရေစီးနဲ့မျောပါသွားခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လက်ရှိမှာ ပျောက်ဆုံးနေသူအချို့ကို ရှာဖွေကယ်ဆယ်ရေးတွေလုပ်ဆောင်နေပါတယ်။ လူပေါင်း ၄၈၀၀၀ ကျော်သေဆုံးခဲ့ပြီး သန်းနဲ့ချီအိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတဲ့ ဖေဖော်ဝါရီ ၆ ရက် ငလျင်ပြီးနောက် ငါးပတ်အကြာမှာ ရေကြီးရေလျှံမှုကြောင့် လူသေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM #အန်ကာရာ
Read Moreမလေးရှားကိုသွားမယ့် မြန်မာလုပ်သား(၂၇)ဦး ထိုင်းမှာ ဖမ်းဆီးခံရ
မတ်၊ ၁၆-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံ ပရကျွပ်မြို့နယ်မှာ ထိုင်း-မြန်မာ စင်ခွန် -မောတောင် နယ်စပ်ဂိတ်မှာ မလေးရှားနိုင်ငံကို သွားမယ့် မြန်မာလုပ်သား ၂၇ ယောက်ကို ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ ”မြန်မာ အလုပ်သမား ၂၇ ယောက်ကို မနေ့က ဖမ်းမိတာ၊ ထိုင်းနိုင်ငံကနေ တဆင့် မလေးရှားနိုင်ငံကိုသွားဖို့လာတာပါ၊ တရားမဝင်လမ်းကြောင်းကနေလာတာ၊ ထိုင်းဖက်ခြမ်း ပရကျွပ်မြို့နယ်ထဲက ရွာတစ်ရွာက အုန်းတောခြံ တခုထဲကို ရောက်တဲ့အချိန် သူတို့ကို လာခေါ်မယ့် ပွဲစားကို စောင့်ဆိုင်းနေရင်း ထိုင်းနိုင်ငံသား ၂ ယောက်က ထိုင်းအာဏာပိုင်တွေကို အကြောင်းကြားလိုက်လို့ ဖမ်းဆီးခံရတာ၊ ခိုးလမ်းကနေ ဝင်ရောက်လာတာ။”လို့ရွှေ့ပြောင်းအလုပ်သမားတွေကိုကူညီပေးနေသူတဦးကပြောပါတယ်။ အဲ့ဒီ မြန်မာလုပ်သား ၂၇ယောက်ဟာ ပွဲစားခ ထိုင်းဘက်ငွေ တယောက် ၄၅၀၀၀ ကနေ ၅၀၀၀၀ အထိပေးပြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ရှိ မောတောင် နယ်စပ်ဂိတ်ကနေ ထိုင်းဖက်ကို…
Read Moreအတ္တရံတံတားပေါ် ၃တန်အထက် ယာဥ်တွေ ဖြတ်သန်းခွင့်ပိတ်လိုက်လို့ သွားလာရေး ခက်ခဲနေ
မတ် ၁၆-၂၀၂၃ GG (VOM) မော်လမြိုင်မြို့ရှိ အတ္တရံတံတားကို ပြုပြင်မှုလုပ်နေတာကြောင့် ဒီနေ့ မတ်လ ၁၆ ရက်နေ့ကစပြီး တံတားပေါ် ကို ၃ တန်အထက်ယာဥ်တွေ ဖြတ်သန်းသွားလာခွင့် ပိတ်လိုက်တယ်လို့ သိရပါတယ်။ ဒါကြောင့် ကုန်ကားတွေ၊ ခရီးသည်တင်Express ကားတွေ အပါအဝင် စတဲ့၃တန်အထက်ကားတွေဟာ ကျိုက်မရော စံပယ်ဂူတံတားဘက်နဲ့ သထုံဘက်လမ်းကနေ ပတ်ပြီးသွားနေရတာကြောင့် ကားသမားတွေလည်း အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။ နောက်ပြီး အတ္တရံတံတားမှာလည်း ၃ တန်အောက်ကားနဲ့ဆိုင်ကယ်တွေကို ဖြတ်သန်းခွင့်ပေးနေပေမယ့် တံတားတဖက်စီကို အလှည့်ကျဖြတ်သန်းခွင့်ပေးတာဖြစ်လို့ ကားပိတ်ဆို့မှုတွေလည်းရှိနေတယ်လို့သိရပါတယ်။ “အတ္တရံတံတား ဒီမနက်အခြေအနေ (၃)တန်အထက်ကားကြီးပေးမဖြတ်တော့ပါ။ ဒီတော့ ၃တန်အထက်တွေက အရင်က တံတားထိပ်ကနေ ဇာသပြင် ကို ၁၅မိနစ်သာ မောင်းရမယ့်ခရီးက အခု ကျိုက်မရော စံပါယ်ငူတံတားဘက်ကနေ တစ်နာရီနီးပါးလောက် ပတ်မောင်းနေရတယ်”လို့ မော်လမြိုင် ဒေသခံတဦးက ပြောပါတယ်။ အတ္ထရံတံတားရဲ့ပင်မအောင်ခုံနေရာဟာ အက်ကွဲမှုဖြစ်နေတာကို…
Read Moreလစ်ဗျားမှာ ယူရေနီယံနှစ်တန်ခွဲ ထူးဆန်းစွာ ပျောက်ဆုံးနေ
ဗီယင်နာ၊ မတ်-၁၆-၂၀၂၃ မျိုးဆက်(VOM) လစ်ဗျားနိုင်ငံမှာ ထူးဆန်းပျောက်ဆုံးသွားတဲ့ ယူရေနီယံနှစ်တန်ခွဲကို ရှာဖွေဖို့ ကြိုးပမ်းနေကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) က မတ် ၁၅ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အိုင်အေအီးအေ စစ်ဆေးရေးမှူးတွေဟာ လစ်ဗျားရှိနေရာတခုကို ယခုသီတင်းပတ်အစောပိုင်းက သွားရောက်စစ်ဆေးရာမှာ ယူရေနီယံနှစ်တန်ခွဲထည့်သွင်းထားတဲ့ ပစ္စည်းများပျောက်ဆုံးနေတာကို သိရှိခဲ့ရတာဖြစ်ပါတယ်။ အဲဒီယူရေနီယံတွေဟာ ဘယ်အချိန်ကပျောက်ဆုံးခဲ့တယ်ဆိုတာကို ရှင်းလင်းစွာမသိရသေးပါဘူး။ စစ်ဆေးရေးမှူးတွေဟာ အဲဒီနေရာကို ယမန်နှစ်ကတည်းက သွားရောက်ဖို့စီစဉ်ထားပေမယ့် လစ်ဗျားမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရပါတယ်။ ယူရေနီယံသိုလှောင်ထားသည့်နေရာဟာ လစ်ဗျားအစိုးရထိန်းချုပ်မှုအောက်မှာမရှိကြောင၈်း အိုင်အေအီးအေက ထုတ်ပြန်ထားပြီး ဘယ်လိုပျောက်ဆုံးသွားတယ်ဆိုတာကို စုံစမ်းစစ်ဆေးသွားမယ်လို့ ပြောပါတယ်။ လစ်ဗျားအာဏာရှင် ကဒါဖီ ၂၀၁၁ ခုနှစ်မှာ ရာထူးကနေ ဖြုတ်ချခံရပြီးနောက် နိုင်ငံရေးနဲ့ စစ်ရေးသဘောကွဲလွဲမှုတွေကြောင့် နှစ်ဘက်အုပ်စုတွေအကြား တိုက်ပွဲတွေ ဖြစ်ပွားလျှက်ရှိပါတယ်။ Ref: BBC Photo: Reuters #voiceofmyanmar #VOM #ဗီယင်နာ
Read Moreဂျပန်-တောင်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲမစမီ နာရီပိုင်းအလိုမှာ တိုက်ချင်းပစ်ဒုံးကျည်ပစ်ခတ်ပြီး မြောက်ကိုရီးယားသတိပေး
ဆိုးလ်၊ မတ်-၁၆-၂၀၂၃ မျိုးဆက်(VOM) တောင်ကိုရီးယားသမ္မတနဲ့ ဂျပန်၀န်ကြီးချုပ်တို့ ထိပ်သီးဆွေးနွေးပွဲမစတင်မီနာရီပိုင်းအလိုမှယ မြောက်ကိုရီးယားက တိုက်ချင်းပစ်ဒုံးကျည်တစင်းကို ပစ်ခတ်ခဲ့ပြီး သတိပေးလိုက်ပါတယ်။ တိုက်ချင်းပစ်ဒုံးကျည်ကို မတ် ၁၆ ရက်နံနက်ပိုင်းမြှ မြောက်ကိုရီးယားကပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဂျပန်နိုင်ငံအနောက်ပိုင်း ပင်လယ်ပြင်သို့ မိုင် ၂၆၀ ထိပျံသန်းခဲ့ကြောင်း တောင်ကိုရီးယားနဲ့ ဂျပန်တာ၀န်ရှိသူတွေက ပြောပါတယ်။ အခုလိုပစ်ခတ်မှုဟာ တပတ်အတွင်း မြောက်ကိုရီးယား၏ စတုတ္ထအကြိမ်မြောက် ဒုံးကျည်ပစ်လွှတ်မှုလည်းဖြစ်ပြီး အမေရိကန်နဲ့ တောင်ကိုရီးယားတို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုပြုလုပ်နေချိန်နဲ့ တိုက်ဆိုင်နေပါတယ်။ ယခုပစ်ခတ်လိုက်တဲ့ ဒုံးကျည်ဟာ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း ဂျပန်စစ်တပ်က အတည်ပြုထားပြီး ဒုံးကျည်ဟာ ဂျပန်အထူးစီးပွားရေးဇုန်ပြင်ပသို့ ကျရောက်ခဲ့ကြောင်း ပြောပါတယ်။ လွန်ခဲ့တဲ့ မတ် ၉ ရက်၊ ၁၁ ရက်နဲ့ ၁၃ ရက်တွေမှာလည်း မြောက်ကိုရီးယားဟာ တာတိုပစ်ပဲ့ထိန်းဒုံးကျည်တွေကို ပစ်ခတ်စမ်းသပ်မှုပြုလုပ်ခဲ့ပြီး တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးလ်ဟာ မတ် ၁၇ ရက်နေ့လယ်ပိုင်းမှာ ဂျပန်၀န်ကြီးချုပ်နဲ့ တွေ့ဆုံဆွေးနွေချိန်မှာ မြောက်ကိုရီးယားအရေး…
Read More